စပိန်ကို ရှုံးနိမ့်ခဲ့လို့ (၃၇)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားပေမယ့် အခုထက်ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာမယ်လို့ ချီလီနီကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီအသင်းဝါရင့်နောက်ခံလူချီလီနီက ပြိုင်ပွဲစုံ(၃၇)ပွဲဆက်အထိရှုံးပွဲမရှိအောင်စွမ်းဆောင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပြီး စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာက အခုထက်ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာနိုင်အောင် အထောက်အပံ့ဖြစ်စေတယ်လို့ကြုံးဝါးပြောဆိုလိုက်ပါတယ်။

UEFA Nations League ဆီမီးဖိုင်နယ်အဖြစ် စပိန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အီတလီအသင်းခေါင်းဆောင်ဘိုနူချီဟာ ပထမပိုင်းကတည်းက နှစ်ဝါတစ်နီနဲ့အထုတ်ခံခဲ့ရပြီး

အီတလီအသင်းကလည်း (၁-၀)ဂိုးအရှုံးနဲ့ကစားခဲ့ရသလို အဖွင့်ဂိုးသွင်းခဲ့တဲ့ဖာရန်တောရက်စ်ကပဲ ဒုတိယဂိုးထပ်သွင်းခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ (၂-၀)ဂိုးနဲ့ကစားခဲ့ရပါတယ်။

အီတလီအသင်းအတွက် ပွဲပြီးခါနီးမှာ ပယ်လီဂရီနီက ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမယ့် သရေရလဒ်အတွက် လိုအပ်တဲ့နောက်ထပ်ချေပဂိုးမရခဲ့လို့ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို အသင်းရဲ့ပြိုင်ပွဲစုံ(၃၇)ပွဲဆက်စံချိန်ကလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။

အီတလီအသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက UEFA Nations League ပွဲမှာ ပေါ်တူဂီကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ပြီးကတည်းက (၃)နှစ်တာကာလအတွင်း ရှုံးပွဲမရှိခဲ့ဘဲ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ ရှုံးပွဲမရှိဘဲချန်ပီယံဆုဖလားရယူခဲ့တဲ့အပြင်

နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်တင်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၂၀၁၈ခုနှစ်နောက်ပိုင်းပထမဆုံးရှုံးပွဲနဲ့ပြန်လည်ရင်ဆိုင်ခဲ့ရပါပြီ။

စပိန်နဲ့ပွဲအပြီး RAI Sport နဲ့အင်တာဗျူးမှာ ချီလီနီက “မီလန်မှာကစားရပေမယ့် ကျွန်တော်တို့အသင်းရှုံးပွဲတွေ့ခဲ့တာကတော့ တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အသင်း ကြီးကျယ်ခမ်းနားတဲ့ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။

စပိန်နဲ့ပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိပြီးသားပါ။

ထိပ်သီးပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့အခါ ခက်ခဲမှုတွေနဲ့ကြုံတွေ့ရမယ်ဆိုတာ လက်ခံနိုင်ဖို့လိုပါတယ်။

အသင်းရဲ့ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းထားချင်ပေမယ့် ဖြစ်မလာခဲ့လို့မကျေမနပ်ဖြစ်ရပေမယ့် ဒီရှုံးပွဲက ကျွန်တော်တို့အသင်း ဒီထက်ပိုတိုးတက်လာအောင်အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

(၁၀)ယောက်နဲ့ကစားရပြီး (၂-၀)အရှုံးနဲ့ကစားခဲ့ရတာတောင် သရေကျသွားနိုင်တဲ့အနေအထားမျိုးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့လို့ ဒီအနေအထားက ကျွန်တော်တို့အသင်းရဲ့စွမ်းဆောင်ရည်ကဘယ်လောက်အထိရှိလဲဆိုတာကို သက်သေပြခဲ့တာပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

စပိန်အသင်းဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝဆီမီးဖိုင်နယ်ပွဲတုန်းက အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် အခု အဲဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီလို့ပြောရမှာပါ။

အီတလီအသင်းဟာ UEFA Nations League တတိယနေရာလုပွဲအဖြစ် ဘယ်လ်ဂျီယံ-ပြင်သစ်ပွဲမှာရှုံးနိမ့်တဲ့အသင်းနဲ့ လာမယ့်တနင်္ဂနွေနေ့ကျရင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပိန္ကို ရႈံးနိမ့္ခဲ့လို႔ (၃၇)ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရပ္တန႔္သြားေပမယ့္ အခုထက္ပိုေကာင္းတဲ့ပုံစံနဲ႔ျပန္လာမယ္လို႔ ခ်ီလီနီႀကဳံးဝါး

