စပွန်ဆာ ပြောင်းလိုက်တဲ့ ပူလီဆစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စတီယန်ပူလီဆစ်ဟာ Nike နှင့်လမ်းခွဲပြီး Puma နှင့်လက်တွဲလိုက်မှုနဲ့အတူအမေရိကန်မှအခွင့်အရေးမရရှိတဲ့ကလေးငယ်များကိုအကူအညီပေးရန်လုပ်ဆောင်လာပါတယ်။

အသက်၂၂နှစ်ရှိချဲလ်ဆီးစတားဟာPuma နှင့်လက်တွဲလိုက်မှုနဲ့အတူ သူ့အတွက် Puma က အထူးထုတ်လုပ်ထားတဲ့ Pulisic Ultra 1.3s ဖိနပ်အား ဗီလာရီးရဲလ်နှင့်ဥရောပစူပါဖလားပွဲစဉ်တွင်ပထမဆုံးအကြိမ်အဖြစ်ဝတ်ဆင်ကစားသွားပါမယ်။

ချန်ပီယံလိဂ်ချန်ပီယံချဲလ်ဆီးအသင်းဟာဗုဒ္ဓဟူးနေ့မှာဥရောပစူပါဖလားပွဲစဉ်အဖြစ်ဗီလာရီးရဲလ်နှင့်ရင်ဆိုင်ကစားသွားရပါမယ်။

ပူဆီလစ်ဟာကိုဗစ်ကာလအတွင်းတွင်အခက်အခဲများကြုံနေရတဲ့မွေးရပ်မြေပင်ဆိုဗေးနီးယားမှ ဆေးဖက်ဆိုင်ရာဝန်ထမ်းများအတွက် အစားအသောက်များလှူဒါန်းရန်စီစဉ်နေသလို ကလေးငယ်များဘောလုံးကစားရန်အတွက်ကွင်းပြုပြင်မွမ်းမံရန်ပေါင်၃၆၀၀၀၀ကျော်လှူဒါန်းမှုလည်းပြုလုပ်ခဲ့ပါတယ်။

၂၀၁၉ခုနှစ်တွင်ဒေါ့မွန်မှချဲလ်ဆီးသို့ပေါင်၅၈သန်းဖြင့်ပြောင်းလာတဲ့ပူလီဆစ်က “အလွှာပေါင်းစုံကယောင်္ကျားလေး၊မိန်းကလေးတွေဘောလုံးကစားခွင့်ရပြီးပျော်ရွှင်စေချင်ပါတယ်။

လူတွေကိုကူညီရတာရိုးရှင်းတဲ့အလုပ်ပါ။

ဘောလုံးကိုချစ်မြတ်နိုးသူတိုင်းဘောလုံးကစားခွင့်ရစေချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ပူလီဆစ်ကိုပင်ဆိုဗေးနီးယားပြည်နယ်မှချောကလက်ထုတ်လုပ်ရာ ဟာရှီးတွင်မွေးဖွားခဲ့သူဖြစ်ပြီးချဲလ်ဆီးသို့ရောက်လာကတည်းကပရိသတ်အချစ်တော်ကစားသမားဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စပြန္ဆာ ေျပာင္းလိုက္တဲ့ ပူလီဆစ္

ခရစၥတီယန္ပူလီဆစ္ဟာ Nike ႏွင့္လမ္းခြဲၿပီး Puma ႏွင့္လက္တြဲလိုက္မႈနဲ႔အတူအေမရိကန္မွအခြင့္အေရးမရရွိတဲ့ကေလးငယ္မ်ားကိုအကူအညီေပးရန္လုပ္ေဆာင္လာပါတယ္။

အသက္၂၂ႏွစ္ရွိခ်ဲလ္ဆီးစတားဟာPuma ႏွင့္လက္တြဲလိုက္မႈနဲ႔အတူ သူ႔အတြက္ Puma က အထူးထုတ္လုပ္ထားတဲ့ Pulisic Ultra 1.3s ဖိနပ္အားဗီလာရီးရဲလ္ႏွင့္ဥေရာပစူပါဖလားပြဲစဥ္တြင္ပထမဆုံးအႀကိမ္အျဖစ္ဝတ္ဆင္ကစားသြားပါမယ္။

ခ်န္ပီယံလိဂ္ခ်န္ပီယံခ်ဲလ္ဆီးအသင္းဟာဗုဒၶဟူးေန႔မွာဥေရာပစူပါဖလားပြဲစဥ္အျဖစ္ဗီလာရီးရဲလ္ႏွင့္ရင္ဆိုင္ကစားသြားရပါမယ္။

ပူဆီလစ္ဟာကိုဗစ္ကာလအတြင္းတြင္အခက္အခဲမ်ားႀကဳံေနရတဲ့ေမြးရပ္ေျမပင္ဆိုေဗးနီးယားမွေဆးဖက္ဆိုင္ရာဝန္ထမ္းမ်ားအတြက္အစားအေသာက္မ်ားလႉဒါန္းရန္စီစဥ္ေနသလိုကေလးငယ္မ်ားေဘာလုံးကစားရန္အတြက္ကြင္းျပဳျပင္မြမ္းမံရန္ေပါင္၃၆၀၀၀၀ေက်ာ္လႉဒါန္းမႈလည္းျပဳလုပ္ခဲ့ပါတယ္။

၂၀၁၉ခုႏွစ္တြင္ေဒါ့မြန္မွခ်ဲလ္ဆီးသို႔ေပါင္၅၈သန္းျဖင့္ေျပာင္းလာတဲ့ပူလီဆစ္က “အလႊာေပါင္းစုံကေယာက်ၤားေလး၊မိန္းကေလးေတြေဘာလုံးကစားခြင့္ရၿပီးေပ်ာ္႐ႊင္ေစခ်င္ပါတယ္။လူေတြကိုကူညီရတာ႐ိုးရွင္းတဲ့အလုပ္ပါ။ေဘာလုံးကိုခ်စ္ျမတ္ႏိုးသူတိုင္းေဘာလုံးကစားခြင့္ရေစခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပူလီဆစ္ကိုပင္ဆိုေဗးနီးယားျပည္နယ္မွေခ်ာကလက္ထုတ္လုပ္ရာ ဟာရွီးတြင္ေမြးဖြားခဲ့သူျဖစ္ၿပီးခ်ဲလ္ဆီးသို႔ေရာက္လာကတည္းကပရိသတ္အခ်စ္ေတာ္ကစားသမားျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။