စာချုပ်သက်တမ်းကုန်မယ့် နွေရာသီမှာ မန်ယူက ထွက်ခွာဖို့ရှိတဲ့ မာတစ်

photo-gettyimages

photo-gettyimages

မန်ယူကွင်းလယ်လူမာတစ်ဟာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အဲဒီဆားဘီးယားကွင်းလယ်လူဟာ မန်ယူရဲ့ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၃ ပွဲစလုံးမှာ ပါဝင်ခဲ့ပေမယ့် ဆိုးလ်ရှားလက်ထက် သူ့အတွက် ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး တစ်ရာသီလုံးမှာ အခုချိန်ထိ ၂၂ ပွဲသာ ပါဝင်ကစားခွင့်ရထားတာပါ။

photo-reuters

ဒါပေမဲ့ အီတလီသတင်းတစ်ရပ်ကတော့ မာတစ်ဟာ စာချုပ်သက်တမ်းကုန်မယ့် ရာသီကုန်မှာ ထွက်ခွာနိုင်ဖို့ မျှော်လင့်နေသေးတယ်လို့ ဖော်ပြခဲ့ပါတယ်။ မန်ယူကနေ သူ့ရဲ့ထွက်ခွာနိုင်ခြေကြောင့် သူ့အေးဂျင့်တွေဟာ ကစားသမားကို ကလပ်အသင်းတွေထံ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီးသားတောင် ရှိနေပါပြီ။ ၃၁ နှစ်အရွယ် မာတစ်အတွက် သူတို့ဟာ အီတလီက အသင်း ၃ သင်းထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြတာပါ။

photo-gettyimages

ဒီထဲမှာ အေစီမီလန်ဟာ သူ့ရဲ့တစ်နှစ်လစာ ပေါင် ၁၀ သန်းကြောင့် ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ကတော့ လာမယ့်နွေရာသီအတွက် သူတို့ရဲ့အစီအစဉ်တွေကို ပြင်ဆင်ရခြင်းမရှိသေးတာကြောင့် မာတစ်ကိုခေါ်ယူရေးမှာ မတင်မကျဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အဲရစ်ဆင်ကိုခေါ်ယူထားပေမယ့် အင်တာမီလန်ကတော့ မာတစ်ကို ထပ်ခေါ်ဖို့ စိတ်ဝင်နေတယ်လို့ ထင်ရပါတယ်။

[Zawgyi]

စာခ်ဳပ္သက္တမ္းကုန္မယ့္ ေႏြရာသီမွာ မန္ယူက ထြက္ခြာဖို႔ရွိတဲ့ မာတစ္

မန္ယူကြင္းလယ္လူမာတစ္ဟာ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာလိမ့္မယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အဲဒီဆားဘီးယားကြင္းလယ္လူဟာ မန္ယူရဲ႕ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၃ ပြဲစလုံးမွာ ပါ၀င္ခဲ့ေပမယ့္ ဆိုးလ္ရွားလက္ထက္ သူ႔အတြက္ ခက္ခဲတဲ့ရာသီတစ္ခုကို ျဖတ္သန္းေနရၿပီး တစ္ရာသီလုံးမွာ အခုခ်ိန္ထိ ၂၂ ပြဲသာ ပါ၀င္ကစားခြင့္ရထားတာပါ။

ဒါေပမဲ့ အီတလီသတင္းတစ္ရပ္ကေတာ့ မာတစ္ဟာ စာခ်ဳပ္သက္တမ္းကုန္မယ့္ ရာသီကုန္မွာ ထြက္ခြာႏိုင္ဖို႔ ေမွ်ာ္လင့္ေနေသးတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ မန္ယူကေန သူ႔ရဲ႕ထြက္ခြာႏုိင္ေျခေၾကာင့္ သူ႔ေအးဂ်င့္ေတြဟာ ကစားသမားကို ကလပ္အသင္းေတြထံ ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားၿပီးသားေတာင္ ရွိေနပါၿပီ။ ၃၁ ႏွစ္အရြယ္ မာတစ္အတြက္ သူတို႔ဟာ အီတလီက အသင္း ၃ သင္းထံ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၾကတာပါ။

ဒီထဲမွာ ေအစီမီလန္ဟာ သူ႔ရဲ႕တစ္ႏွစ္လစာ ေပါင္ ၁၀ သန္းေၾကာင့္ ေခၚယူႏိုင္မယ့္အခြင့္အေရးကို ပယ္ခ်ထားတယ္လုိ႔ သိရပါတယ္။ ဂ်ဴဗင္တပ္ကေတာ့ လာမယ့္ေႏြရာသီအတြက္ သူတုိ႔ရဲ႕အစီအစဥ္ေတြကို ျပင္ဆင္ရျခင္းမရွိေသးတာေၾကာင့္ မာတစ္ကိုေခၚယူေရးမွာ မတင္မက်ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ အဲရစ္ဆင္ကိုေခၚယူထားေပမယ့္ အင္တာမီလန္ကေတာ့ မာတစ္ကို ထပ္ေခၚဖုိ႔ စိတ္၀င္ေနတယ္လုိ႔ ထင္ရပါတယ္။