အီတလီအသင္းဝါရင့္ေနာက္ခံလူခ်ီလီနီက ၿပိဳင္ပြဲစုံ(၃၇)ပြဲဆက္အထိရႈံးပြဲမရွိေအာင္စြမ္းေဆာင္ခဲ့တဲ့အေပၚ ဂုဏ္ယူမိၿပီး စပိန္အသင္းကို ရႈံးနိမ့္ခဲ့တာက အခုထက္ပိုေကာင္းတဲ့ပုံစံနဲ႔ျပန္လာႏိုင္ေအာင္ အေထာက္အပံ့ျဖစ္ေစတယ္လို႔ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။ UEFA Nations League ဆီမီးဖိုင္နယ္အျဖစ္ စပိန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ အီတလီအသင္းေခါင္းေဆာင္ဘိုႏူခ်ီဟာ ပထမပိုင္းကတည္းက ႏွစ္ဝါတစ္နီနဲ႔အထုတ္ခံခဲ့ရၿပီး အီတလီအသင္းကလည္း (၁-၀)ဂိုးအရႈံးနဲ႔ကစားခဲ့ရသလို အဖြင့္ဂိုးသြင္းခဲ့တဲ့ဖာရန္ေတာရက္စ္ကပဲ ဒုတိယဂိုးထပ္သြင္းခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ (၂-၀)ဂိုးနဲ႔ကစားခဲ့ရပါတယ္။

အီတလီအသင္းအတြက္ ပြဲၿပီးခါနီးမွာ ပယ္လီဂရီနီက ေခ်ပဂိုးတစ္ဂိုးျပန္သြင္းခဲ့ေပမယ့္ သေရရလဒ္အတြက္ လိုအပ္တဲ့ေနာက္ထပ္ေခ်ပဂိုးမရခဲ့လို႔ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို အသင္းရဲ႕ၿပိဳင္ပြဲစုံ(၃၇)ပြဲဆက္စံခ်ိန္ကလည္း အဆုံးသတ္သြားၿပီျဖစ္ပါတယ္။ အီတလီအသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက UEFA Nations League ပြဲမွာ ေပၚတူဂီကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ၿပီးကတည္းက (၃)ႏွစ္တာကာလအတြင္း ရႈံးပြဲမရွိခဲ့ဘဲ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ရႈံးပြဲမရွိဘဲခ်န္ပီယံဆုဖလားရယူခဲ့တဲ့အျပင္ ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္တင္ႏိုင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ၂၀၁၈ခုႏွစ္ေနာက္ပိုင္းပထမဆုံးရႈံးပြဲနဲ႔ျပန္လည္ရင္ဆိုင္ခဲ့ရပါၿပီ။

စပိန္နဲ႔ပြဲအၿပီး RAI Sport နဲ႔အင္တာဗ်ဴးမွာ ခ်ီလီနီက “မီလန္မွာကစားရေပမယ့္ ကြၽန္ေတာ္တို႔အသင္းရႈံးပြဲေတြ႕ခဲ့တာကေတာ့ တကယ္စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔အသင္း ႀကီးက်ယ္ခမ္းနားတဲ့ရႈံးပြဲမရွိမွတ္တမ္းပိုင္ဆိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူမိပါတယ္။ စပိန္နဲ႔ပြဲဟာ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္တို႔သိၿပီးသားပါ။ ထိပ္သီးၿပိဳင္ဘက္နဲ႔ရင္ဆိုင္ရတဲ့အခါ ခက္ခဲမႈေတြနဲ႔ႀကဳံေတြ႕ရမယ္ဆိုတာ လက္ခံႏိုင္ဖို႔လိုပါတယ္။ အသင္းရဲ႕ရႈံးပြဲမရွိမွတ္တမ္းကို ဆက္ထိန္းထားခ်င္ေပမယ့္ ျဖစ္မလာခဲ့လို႔မေက်မနပ္ျဖစ္ရေပမယ့္ ဒီရႈံးပြဲက ကြၽန္ေတာ္တို႔အသင္း ဒီထက္ပိုတိုးတက္လာေအာင္အေထာက္အကူျဖစ္ေစမယ္လို႔ ယုံၾကည္ပါတယ္။

(၁၀)ေယာက္နဲ႔ကစားရၿပီး (၂-၀)အရႈံးနဲ႔ကစားခဲ့ရတာေတာင္ သေရက်သြားႏိုင္တဲ့အေနအထားမ်ိဳးျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့လို႔ ဒီအေနအထားက ကြၽန္ေတာ္တို႔အသင္းရဲ႕စြမ္းေဆာင္ရည္ကဘယ္ေလာက္အထိရွိလဲဆိုတာကို သက္ေသျပခဲ့တာပါပဲ”လို႔ ေျဖၾကားခဲ့ပါတယ္။ စပိန္အသင္းဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝဆီမီးဖိုင္နယ္ပြဲတုန္းက အီတလီအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ အခု အဲဒီရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့ၿပီလို႔ေျပာရမွာပါ။ အီတလီအသင္းဟာ UEFA Nations League တတိယေနရာလုပြဲအျဖစ္ ဘယ္လ္ဂ်ီယံ-ျပင္သစ္ပြဲမွာရႈံးနိမ့္တဲ့အသင္းနဲ႔ လာမယ့္တနဂၤေႏြေန႔က်ရင္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။