စမစ်ရိုဝီ အတွက် ဖာဒီနန်ရဲ့ ချီးမွမ်းခန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီယိုဖာဒီနန်က အာဆင်နယ်အသင်း ရှုံးပွဲမရှိ ကစားနိုင်နေတဲ့ နောက်ကွယ်မှာ စမစ်ရိုဝီရဲ့ စွမ်းဆောင်မှုက အဓိကကျတယ်လို့ ထုတ်ဖော်ချီးမွမ်းလိုက်ပြီး

အဲဒီကွင်းလယ်လူကို ကစားသမားဟောင်းတွေဖြစ်တဲ့ ရောဘတ်ပီရက်စ်၊ အလက်ဇန်းဒါးလှဘ်တို့နဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ရာသီအစ ၃ ပွဲလောက်မှာ ရလဒ်ဆိုးတွေကြုံခဲ့ရပေမဲ့ နောက်ပိုင်း ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဲဒီရလဒ်ကြောင့် အမှတ်ပေးဇယားအထက်ကို ပြန်တက်လှမ်းလာနိုင်ခဲ့သလို ကားလင်းဖလား ကွာတားဖိုင်နယ်အဆင့်ကိုလည်း တက်ရောက်ထားနိုင်ပါတယ်။

ရီယိုဖာဒီနန်က ” အာဆင်နယ် အသင်းက စည်းလုံး ညီညွှတ်တဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ။

အာဆင်နယ် အသင်းမှာ ကာလရှည်ကြာ မမြင်တွေ့ ခဲ့ရတဲ့ စုစည်း ညီညွှတ်မှုကို မြင်တွေ့ နေရပါတယ် ။ ”

” အာဆင်နယ်မှာစမစ်ရိုဝီထက် ပိုကောင်းအောင် ကစားထားနိုင်တဲ့သူ မရှိသေးပါဘူး။

သူ့ရဲ့ အဆုံးသတ် စွမ်းရည် ကစားပုံကအလက်ဇန်းဒါးလှဘ် နဲ့ အနည်းငယ် ဆင်တူ နေပါတယ်။ ”

” သူ့ရဲ့ ရွေ့လျားပုံ ၊ ဘောလုံး သယ်ယူပုံ ၊ ပွဲကစားချိန် အတွင်း ဟန်ချက်ညီညီ ဖြစ်အောင် ထိန်းကျောင်းနိုင်မှု တွေက အလက်ဇန်းဒါးလှဘ် နဲ့ ရောဘတ်ပီရက်စ် တို့ နှစ်ဦး ပေါင်းစပ် ထားသလိုပါပဲ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

စမစ်ရိုဝီကို အက်စ်တွန်ဗီလာအသင်း ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမဲ့ အာဆင်နယ်အသင်းက ပယ်ချခဲ့ပြီး နောက်ပိုင်းမှာ စာချုပ်သက်တမ်း ၅ နှစ် တိုးမြှင့်နိုင်ခဲ့ပါတယ်။

ရိုဝီဟာ လက်ရှိမှာ လိဂ်သွင်းဂိုး ၄ ဂိုး ရယူထားနိုင်ပြီး နောက်ဆုံး ၃ ပွဲမှာ ပွဲဆက်သွင်းယူထားတဲ့ ၃ ဂိုးလည်း အပါအဝင်ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စမစ္႐ိုဝီ အတြက္ ဖာဒီနန္ရဲ႕ ခ်ီးမြမ္းခန္း

ရီယိုဖာဒီနန္က အာဆင္နယ္အသင္း ရႈံးပြဲမရွိ ကစားႏိုင္ေနတဲ့ ေနာက္ကြယ္မွာ စမစ္႐ိုဝီရဲ႕ စြမ္းေဆာင္မႈက အဓိကက်တယ္လို႔ ထုတ္ေဖာ္ခ်ီးမြမ္းလိုက္ၿပီး အဲဒီကြင္းလယ္လူကို ကစားသမားေဟာင္းေတြျဖစ္တဲ့ ေရာဘတ္ပီရက္စ္၊ အလက္ဇန္းဒါးလွဘ္တို႔နဲ႔ ခိုင္းႏႈိင္းသြားခဲ့ပါတယ္။ အာဆင္နယ္ဟာ ရာသီအစ ၃ ပြဲေလာက္မွာ ရလဒ္ဆိုးေတြႀကဳံခဲ့ရေပမဲ့ ေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၁၀ ပြဲဆက္ ရႈံးပြဲမရွိ ကစားထားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အဲဒီရလဒ္ေၾကာင့္ အမွတ္ေပးဇယားအထက္ကို ျပန္တက္လွမ္းလာႏိုင္ခဲ့သလို ကားလင္းဖလား ကြာတားဖိုင္နယ္အဆင့္ကိုလည္း တက္ေရာက္ထားႏိုင္ပါတယ္။

ရီယိုဖာဒီနန္က ” အာဆင္နယ္ အသင္းက စည္းလုံး ညီၫႊတ္တဲ့ အသင္း တစ္သင္း ျဖစ္ေနပါၿပီ ။ အာဆင္နယ္ အသင္းမွာ ကာလရွည္ၾကာ မျမင္ေတြ႕ ခဲ့ရတဲ့ စုစည္း ညီၫႊတ္မႈကို ျမင္ေတြ႕ ေနရပါတယ္ ။ ”

” အာဆင္နယ္မွာစမစ္႐ိုဝီထက္ ပိုေကာင္းေအာင္ ကစားထားႏိုင္တဲ့သူ မရွိေသးပါဘူး ။ သူ႔ရဲ႕ အဆုံးသတ္ စြမ္းရည္ ကစားပုံကအလက္ဇန္းဒါးလွဘ္ နဲ႔ အနည္းငယ္ ဆင္တူ ေနပါတယ္ ။ ”

” သူ႔ရဲ႕ ေ႐ြ႕လ်ားပုံ ၊ ေဘာလုံး သယ္ယူပုံ ၊ ပြဲကစားခ်ိန္ အတြင္း ဟန္ခ်က္ညီညီ ျဖစ္ေအာင္ ထိန္းေက်ာင္းႏိုင္မႈ ေတြက အလက္ဇန္းဒါးလွဘ္ နဲ႔ ေရာဘတ္ပီရက္စ္ တို႔ ႏွစ္ဦး ေပါင္းစပ္ ထားသလိုပါပဲ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

စမစ္႐ိုဝီကို အက္စ္တြန္ဗီလာအသင္း ေခၚယူဖို႔ ႀကိဳးစားခဲ့ေသးေပမဲ့ အာဆင္နယ္အသင္းက ပယ္ခ်ခဲ့ၿပီး ေနာက္ပိုင္းမွာ စာခ်ဳပ္သက္တမ္း ၅ ႏွစ္ တိုးျမႇင့္ႏိုင္ခဲ့ပါတယ္။ ႐ိုဝီဟာ လက္ရွိမွာ လိဂ္သြင္းဂိုး ၄ ဂိုး ရယူထားႏိုင္ၿပီး ေနာက္ဆုံး ၃ ပြဲမွာ ပြဲဆက္သြင္းယူထားတဲ့ ၃ ဂိုးလည္း အပါအဝင္ျဖစ္ပါတယ္။