စပိန်လေ့ကျင့်ခန်းအစီအစဉ်မှာ ကီပါရဲ့ခြေထောက်ကြားထဲ ဘောလုံးထည့်နိုင်ခဲ့တဲ့ဒီဂီယာ

photo-gettyimages

photo-social media

စပိန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တစ်ခုမှာ မန်ယူဂိုးသမားဒီဂီယာက ချဲလ်ဆီးဂိုးသမားကီပါရဲ့ခြေထောက်ကြားထဲကနေ ဘောလုံးထည့်ပြနိုင်ခဲ့ပြီးတဲ့နောက် ပရိသတ်တွေက ဒီဂီယာဟာ ကွင်းလယ်မှာ ကစားသင့်တယ်လို့ ပြောလာကြပါတယ်။ ဒီဂီယာဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအတွက် စပိန်အသင်းကို ရောက်ရှိနေတာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ ဒီဂီယာဟာ လက်စွမ်းပိုင်းအရ အားနည်းခဲ့ပြီး နောက်ဆုံး ၉ ပွဲမှာ ပေးဂိုးမရှိပွဲ ၃ ပွဲသာ ရှိခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ ဒီဂီယာဟာ ၈ ဂိုးပေးခဲ့ရပါတယ်။

photo-social media

ထွက်ပေါ်လာတဲ့စပိန်လေ့ကျင့်ရေးအစီအစဉ်ဗီဒီယိုဖိုင်မှာတော့ ၂၈ နှစ်အရွယ် ဒီဂီယာဟာ ယုံကြည်မှုအပြည့်ရှိနေသေးပုံပါပဲ။ အဲဒီမှာ ဒီဂီယာနဲ့ သူ့ရဲ့လက်ရွေးစင်အသင်းဖော်တွေဟာ ခွေးရူးလုပ်တန်းကစားနေကြတာပါ။ စက်ဝိုင်းပုံဝန်းရံထားတဲ့ ကစားဖော်တွေကြားထဲမှာ ကစားသမားနှစ်ယောက်က ဘောလုံးလိုက်လုရတာဖြစ်ပြီး လိုက်လုသူနှစ်ယောက်ထဲမှာ ကီပါလည်း ပါဝင်ပါတယ်။ ဒီဂီယာဆီဘောလုံးအရောက် ကီပါက အနီးရောက်လာချိန်မှာ အဲဒီမန်ယူဂိုးသမားက ဘယ်ခြေနဲ့ ကီပါရဲ့ခြေထောက်ကြားထဲ ဘောလုံးထည့်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ချိန်မှာ အသင်းဖော်တွေအားလုံးက ဝိုးလု့ိအော်ပြီး ဒီဂီယာရဲ့စကေးကို အသိအမှတ်ပြုခဲ့ကြပါတယ်။

photo-gettyimages

အဲဒီဗီဒီယိုဖိုင်ကို ဒီဂီယာက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်တင်ခဲ့ပြီး “ဆောရီး ဘရို”လို့ ကီပါကို ရည်ညွန်းရေးခဲ့ပါတယ်။ ဒီဂီယာနဲ့ကီပါတို့ဟာ စပိန်လက်ရွေးစင်အသင်းမှာ ပွဲထွက်ဂိုးသမားနေရာအတွက် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ စပိန်အသင်းရဲ့မကြာသေးခင်ပွဲတွေမှာ ကီပါက ပိုပြီးပွဲထွက်ခွင့်ရခဲ့ပေမယ့် လက်ရွေးစင်နည်းပြမိုရီနိုကတော့ ဘယ်သူ့ကို ဦးစားပေးမလဲဆိုတာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။

[Zawgyi]

