စာချုပ်တန်ကြေးထက်မန်ယူက ၃ ဆပိုပေးခဲ့ပေမယ့် ဒေါ့မန်ကိုသာရွေးချယ်ခဲ့တဲ့ ဟာလန်း

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ တိုက်စစ်မှူး ဟာလန်းကိုဆဲလ်ဘတ်မှာရှိနေတုန်းက သူ့ရဲ့စာချုပ်တန်ကြေးထက် ၃ ဆပိုပေးပြီးကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ဒေါ့မန်ကိုသာရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူဟာပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဟာလန်းကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

မန်ယူနည်းပြဆိုးလ်ရှားဟာ မိုလ်ဒီကိုကိုင်တွယ်နေတုန်း ကဟာလန်းနဲ့လက်တွဲခဲ့ဘူးသူဖြစ်ပြီး ဇန်နဝါရီဈေးကွက်တုန်းက သူကိုယ်တိုင်နော်ဝေအထိသွားကာ ဟာလန်းကိုစည်းရုံးခဲ့လို့ မန်ယူကိုရောက်ဖို့နီးစပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ မန်ယူကလည်း ဟာလန်းကိုသူ့စာချုပ်တန်ကြေးရဲ့ ၃ ဆဖြစ်တဲ့ပေါင်သန်း ၅၀ အထိပေးပြီးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Photo- Internet

အစောပိုင်းမှာမန်ယူဟာ ဟာလန်းရဲ့အေးဂျင့်လည်းဖြစ် ဖခင်လည်းဖြစ်တဲ့ အန်ဂီဟာလန်းနဲ့တွေ့ဆုံပြီးသဘောတူညီချက်ရရှိခဲ့သေးပေမယ့် ရွိုင်အိုလာကကြားဝင်လာပြီးနောက် သူတို့နှစ်ယောက်က အနာဂတ်ရောင်းချမှုမှာ သူတို့အတွက်ရာခိုင်နှုန်းအများကြီးပေးဖို့ တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြီး ဒေါ့မန်ကိုပေါင် ၁၇ သန်းထဲနဲ့ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဆဲလ်ဘတ်အားကစားဒါရိုက်တာ ခရစ္စတော့ဖ်ဖရန်းကလည်း မန်ယူဟာ ဟာလန်းကိုအရမ်းစိတ်ဝင်စားခဲ့ပြီး ဈေးကွက်တန်ကြေးထက်ပိုပေးခဲ့တာလို့ ပြောခဲ့ပါသေးတယ်။ ရွိုင်အိုလာဟာ ပေါ့ဂ်ဘာရဲ့အေးဂျင့်လည်းဖြစ်ပြီး မန်ယူနဲ့ဆက်ဆံရေးဆိုးရွားနေသူဖြစ်ကာသူတို့ကြောင့်ဆိုတာကိုငြင်းပယ်ခဲ့ပြီး ကစားသမားကိုယ်တိုင်က ဒေါ့မန်ကိုရွေးခဲ့တာလို့ ဆိုခဲ့ပါတယ်။

Photo- Internet

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဟာလန်းဟာကမ္ဘာ့အတောက်ပဆုံးလူငယ်တိုက်စစ်မှူး အဖြစ်သတ်မှတ်ခံထားရပြီး ရာသီထမပိုင်းမှာဆဲလ်ဘတ်အတွက်ပြိုင်ပွဲအရပ်ရပ် ၂၈ ဂိုးသွင်းခဲ့တဲ့အပြင် ဒေါ့မန်အတွက်လည်း ၈ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။

Photo- Internet

Zawgyi

စာခ်ဳပ္တန္ေၾကးထက္မန္ယူက ၃ ဆပိုေပးခဲ့ေပမယ္႔ ေဒါ့မန္ကိုသာေရြးခ်ယ္ခဲ့တဲ႔ ဟာလန္း

မန္ယူအသင္းဟာ တိုက္စစ္မွဴး ဟာလန္းကိုဆဲလ္ဘတ္မွာရွိေနတုန္းက သူ႔ရဲ႕စာခ်ဳပ္တန္ေၾကးထက္ ၃ ဆပိုေပးၿပီးကမ္းလွမ္းခဲ့ေပမယ္႔ ကစားသမားက ေဒါ့မန္ကိုသာေရြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။ မန္ယူဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီတုန္းက ဟာလန္းကိုေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ္႔လည္း ေအာင္ျမင္ျခင္းမရွိခဲ့ပါဘူး။

မန္ယူနည္းျပဆိုးလ္ရွားဟာ မိုလ္ဒီကိုကိုင္တြယ္ေနတုန္း ကဟာလန္းနဲ႔လက္တြဲခဲ့ဘူးသူျဖစ္ၿပီး ဇန္န၀ါရီေစ်းကြက္တုန္းက သူကိုယ္တိုင္ေနာ္ေ၀အထိသြားကာ ဟာလန္းကိုစည္းရုံးခဲ့လို႔ မန္ယူကိုေရာက္ဖို႔နီးစပ္ခဲ့တယ္လို႔ သတင္းထြက္ခဲ့တာပါ။ မန္ယူကလည္း ဟာလန္းကိုသူ႔စာခ်ဳပ္တန္ေၾကးရဲ႕ ၃ ဆျဖစ္တဲ႔ေပါင္သန္း ၅၀ အထိေပးၿပီးကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းမွာမန္ယူဟာ ဟာလန္းရဲ႕ေအးဂ်င့္လည္းျဖစ္ ဖခင္လည္းျဖစ္တဲ႔ အန္ဂီဟာလန္းနဲ႔ေတြ႔ဆုံၿပီးသေဘာတူညီခ်က္ရရွိခဲ့ေသးေပမယ္႔ ရြိဳင္အိုလာကၾကား၀င္လာၿပီးေနာက္ သူတို႔ႏွစ္ေယာက္က အနာဂတ္ေရာင္းခ်မႈမွာ သူတို႔အတြက္ရာခိုင္ႏႈန္းအမ်ားႀကီးေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ပ်က္ၿပီး ေဒါ့မန္ကိုေပါင္ ၁၇ သန္းထဲနဲ႔ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

ဆဲလ္ဘတ္အားကစားဒါရိုက္တာ ခရစၥေတာ႔ဖ္ဖရန္းကလည္း မန္ယူဟာ ဟာလန္းကိုအရမ္းစိတ္၀င္စားခဲ့ၿပီး ေစ်းကြက္တန္ေၾကးထက္ပိုေပးခဲ့တာလို႔ ေျပာခဲ့ပါေသးတယ္။ ရြိဳင္အိုလာဟာ ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္လည္းျဖစ္ၿပီး မန္ယူနဲ႔ဆက္ဆံေရးဆိုးရြားေနသူျဖစ္ကာသူတို႔ေၾကာင့္ဆိုတာကိုျငင္းပယ္ခဲ့ၿပီး ကစားသမားကိုယ္တိုင္က ေဒါ့မန္ကိုေရြးခဲ့တာလို႔ ဆိုခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဟာလန္းဟာကမၻာ႔အေတာက္ပဆုံးလူငယ္တိုက္စစ္မွဴး အျဖစ္သတ္မွတ္ခံထားရၿပီး ရာသီထမပိုင္းမွာဆဲလ္ဘတ္အတြက္ၿပိဳင္ပြဲအရပ္ရပ္ ၂၈ ဂိုးသြင္းခဲ့တဲ႔အျပင္ ေဒါ့မန္အတြက္လည္း ၈ ပြဲကစားၿပီး ၁၂ ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။