စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်ပဲလိုတော့တဲ့ အူဘာမီယန်းကို ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီပြင်ဆင်

Photo Credit

Photo Credit

ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီအတွင်း အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပြီး ဂါဘွန်လက်ရွေးစင် အူဘာမီယန်းဟာ ၂၀၁၈ က ဒေါ့မွန်ကနေ ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေကာ အသင်းအတွက် ၉၇ပွဲမှာ ၆၁ ဂိုးအထိသွင်းယူထားပါတယ်။

Photo Credit

ဒါပေမဲ့ အူဘာမီယန်းဟာ အခုချိန်အထိ စာချုပ်သစ်မချုပ်ဆိုရသေးရာ အာဆင်နယ်အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်ပဲလိုတော့တဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရစေရေးအတွက် နွေရာသီမှာ လျှော့ဈေးနဲ့ ထုတ်ရောင်းဖွယ်ရှိနေပါတယ်။ le10sport သတင်းဌာနရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီအတွင်း အသက် ၃၀ အရွယ်ရှိ အူဘာမီယန်းကို ပေါင် ၃၆သန်းကနေ ပေါင် ၄၅သန်းကြား ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

Photo Credit

ပီအက်စ်ဂျီဟာ အသင်းနဲ့လမ်းခွဲတော့မယ့် အီကာဒီရဲ့နေရာမှာ အစားထိုးနိုင်ဖို့ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖွယ်ရှိနေပါတယ်။ အာဂျင်တီးနားနိုင်ငံသား အီကာဒီဟာ အင်တာမီလန်ကနေ တစ်ရာသီအငှားနဲ့ ရောက်လာပြီးချိန်ကတည်းက ၃၁ပွဲမှာ ဂိုး ၂၀အထိသွင်းယူကာ ခြေစွမ်းပြနေပေမယ့် ပီအက်စ်ဂျီက မေလ ၃၁ ရက်နေ့မှာ အငှားသက်တမ်းကုန်ဆုံးမယ့် အီကာဒီကို အပြီးသတ်ခေါ်ယူခွင့် မရယူသေးပါဘူး။

Photo Credit

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့ပေမယ့် အသင်းရဲ့အနေအထားအပေါ် စိတ်ပျက်နေပြီး အာဆင်နယ်က ချန်ပီယံလိဂ်နဲ့ဝေးကွာနေတာ ၃နှစ်ရှိနေပြီဖြစ်သလို ဒီရာသီမှာလည်း အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။

Photo Credit

ဒါပေမဲ့ အူဘာမီယန်းကို ခေါ်ယူလိုသူတွေက အများအပြားရှိနေပြီး ဘာစီလိုနာကလည်း သူ့ရဲ့အနေအထားကို စောင့်ကြည့်နေသလို အင်တာမီလန်ကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် မြင့်မားတဲ့ အူဘာမီယန်းရဲ့လစာကို ပေးချေနိုင်ဖို့တော့ အခက်တွေ့နိုင်ပါတယ်။

Photo Credit

Zawgyi

စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ တစ္ႏွစ္ပဲလိုေတာ့တဲ့ အူဘာမီယန္းကို ေပါင္ ၄၅သန္းနဲ႔ ေခၚယူဖို႔ ပီအက္စ္ဂ်ီျပင္ဆင္

ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္ေႏြရာသီအတြင္း အာဆင္နယ္အသင္းတုိက္စစ္မွဴး အူဘာမီယန္းကို ေခၚယူဖို႔ ႀကိဳးစားဖြယ္ရွိေနၿပီး ဂါဘြန္လက္ေရြးစင္ အူဘာမီယန္းဟာ ၂၀၁၈ က ေဒါ့မြန္ကေန ေရာက္လာၿပီးခ်ိန္ကတည္းက အထူးေျခစြမ္းျပေနကာ အသင္းအတြက္ ၉၇ပြဲမွာ ၆၁ ဂိုးအထိသြင္းယူထားပါတယ္။
ဒါေပမဲ့ အူဘာမီယန္းဟာ အခုခ်ိန္အထိ စာခ်ဳပ္သစ္မခ်ဳပ္ဆိုရေသးရာ အာဆင္နယ္အေနနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ တစ္ႏွစ္ပဲလုိေတာ့တဲ့ သူတုိ႔ရဲ႕အသင္းေခါင္းေဆာင္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မဆုံး႐ံႈးရေစေရးအတြက္ ေႏြရာသီမွာ ေလွ်ာ့ေစ်းနဲ႔ ထုတ္ေရာင္းဖြယ္ရိွေနပါတယ္။ le10sport သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ လာမယ့္ေႏြရာသီအတြင္း အသက္ ၃၀ အရြယ္ရွိ အူဘာမီယန္းကို ေပါင္ ၃၆သန္းကေန ေပါင္ ၄၅သန္းၾကား ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။
ပီအက္စ္ဂ်ီဟာ အသင္းနဲ႔လမ္းခြဲေတာ့မယ့္ အီကာဒီရဲ႕ေနရာမွာ အစားထိုးႏိုင္ဖို႔ တုိက္စစ္မွဴးတစ္ဦးေခၚယူဖြယ္ရွိေနပါတယ္။ အာဂ်င္တီးနားႏုိင္ငံသား အီကာဒီဟာ အင္တာမီလန္ကေန တစ္ရာသီအငွားနဲ႔ ေရာက္လာၿပီးခ်ိန္ကတည္းက ၃၁ပြဲမွာ ဂိုး ၂၀အထိသြင္းယူကာ ေျခစြမ္းျပေနေပမယ့္ ပီအက္စ္ဂ်ီက ေမလ ၃၁ ရက္ေန႔မွာ အငွားသက္တမ္းကုန္ဆုံးမယ့္ အီကာဒီကို အၿပီးသတ္ေခၚယူခြင့္ မရယူေသးပါဘူး။
အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ပူးတြဲဂိုးသြင္းဘုရင္ျဖစ္ခဲ့ေပမယ့္ အသင္းရဲ႕အေနအထားအေပၚ စိတ္ပ်က္ေနၿပီး အာဆင္နယ္က ခ်န္ပီယံလိဂ္န႔ဲေ၀းကြာေနတာ ၃ႏွစ္ရွိေနၿပီျဖစ္သလုိ ဒီရာသီမွာလည္း အမွတ္ေပးဇယားရဲ႕အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၈ မွတ္အထိ ကြာဟေနပါတယ္။
ဒါေပမဲ့ အူဘာမီယန္းကို ေခၚယူလုိသူေတြက အမ်ားအျပားရွိေနၿပီး ဘာစီလုိနာကလည္း သူ႕ရဲ႕အေနအထားကို ေစာင့္ၾကည့္ေနသလုိ အင္တာမီလန္ကပါ သူ႕ကို ေခၚယူဖုိ႔ စိတ္၀င္စားေနေပမယ့္ ျမင့္မားတဲ့ အူဘာမီယန္းရဲ႕လစာကို ေပးေခ်ႏိုင္ဖို႔ေတာ့ အခက္ေတြ႕ႏိုင္ပါတယ္။