စပိန်ကလပ်တွေနဲ့ နောက်ဆုံး(၁၀)ကြိမ်ဆုံတွေ့မှုမှာ တစ်ပွဲသာအနိုင်ရခဲ့တဲ့ လီဗာပူးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်အုပ်စုတတိယပွဲတွေကို အခုအင်္ဂါညမှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒီနေ့ကစားမယ့်ပွဲတွေထဲမှာ လာလီဂါလက်ရှိချန်ပီယံအက်သလက်တီကိုနဲ့

အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ဥရောပ အောင်မြင်မှုအများဆုံးအဖြစ်သတ်မှတ်ရမယ့် လီဗာပူးလ်အသင်းတို့ရဲ့ပွဲလည်းပါဝင်နေပါတယ်။

လီဗာပူးလ်အသင်းဟာ အုပ်စုပွဲစဉ်(၂)ပွဲကစားပြီးချိန်မှာ ပွဲတိုင်းအနိုင်ယူခဲ့ပြီး (၆)မှတ်နဲ့ထိပ်ဆုံးနေရာမှာရပ်တည်နေသလို

အက်သလက်တီကိုအသင်းကေတာ့ (၁)ပွဲနိုင်၊ (၁)ပွဲသေရ၊ (၄)မှတ်နဲ့ ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းမှာ သီယာဂိုနဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ အယ်လီယက်၊ ကာတစ်ဂျုံးစ်တို့ အခုပွဲကို လွဲချော်မှာဖြစ်ပေမယ့်

ဝက်ဖို့ဒ်နဲ့ပွဲမှာမပါဝင်နိုင်ခဲ့တဲ့ အယ်လစ်ဆင်၊ ဖေဘင်ဟိုတို့ကတော့ အခုပွဲမှာပြန်လည်ကစားနိုင်မှာပါ။

အက်သလက်တီကိုအသင်းမှာ ဒဏ်ရာရကစားသမားတချို့ရှိပေမယ့် အဓိက,ကစားသမားတွေအားလုံး ဒဏ်ရာကင်းစင်နေလို့ လူစုံတက်စုံပါဝင်နိုင်မှာဖြစ်ပါတယ်။

ဒီနှစ်သင်းနောက်ဆုံးဆုံတွေ့ခဲ့တာက ၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာဖြစ်ပြီး အက်သလက်တီကိုအသင်းက

အိမ်ကွင်းမှာ(၁-၀)ဂိုးနဲ့အနိုင်ရခဲ့သလို အန်ဖီးလ်မှာလည်း အချိန်ပိုအထိအကြိတ်အနယ်ကစားပြီးတော့ (၃-၂)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

၂၀၀၉-၁၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာဆုံတွေ့ခဲ့တုန်းက အက်သလက်တီကိုအသင်းဟာ လီဗာပူးလ်ကို အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ အချိန်ပိုကစားအပြီး(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့်လည်း အဝေးဂိုးစည်းမျဉ်းနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့တဲ့ ၂၀၀၈-၀၉ ရာသီမှာတော့ အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး (၁-၁)ဂိုးနဲ့သရေကျခဲ့တာပါ။ ပြိုင်ပွဲစုံ(၆)ပွဲဆုံတွေ့ခဲ့တာမှာ

အက်သလက်တီကိုအသင်းက (၃)ပွဲနိုင်၊ လီဗာပူးလ်က (၁)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့တာကြောင့် ထိပ်တိုက်ဆုံတွေ့မှုမှတ်တမ်းအရ အက်သလက်တီကိုအသင်းအသာရနေတဲ့အပြင်

လီဗာပူးလ်အသင်းဟာ စပိန်ကလပ်တွေနဲ့ နောက်ဆုံး(၁၀)ပွဲဆုံတွေ့ခဲ့တာမှာ (၁)ပွဲသာအနိုင်ရခဲ့တာကလည်း သူတို့အတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၅-၁၆ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆီဗီလာကို (၃-၁)ဂိုးနဲ့ရှုံး၊ ၂၀၁၇-၁၈ ချန်ပီယံလိဂ်အုပ်စုမှာ

ဆီဗီလာနဲ့ပြန်လည်ရင်ဆိုင်ခဲ့တော့ နှစ်ကျော့စလုံးသရေကျခဲ့ပြီး ၂၀၁၇-၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ရီးယဲလ်အသင်းကို (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၈-၁၉ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို (၃-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ (၄-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး

