
Photo Credit
Photo Credit ; Getty Images / AFP
ရီးရဲလ်မက်ဒရစ်အသင်းဟာ စပို့တင်းလစ္စဘွန်း ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်နဲ့ တော့တင်ဟမ်အသင်းတို့ရဲ့ပစ်မှတ် အဆိုပါ ကွင်းလယ်လူကို လာလီဂါထိပ်သီးကလပ်က ခေါ်ယူနိုင်တော့မယ်လို့ ဒီနေ့မှာထုတ်ပြန်ကြေညာခဲ့တာပါ။
ဖာနန်ဒက်စ်က ဒီနွေရာသီမှာ တော့တင်ဟမ်အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့ပေမယ့် အပြောင်အရွှေ့မဖြစ်မြောက်ခဲ့ဘဲ ဖာနန်ဒက်စ်ရဲ့တန်ကြေးက မြင့်မားနေတာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်အသင်းတို့ကခေါ်ယူဖို့ လက်တွန့်နေခဲ့ကြတာပါ။
Photo Credit
ESPN ရဲ့ သတင်းအရ ဒီနေ့မှာ ဖာနန်ဒက်စ်ဟာ အပြောင်းအရွှေ့အတွက် လိုအပ်ချက်တွေကို အပြီးသတ်ကာ ရီးရဲလ်မက်ဒရစ်ကစားသမား ဖြစ်လာတော့မယ်လို့သိရပါတယ်။
Photo Credit
Photo Credit
နည်းပြဇီဒန်းက အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာနေဗျူးကို ဖာနန်ဒက်စ် ရောက်ရှိလာချိန် တခြားသောကစားသမားတစ်ဦးလည်း ထပ်မံရောက်ရှိလာနိုင်တယ်လို့အရိပ်အမြွက်ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
Photo Credit ; EPA
Unicode
စပို့တင်းကွင်းလယ်လူဖာနန်ဒက်စ်ကိုပေါင် ၆၄ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ ရီးရဲလ် ကြေညာ
ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိ့ုတင်းလစ္စဘွန်း ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်နဲ့ တော့တင်ဟမ်အသင်းတိ့ုရဲ့ပစ်မှတ် အဆိုပါ ကွင်းလယ်လူကို လာလီဂါထိပ်သီးကလပ်က ခေါ်ယူနိုင်တော့မယ်လို့ ဒီနေ့မှာထုတ်ပြန်ကြေညာခဲ့တာပါ။
ဖာနန်ဒက်စ်က ဒီနွေရာသီမှာ တော့တင်ဟမ်အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့ပေမယ့် အပြောင်အရွှေ့မဖြစ်မြောက်ခဲ့ဘဲ ဖာနန်ဒက်စ်ရဲ့တန်ကြေးက မြင့်မားနေတာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်အသင်းတ့ိုကခေါ်ယူဖို့ လက်တွန့်နေခဲ့ကြတာပါ။
ESPN ရဲ့ သတင်းအရ ဒီနေ့မှာ ဖာနန်ဒက်စ်ဟာ အပြောင်းအရွှေ့အတွက် လိုအပ်ချက်တွေကို အပြီးသတ်ကာ ရီးရဲလ်မက်ဒရစ်ကစားသမား ဖြစ်လာတော့မယ်လိ့ုသိရပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းက ကွင်းလယ်တိုက်စစ်နေရာအတွက် ပေါ့ဂ်ဘာ၊ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးချိန်မှာတော့ ဖာနန်ဒက်စ်ကိုသာခေါ်ယူဖို့ ရွေးချယ်ခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ဖာနန်ဒက်စ်ဟာ ယမန်နှစ်ရာသီက စပို့တင်းအသင်းအတွက် ၃၂ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ထားခဲ့ကာ မက်ဒရစ်ကွင်းလယ်မှာလည်း အကောင်းဆုံးကူညီနိုင်မယ့် ကစားသမားမျိုး ဖြစ်ပါတယ်။
လက်ရှိရာသီမှာလည်း ဖာနန်ဒက်ဟာ ၄ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၂ ဂိုးသွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။
နည်းပြဇီဒန်းက အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာနေဗျူးကို ဖာနန်ဒက်စ် ရောက်ရှိလာချိန် တခြားသောကစားသမားတစ်ဦးလည်း ထပ်မံရောက်ရှိလာနိုင်တယ်လိ့ုအရိပ်အမြွက်ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။