စပိန္ေလ့က်င့္ခန္းအစီအစဥ္မွာ ကီပါရဲ႕ေျခေထာက္ၾကားထဲ ေဘာလံုးထည့္ႏိုင္ခဲ့တဲ့ဒီဂီယာ

စပိန္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္တစ္ခုမွာ မန္ယူဂိုးသမားဒီဂီယာက ခ်ဲလ္ဆီးဂိုးသမားကီပါရဲ႕ေျခေထာက္ၾကားထဲကေန ေဘာလံုးထည့္ျပႏုိင္ခဲ့ၿပီးတဲ့ေနာက္ ပရိသတ္ေတြက ဒီဂီယာဟာ ကြင္းလယ္မွာ ကစားသင့္တယ္လုိ႔ ေျပာလာၾကပါတယ္။ ဒီဂီယာဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲေတြအတြက္ စပိန္အသင္းကို ေရာက္ရွိေနတာပါ။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ဒီဂီယာဟာ လက္စြမ္းပုိင္းအရ အားနည္းခဲ့ၿပီး ေနာက္ဆုံး ၉ ပြဲမွာ ေပးဂိုးမရွိပြဲ ၃ ပြဲသာ ရွိခဲ့ပါတယ္။ အဲဒီကာလအတြင္းမွာ ဒီဂီယာဟာ ၈ ဂိုးေပးခဲ့ရပါတယ္။

ထြက္ေပၚလာတဲ့စပိန္ေလ့က်င့္ေရးအစီအစဥ္ဗီဒီယိုဖိုင္မွာေတာ့ ၂၈ ႏွစ္အရြယ္ ဒီဂီယာဟာ ယုံၾကည္မႈအျပည့္ရွိေနေသးပုံပါပဲ။ အဲဒီမွာ ဒီဂီယာနဲ႔ သူ႔ရဲ႕လက္ေရြးစင္အသင္းေဖာ္ေတြဟာ ေခြးရူးလုုပ္တန္းကစားေနၾကတာပါ။ စက္၀ိုင္းပုံ၀န္းရံထားတဲ့ ကစားေဖာ္ေတြၾကားထဲမွာ ကစားသမားႏွစ္ေယာက္က ေဘာလုံးလုိက္လုရတာျဖစ္ၿပီး လုိက္လုသူႏွစ္ေယာက္ထဲမွာ ကီပါလည္း ပါ၀င္ပါတယ္။ ဒီဂီယာဆီေဘာလုံးအေရာက္ ကီပါက အနီးေရာက္လာခ်ိန္မွာ အဲဒီမန္ယူဂိုးသမားက ဘယ္ေျခနဲ႔ ကီပါရဲ႕ေျခေထာက္ၾကားထဲ ေဘာလုံးထည့္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီလုိလုပ္ႏိုုင္ခ်ိန္မွာ အသင္းေဖာ္ေတြအားလုံးက ၀ုိးလု႔ိေအာ္ၿပီး ဒီဂီယာရဲ႕စေကးကို အသိအမွတ္ျပဳခဲ့ၾကပါတယ္။

အဲဒီဗီီဒီိယုိဖိုင္ကို ဒီဂီယာက ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚတင္ခဲ့ၿပီး “ေဆာရီး ဘရို”လုိ႔ ကီပါကို ရည္ညြန္းေရးခဲ့ပါတယ္။ ဒီဂီယာနဲ႔ကီပါတို႔ဟာ စပိန္လက္ေရြးစင္အသင္းမွာ ပြဲထြက္ဂိုးသမားေနရာအတြက္ အၿပိဳင္အဆုိင္ျဖစ္ေနၾကပါတယ္။ စပိန္အသင္းရဲ႕မၾကာေသးခင္ပြဲေတြမွာ ကီပါက ပိုၿပီးပြဲထြက္ခြင့္ရခဲ့ေပမယ့္ လက္ေရြးစင္နည္းျပမုိရီႏိုကေတာ့ ဘယ္သူ႔ကို ဦးစားေပးမလဲဆုိတာ ဆုံးျဖတ္ရျခင္း မရွိေသးပါဘူး။