စာချုပ်ပါ အချက်တစ်ခုအရ ဇွန်လမှာ မန်ယူကထွက်ရင် ပေါင်၂သန်း ထပ်ရဖို့ ရှိနေတဲ့ ကာဗာနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနဲ့ပွဲမှာ ခြေစွမ်းပြကစားသွားပြီး အရေးပါတဲ့ အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့တဲ့ ကာဗာနီဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်အရ လာမယ့် နွေရာသီဈေးကွက်မှာ အသင်းကထွက်ခွာခဲ့ရင်တောင် ပေါင် ၂သန်း ပေးချေပေးရဖို့ရှိနေပါတယ်။ အသက် ၃၄နှစ်အရွယ်ရှိ ကာဗာနီဟာ ဒီရာသီအစမှာ မန်ယူကို ၁နှစ်စာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ဆိုပေမယ့် လစာက မြင့်မားပြီး တစ်ရာသီစာအတွက် ပေါင် ၁၀သန်း ဝန်းကျင် ပေးချေရတာပါ။

Mirror ရဲ့ဖော်ပြချက်အရ မန်ယူအသင်းနဲ့ ကာဗာနီတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ နှစ်ဦးသဘောတူ စာချုပ်သက်တမ်း ၁နှစ်တိုးလို့ ရသလို ၁ရာသီတည်းနဲ့ ထွက်ခွာခဲ့မယ်ဆိုရင်လည်း နှုတ်ဆက်ကြေးအဖြစ် ပေါင် ၂သန်းပေးချေဖို့ သဘောတူထားတာပါ။ ကာဗာနီကို ခေါ်ယူဖို့ အသင်းအချို့က စိတ်ဝင်စားနေကြသလို အာဂျင်တီးနားကလပ်အသင်းဖြစ်တဲ့ ဘိုကာဂျူနီယာက ခေါ်ယူဖို့ ရှိနေတယ်လို့လည်း မန်ယူကစားသမားဟောင်း ရိုဂျီုက ပြောကြားထားပါတယ်။

စပါးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကာဗာနီကို နည်းပြ ဆိုးလ်ရှားက ” ကျောနံပါတ် ၉ တိုက်စစ်မှုးစစ်စစ် တစ်ယောက်အနေနဲ့ ဂိုးသွင်းဖို့ ဘယ်လို လှုပ်ရှားနေရာယူရတယ်ဆိုတာကို ကာဗာနီက ပြသနိုင်ခဲ့ပါတယ်။


အင်္ဂလိပ်စကား သေချာမပြောတတ်သလို မန်ချက်စတာမှာ မိသားစုလည်းမရှိတဲ့ လူတစ်ယောက်အနေနဲ့ မွေးရပ်မြေနဲ့နီးတဲ့ နေရာကို ပြောင်းချင်တာမျိုး ဖြစ်မိမှာပါ။ လာမယ့်ရာသီမှာ သူဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်။ သူဘယ်လို ဆုံးဖြတ်မလဲဆိုတာ မသိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကာဗာနီဟာ မန်ယူအသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၈ပွဲ ပါဝင်ကစားပေးထားပြီး ၈ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကာဗာနီအနေနဲ့ မန်ယူအသင်းမှာ ပွဲကစားခွင့် အရေအတွက်အပေါ် စောင့်ကြည့်ပြီးမှ စာချုပ်သက်တမ်းတိုး မတိုးကို ဆုံးဖြတ်သွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စာခ်ဳပ္ပါ အခ်က္တစ္ခုအရ ဇြန္လမွာ မန္ယူကထြက္ရင္ ေပါင္၂သန္း ထပ္ရဖို႔ ရွိေနတဲ့ ကာဗာနီ

စပါးနဲ႔ပြဲမွာ ေျခစြမ္းျပကစားသြားၿပီး အေရးပါတဲ့ အႏိုင္ဂိုးကို သြင္းေပးႏိုင္ခဲ့တဲ့ ကာဗာနီဟာ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါအခ်က္အလက္အရ လာမယ့္ ေႏြရာသီေဈးကြက္မွာ အသင္းကထြက္ခြာခဲ့ရင္ေတာင္ ေပါင္ ၂သန္း ေပးေခ်ေပးရဖို႔ရွိေနပါတယ္။ အသက္ ၃၄ႏွစ္အ႐ြယ္ရွိ ကာဗာနီဟာ ဒီရာသီအစမွာ မန္ယူကို ၁ႏွစ္စာခ်ဳပ္နဲ႔ လာေရာက္ကစားေနတာျဖစ္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ဆိုေပမယ့္ လစာက ျမင့္မားၿပီး တစ္ရာသီစာအတြက္ ေပါင္ ၁၀သန္း ဝန္းက်င္ ေပးေခ်ရတာပါ။

Mirror ရဲ႕ေဖာ္ျပခ်က္အရ မန္ယူအသင္းနဲ႔ ကာဗာနီတို႔အၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္သက္တမ္း ၁ႏွစ္တိုးလို႔ ရသလို ၁ရာသီတည္းနဲ႔ ထြက္ခြာခဲ့မယ္ဆိုရင္လည္း ႏႈတ္ဆက္ေၾကးအျဖစ္ ေပါင္ ၂သန္းေပးေခ်ဖို႔ သေဘာတူထားတာပါ။ ကာဗာနီကို ေခၚယူဖို႔ အသင္းအခ်ိဳ႕က စိတ္ဝင္စားေနၾကသလို အာဂ်င္တီးနားကလပ္အသင္းျဖစ္တဲ့ ဘိုကာဂ်ဴနီယာက ေခၚယူဖို႔ ရွိေနတယ္လို႔လည္း မန္ယူကစားသမားေဟာင္း ႐ိုဂ်ီဳက ေျပာၾကားထားပါတယ္။

စပါးနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ကာဗာနီကို နည္းျပ ဆိုးလ္ရွားက ” ေက်ာနံပါတ္ ၉ တိုက္စစ္မႈးစစ္စစ္ တစ္ေယာက္အေနနဲ႔ ဂိုးသြင္းဖို႔ ဘယ္လို လႈပ္ရွားေနရာယူရတယ္ဆိုတာကို ကာဗာနီက ျပသႏိုင္ခဲ့ပါတယ္။

အဂၤလိပ္စကား ေသခ်ာမေျပာတတ္သလို မန္ခ်က္စတာမွာ မိသားစုလည္းမရွိတဲ့ လူတစ္ေယာက္အေနနဲ႔ ေမြးရပ္ေျမနဲ႔နီးတဲ့ ေနရာကို ေျပာင္းခ်င္တာမ်ိဳး ျဖစ္မိမွာပါ။ လာမယ့္ရာသီမွာ သူဆက္ရွိေနဖို႔ ေမွ်ာ္လင့္ထားပါတယ္။ သူဘယ္လို ဆုံးျဖတ္မလဲဆိုတာ မသိေသးပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

ကာဗာနီဟာ မန္ယူအသင္းအတြက္ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၂၈ပြဲ ပါဝင္ကစားေပးထားၿပီး ၈ဂိုး သြင္းယူေပးထားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ကာဗာနီအေနနဲ႔ မန္ယူအသင္းမွာ ပြဲကစားခြင့္ အေရအတြက္အေပၚ ေစာင့္ၾကည့္ၿပီးမွ စာခ်ဳပ္သက္တမ္းတိုး မတိုးကို ဆုံးျဖတ္သြားႏိုင္တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။