စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၇၁၅ သန္းထည့္သြင္းကာ ဂရစ္ဇ္မန္းကို ဘာစီလုိနာအသင္း ၅ႏွစ္စာခ်ဳပ္ဆို

Photo Credit

Photo Credit

ဘာစီလုိနာအသင္းဟာ ေနာက္ဆုံးမွာေတာ့ အက္သလက္တီကိုအသင္းတုိက္စစ္မွဴး ဂရစ္ဇ္မန္းကို ေပါင္ ၁၀၈သန္းနဲ႔ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လာလီဂါခ်န္ပီယံဘာစီလုိနာအသင္းဟာ ဂရစ္ဇ္မန္းကို ေနာက္ဆုံး ၂ႏွစ္ဆက္ လုိက္ေနခဲ့တာျဖစ္ၿပီး ယခုအခါ ဂရစ္ဇ္မန္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကးေပးကာ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

ယခုေႏြရာသီအေစာပိုင္းကတည္းက အက္သလက္တီကိုကေန ထြက္ခြာလုိတယ္လုိ႔ ဖြင့္ဟထားတဲ့ ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ဘာစီလုိနာကို ေရာက္ရွိဖို႔ အလြန္နီးစပ္ခဲ့ၿပီး ေနာက္ဆုံးအခ်ိန္ေရာက္မွ ျပင္သစ္လက္ေရြးစင္ ဂရစ္ဇ္မန္းက ဆုံးျဖတ္ခ်က္ျပန္လည္ျပင္ဆင္ကာ မက္ဒရစ္အေျခစိုက္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ပါ ခ်ဳပ္ဆုိခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ အခုေတာ့ ဆုိစီဒက္တုိက္စစ္မွဴးေဟာင္း ဂရစ္ဇ္မန္းဟာ အက္သလက္တီကိုအသင္းနဲ႔ ၅ႏွစ္ၾကာလက္တြဲလာမႈကို အဆုံးသတ္လုိက္ၿပီး ဘာစီလုိနာနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ကာ ဘာစီလုိနာအသင္းက စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၇၁၅သန္းအထိ ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။ ယခုေတာ့ ဘာစီလုိနာအသင္းဟာ မက္ဆီ၊ ဆြာရက္ဇ္၊ ဂရစ္ဇ္မန္းတုိက္စစ္တြဲလုံးနဲ႔ ဥေရာပကို ျပန္လည္လႊမ္းမုိးႏိုင္ဖို႔ ႀကိဳးစားေနပါၿပီ။

Photo Credit

Unicode

စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇၁၅ သန်းထည့်သွင်းကာ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်း ၅နှစ်စာချုပ်ဆို

ဘာစီလိုနာအသင်းဟာ နောက်ဆုံးမှာတော့ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ပေါင် ၁၀၈သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို နောက်ဆုံး ၂နှစ်ဆက် လိုက်နေခဲ့တာဖြစ်ပြီး ယခုအခါ ဂရစ်ဇ်မန်းကို စာချုပ်ဖျက်သိမ်းကြေးပေးကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီအစောပိုင်းကတည်းက အက်သလက်တီကိုကနေ ထွက်ခွာလိုတယ်လို့ ဖွင့်ဟထားတဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဘာစီလိုနာကို ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ပြီး နောက်ဆုံးအချိန်ရောက်မှ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းက ဆုံးဖြတ်ချက်ပြန်လည်ပြင်ဆင်ကာ မက်ဒရစ်အခြေစိုက်အသင်းနဲ့ စာချုပ်သစ်ချုပ်ပါ ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ဆိုစီဒက်တိုက်စစ်မှူးဟောင်း ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ ၅နှစ်ကြာလက်တွဲလာမှုကို အဆုံးသတ်လိုက်ပြီး ဘာစီလိုနာနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇၁၅သန်းအထိ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ယခုတော့ ဘာစီလိုနာအသင်းဟာ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတိုက်စစ်တွဲလုံးနဲ့ ဥရောပကို ပြန်လည်လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါပြီ။