
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းရဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သဘောတူညီခဲ့ပြီး
၂၀၂၃ ခုနှစ်ထိ အသင်းမှာ ဆက်ရှိသွားမယ်လို႕ Marca သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။
မက်ဆီရဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂ ရက်အလိုမှာ အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိဖလားပြိုင်ပွဲကို ဝင်ရောက်ကစားနေတာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းပြောင်းဖို့အတွက် ဘာစီလိုနာအသင်းထံ တရားဝင်တောင်းဆိုခဲ့ပြီး မန်စီးတီးအသင်းထံ ရောက်ဖို့ နီးစပ်ခဲ့ပေမယ့်
အလွတ်ပြောင်းရွှေ့ကြေးကိစ္စ ဘာစီလိုနာအသင်းနဲ့ ရှေ့နေရှေ့ရပ် ရင်ဆိုင်ရမလိုဖြစ်ခဲ့တာတွေကြောင့် ဘာစီလိုနာ အသင်းနဲ့ပဲ ပြီးခဲ့တဲ့နှစ်က ဆက်ရှိနေခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မက်ဆီအနေနဲ့ ဒီစာချုပ်ကြောင့် အသင်းမှာ နောက်ထပ် ၂ နှစ် ဆက် ရှိနေမှာဖြစ်သလို
ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘ၀ ကုန်ဆုံးဖို့လည်း နီးစပ်သွားခဲ့ပြီလို့ဆိုရမှာပါပဲ။
မက်ဆီ ရဲ့စာချုပ် သက်တမ်းတိုးနိုင်ခဲ့မှုဟာ ဘာစီလိုနာအသင်းမှာ လာပေါ်တေး ဥက္ကဋ္ဌအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ခြင်းရဲ့ နောက်ဆက်တွဲတွေပါပဲ။
လာပေါ်တေး တစ်ကြော့ပြန်ဥက္ကဌတာဝန်ကိုရယူနိုင်ခဲ့တာဟာ အသင်းအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
လာပေါ်တေးဟာ သူ့လက်ထက်မှာ ဘာစီလိုနာအသင်း အောင်မြင်မှုများစွာ ရရှိခဲ့သလို နာမည်ကျော်ကစားသမားတွေကိုလည်း ခေါ်ယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
အခုတစ်ကြိမ်မှာလည်း မန်စီးတီးတိုက်စစ်မှူး အဂူရို၊ လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်း နဲ့ မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာတို့ကို အလွတ်ကြေးနဲ့ ခေါ်ယူနိုင်ခဲ့သလို
ဘက်တစ်က အီမာဆန်ရွိုင်ရယ် တို့ကိုခေါ်ယူထားပြီး အသင်းကိုပြန်လည် တည်ဆောက်နေပါတယ်။
ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် လစာမြင့်မားတဲ့ မက်ဆီတို့လို ကစားသမားတွေ အပေါ် အသင်းဘုတ်အဖွဲ့က စိတ်ပျက်နေ ခဲ့သလို
ကစားသမားကိုယ်တိုင်ကလည်း နေမာ၊ဆွာရက်ဇ်တို့ရဲ့ အပြောင်းအရွှေ့မှာ စိမံခန့်ခွဲမှု အလွဲတွေဖြစ်ခဲ့တဲ့ အသင်းမှာ ဆက်နေလိုတဲ့ ဆန္ဒမရှိတော့ဘူးလို့ သတင်းတွေထွက်ခဲ့ပေမယ့်
အခုလိုသဘောတူညီချက်ရခဲ့တာအတွက် မက်ဆီ ကိုအသင်းမှာ ဆက်မြင်ချင်ကြတဲ့ ဘာစီလိုနာပရိသတ်တွေကတော့ ဝမ်းသာကြမှာပါ။
ဒါပေမယ့် လီဗာပူးလ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ မျက်စိကျနေတဲ့ ကော်တင်ဟို တို့လို နောက်ထပ်လစာမြင့်မားတဲ့ သူတွေကတော့ ဘာစီလိုနာကနေ ထွက်ရဖို့များနေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စာခ်ဳပ္သက္တမ္းကုန္ဖို႔ ၂ ရက္အလိုမွာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ ျပန္လည္ခ်ဳပ္ဆိုဖို႕ သေဘာတူညီခဲ့တဲ့ မက္ဆီ
