စမောလင်းကို လှပစွာကျော်ဖြတ်ပြီး အရှက်ခွဲလိုက်တဲ့ စီရော်နယ်ဒို

Photo-Internet

ဂျူ ဗင်တပ်က ရိုးမားကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူ း စီရော်နယ်ဒိုဟာ ရိုးမားနောက်ခံလူစမောလင်းကို လှပစွာကျော်ဖြတ်ပြခဲ့တာကို ပရိသတ်တွေကအရူးအမူးဖြစ်ခဲ့ကြပြီး အွန်လိုင်းပေါ်မှာချီးကျူ းဂုဏ်ပြုနေကြတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဂျူ ဗင်တပ်ဟာ ဒီမီရယ်၊ စီရော်နယ်ဒိုတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဂျူ ဗင်တပ်ဟာပွဲချိန် ၁၀ မိနစ်ကတည်းက ၂ ဂိုးအသာနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အင်တာကို ၂ မှတ်အသာရကာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးကနေ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ စီရော်နယ်ဒိုက စမောလင်းကို ကျော်ဖြတ်သွားခဲ့မှုဟာ ပရိသတ်တွေကြားထဲမှာ ပိုပြီးပြောစရာဖြစ်ခဲ့တာပါ။

https://twitter.com/Tonotabreed/status/1216621551472254977

မန်ယူကနေအငှားလာရောက် ကစားနေတဲ့စမောလင်းဟာ ခြေစွမ်းပြနေမှုကြောင့် ဒီပွဲမှာအသင်းခေါင်းဆောင်အဖြစ်တောင် တာဝန်ယူခဲ့ရတာပါ။ ဒါပေမယ့်သူဟာ သူ့ကိုအရှက်ခွဲဖို့ ကြိုးစားခဲ့တဲ့ စီရော်နယ်ဒိုရဲ့ကြိုးပမ်းချက်ကို တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။

Photo-Internet

အသက် ၃၄ နှစ်ရှိတဲ့ စီရော်နယ်ဒိုဟာ ဘောလုံးထိချက် ၂ ခုတည်းနဲ့ စမောလင်းကိုကျော်ဖြတ်သွားတာဖြစ်ပါတယ်။ သူဟာဘောလုံးကို ညာခြေနဲ့နောက်ကိုအသာဆွဲယူပြီး ဘယ်ခြေနဲ့ပြန်လှည့်ထွက်ကာ စမောလင်းကိုဖြတ်ကျော်လိုက်တာဖြစ်ပါတယ်။ ဒီအကွက်ကို တွစ်တာမှာပရိတ်သတ်တွေကပြန်တင်ပြီး ချီးကျူ းမှုအမျိုးမျိုးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo-Internet

ချီးကျူ းမှုတွေထဲမှာ စီရော်နယ်ဒိုဟာ စမောလင်းကို အိုးလ်ထရက်ဖို့ဒ်ဆီပြန်ပို့၊ စမောလင်းရဲ့ကစားသမားဘဝကို စီရော်နယ်ဒိုအဆုံးသတ်ပေးလိုက်ပြီ၊ စမောလင်းကို ဆိုးလ်ရှားကအငှားချတာ မှတ်တဲ့အကြောင်း သက်သေပြလိုက်တဲ့ စီရော်နယ်ဒို၊ စမောလင်းကိုအရှက်ခွဲလိုက်တဲ့ စီရော်နယ်ဒို အစရှိသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

Photo-Internet

Zawgyi

စေမာလင္းကို လွပစြာေက်ာ္ျဖတ္ၿပီး အရွက္ခြဲလိုက္တဲ႔ စီေရာ္နယ္ဒို

ဂ်ဴ ဗင္တပ္က ရိုးမားကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ တိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ ရိုးမားေနာက္ခံလူစေမာလင္းကို လွပစြာေက်ာ္ျဖတ္ျပခဲ့တာကို ပရိသတ္ေတြကအရူးအမူးျဖစ္ခဲ့ၾကၿပီး အြန္လိုင္းေပၚမွာခ်ီးက်ဴ းဂုဏ္ျပဳေနၾကတယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ဂ်ဴ ဗင္တပ္ဟာ ဒီမီရယ္၊ စီေရာ္နယ္ဒိုတို႔ရဲ႕ဂိုးေတြနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဂ်ဴ ဗင္တပ္ဟာပြဲခ်ိန္ ၁၀ မိနစ္ကတည္းက ၂ ဂိုးအသာနဲ႔ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အင္တာကို ၂ မွတ္အသာရကာ စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးကေန ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ္႔ ဒီပြဲမွာ စီေရာ္နယ္ဒိုက စေမာလင္းကို ေက်ာ္ျဖတ္သြားခဲ့မႈဟာ ပရိသတ္ေတြၾကားထဲမွာ ပိုၿပီးေျပာစရာျဖစ္ခဲ့တာပါ။

မန္ယူကေနအငွားလာေရာက္ ကစားေနတဲ႔စေမာလင္းဟာ ေျခစြမ္းျပေနမႈေၾကာင့္ ဒီပြဲမွာအသင္းေခါင္းေဆာင္အျဖစ္ေတာင္ တာ၀န္ယူခဲ့ရတာပါ။ ဒါေပမယ္႔သူဟာ သူ႔ကိုအရွက္ခြဲဖို႔ ႀကိဳးစားခဲ့တဲ႔ စီေရာ္နယ္ဒိုရဲ႕ႀကိဳးပမ္းခ်က္ကို တားဆီးႏိုင္စြမ္းမရွိခဲ့ပါဘူး။

အသက္ ၃၄ ႏွစ္ရွိတဲ႔ စီေရာ္နယ္ဒိုဟာ ေဘာလုံးထိခ်က္ ၂ ခုတည္းနဲ႔ စေမာလင္းကိုေက်ာ္ျဖတ္သြားတာျဖစ္ပါတယ္။ သူဟာေဘာလုံးကို ညာေျခနဲ႔ေနာက္ကိုအသာဆြဲယူၿပီး ဘယ္ေျခနဲ႔ျပန္လွည့္ထြက္ကာ စေမာလင္းကိုျဖတ္ေက်ာ္လိုက္တာျဖစ္ပါတယ္။ ဒီအကြက္ကို တြစ္တာမွာပရိတ္သတ္ေတြကျပန္တင္ၿပီး ခ်ီးက်ဴ းမႈအမ်ဳိးမ်ဳိးျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ခ်ီးက်ဴ းမႈေတြထဲမွာ စီေရာ္နယ္ဒိုဟာ စေမာလင္းကို အိုးလ္ထရက္ဖို႔ဒ္ဆီျပန္ပို႔၊ စေမာလင္းရဲ႕ကစားသမားဘ၀ကို စီေရာ္နယ္ဒိုအဆုံးသတ္ေပးလိုက္ၿပီ၊ စေမာလင္းကို ဆိုးလ္ရွားကအငွားခ်တာ မွတ္တဲ႔အေၾကာင္း သက္ေသျပလိုက္တဲ႔ စီေရာ္နယ္ဒို၊ စေမာလင္းကိုအရွက္ခြဲလိုက္တဲ႔ စီေရာ္နယ္ဒို အစရွိသျဖင့္ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။