ဘာစီလိုနာအသင္းရဲ႕ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းမႈကို အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီက သေဘာတူညီခဲ့ၿပီး ၂၀၂၃ ခုႏွစ္ထိ အသင္းမွာ ဆက္ရွိသြားမယ္လို႔ Marca သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။
မက္ဆီရဲ႕စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၂ ရက္အလိုမွာ အခုလို သေဘာတူညီမႈ ရယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ မက္ဆီဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိဖလားၿပိဳင္ပြဲကို ဝင္ေရာက္ကစားေနတာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းေျပာင္းဖို႔အတြက္ ဘာစီလိုနာအသင္းထံ တရားဝင္ေတာင္းဆိုခဲ့ၿပီး မန္စီးတီးအသင္းထံ ေရာက္ဖို႔ နီးစပ္ခဲ့ေပမယ့္ အလြတ္ေျပာင္းေရႊ႕ေၾကးကိစၥ ဘာစီလိုနာအသင္းနဲ႕ ေရွ႕ေနေရွ႕ရပ္ ရင္ဆိုင္ရမလိုျဖစ္ခဲ့တာေတြေၾကာင့္ ဘာစီလိုနာ အသင္းနဲ႕ပဲ ၿပီးခဲ့တဲ့ႏွစ္က ဆက္ရွိေနခဲ့ပါတယ္။
အသက္ ၃၄ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ မက္ဆီအေနနဲ႔ ဒီစာခ်ဳပ္ေၾကာင့္ အသင္းမွာ ေနာက္ထပ္ ၂ ႏွစ္ ဆက္ ရွိေနမွာျဖစ္သလို ဘာစီလိုနာအသင္းမွာပဲ ကစားသမားဘ၀ ကုန္ဆုံးဖို႔လည္း နီးစပ္သြားခဲ့ၿပီလို႕ဆိုရမွာပါပဲ။
မက္ဆီ ရဲ႕စာခ်ဳပ္ သက္တမ္းတိုးႏိုင္ခဲ့မႈဟာ ဘာစီလိုနာအသင္းမွာ လာေပၚေတး ဥကၠ႒အျဖစ္ ျပန္လည္ေရာက္ရွိလာခဲ့ျခင္းရဲ႕ ေနာက္ဆက္တြဲေတြပါပဲ။ လာေပၚေတး တစ္ေၾကာ့ျပန္ဥကၠဌတာဝန္ကိုရယူႏိုင္ခဲ့တာဟာ အသင္းအတြက္ ေကာင္းမြန္တဲ့ အေျပာင္းအလဲျဖစ္ခဲ့ပါတယ္။
လာေပၚေတးဟာ သူ႔လက္ထက္မွာ ဘာစီလိုနာအသင္း ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့သလို နာမည္ေက်ာ္ကစားသမားေတြကိုလည္း ေခၚယူေပးႏိုင္ခဲ့သူျဖစ္ပါတယ္။
အခုတစ္ၾကိမ္မွာလည္း မန္စီးတီးတိုက္စစ္မႉး အဂူ႐ို၊ လိုင္ယြန္တိုက္စစ္မႉး ဒီပိုင္း နဲ႔ မန္စီးတီးေနာက္ခံလူ အဲရစ္ဂါစီယာတို႔ကို အလြတ္ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ သလို ဘက္တစ္က အီမာဆန္႐ြိဳင္ရယ္ တို႔ကိုေခၚယူထားၿပီး အသင္းကိုျပန္လည္ တည္ေဆာက္ေနပါတယ္။
ဘာစီလိုနာရဲ႕ ဘ႑ာေရးျပႆနာေတြေၾကာင့္ လစာျမင့္မားတဲ့ မက္ဆီတို႕လို ကစားသမားေတြ အေပၚ အသင္းဘုတ္အဖြဲ႕က စိတ္ပ်က္ေန ခဲ့သလို ကစားသမားကိုယ္တိုင္ကလည္း ေနမာ၊ဆြာရက္ဇ္တို႕ရဲ႕ အေျပာင္းအေရႊ႕မွာ စိမံခန္႕ခြဲမႈ အလြဲေတြျဖစ္ခဲ့တဲ့ အသင္းမွာ ဆက္ေနလိုတဲ့ ဆႏၵမရွိေတာ့ဘူးလို႔ သတင္းေတြထြက္ခဲ့ေပမယ့္ အခုလိုသေဘာတူညီခ်က္ရခဲ့တာအတြက္ မက္ဆီ ကိုအသင္းမွာ ဆက္ျမင္ခ်င္ၾကတဲ့ ဘာစီလိုနာပရိသတ္ေတြကေတာ့ ဝမ္းသာၾကမွာပါ။
ဒါေပမယ့္ လီဗာပူးလ္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ မ်က္စိက်ေနတဲ့ ေကာ္တင္ဟို တို႔လို ေနာက္ထပ္လစာျမင့္မားတဲ့ သူေတြကေတာ့ ဘာစီလိုနာကေန ထြက္ရဖို႔မ်ားေနပါၿပီ။