၂၀၁၉-၂၀ ရှုံးထွက်(၁၆)သင်းအဆင့်မှာတော့ အက်သလက်တီကိုအသင်းကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး အရေးနိမ့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးယဲလ်အသင်းကို အဝေးကွင်း(၃-၁)ဂိုးနဲ့ရှုံး၊ အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပြန်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အက်သလက်တီကိုကွင်းမှာ တစ်ခါမှအနိုင်မရသေးဘဲ (၂)ပွဲရှုံး၊ (၁)ပွဲသရေရလဒ်သာထွက်ပေါ်ခဲ့တာပါ။

အဲဒါကြောင့် ဒီတစ်ကြိမ်မှာ လီဗာပူးလ်အသင်း မှတ်တမ်းဆိုးတွေကို ချိုးဖျက်ပြီး ရလဒ်ကောင်းရယူနိုင်မလား ..အက်သလက်တီကိုအသင်းကပဲ အသာရသွားမလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပိန္ကလပ္ေတြနဲ႔ ေနာက္ဆုံး(၁၀)ႀကိမ္ဆုံေတြ႕မႈမွာ တစ္ပြဲသာအႏိုင္ရခဲ့တဲ့ လီဗာပူးလ္

ခ်န္ပီယံလိဂ္အုပ္စုတတိယပြဲေတြကို အခုအဂၤါညမွာယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဒီေန႔ကစားမယ့္ပြဲေတြထဲမွာ လာလီဂါလက္ရွိခ်န္ပီယံအက္သလက္တီကိုနဲ႔ အဂၤလန္ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဥေရာပ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္သတ္မွတ္ရမယ့္ လီဗာပူးလ္အသင္းတို႔ရဲ႕ပြဲလည္းပါဝင္ေနပါတယ္။ လီဗာပူးလ္အသင္းဟာ အုပ္စုပြဲစဥ္(၂)ပြဲကစားၿပီးခ်ိန္မွာ ပြဲတိုင္းအႏိုင္ယူခဲ့ၿပီး (၆)မွတ္နဲ႔ထိပ္ဆုံးေနရာမွာရပ္တည္ေနသလို အက္သလက္တီကိုအသင္းေကတာ့ (၁)ပြဲႏိုင္၊ (၁)ပြဲေသရ၊ (၄)မွတ္နဲ႔ ဒုတိယေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းမွာ သီယာဂိုနဲ႔ လူငယ္ကစားသမားေတြျဖစ္တဲ့ အယ္လီယက္၊ ကာတစ္ဂ်ဳံးစ္တို႔ အခုပြဲကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ဝက္ဖို႔ဒ္နဲ႔ပြဲမွာမပါဝင္ႏိုင္ခဲ့တဲ့ အယ္လစ္ဆင္၊ ေဖဘင္ဟိုတို႔ကေတာ့ အခုပြဲမွာျပန္လည္ကစားႏိုင္မွာပါ။ အက္သလက္တီကိုအသင္းမွာ ဒဏ္ရာရကစားသမားတခ်ိဳ႕ရွိေပမယ့္ အဓိက,ကစားသမားေတြအားလုံး ဒဏ္ရာကင္းစင္ေနလို႔ လူစုံတက္စုံပါဝင္ႏိုင္မွာျဖစ္ပါတယ္။

ဒီႏွစ္သင္းေနာက္ဆုံးဆုံေတြ႕ခဲ့တာက ၂၀၁၉-၂၀ ရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာျဖစ္ၿပီး အက္သလက္တီကိုအသင္းက အိမ္ကြင္းမွာ(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့သလို အန္ဖီးလ္မွာလည္း အခ်ိန္ပိုအထိအႀကိတ္အနယ္ကစားၿပီးေတာ့ (၃-၂)ဂိုးနဲ႔အႏိုင္ယူခဲ့ပါတယ္။ ၂၀၀၉-၁၀ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာဆုံေတြ႕ခဲ့တုန္းက အက္သလက္တီကိုအသင္းဟာ လီဗာပူးလ္ကို အိမ္ကြင္းမွာ (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အေဝးကြင္းမွာ အခ်ိန္ပိုကစားအၿပီး(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္လည္း အေဝးဂိုးစည္းမ်ဥ္းနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ပထမဆုံးအႀကိမ္ဆုံေတြ႕ခဲ့တဲ့ ၂၀၀၈-၀၉ ရာသီမွာေတာ့ အိမ္ကြင္း၊ အေဝးကြင္းႏွစ္ေက်ာ့စလုံး (၁-၁)ဂိုးနဲ႔သေရက်ခဲ့တာပါ။ ၿပိဳင္ပြဲစုံ(၆)ပြဲဆုံေတြ႕ခဲ့တာမွာ အက္သလက္တီကိုအသင္းက (၃)ပြဲႏိုင္၊ လီဗာပူးလ္က (၁)ပြဲႏိုင္၊ (၂)ပြဲသေရက်ခဲ့တာေၾကာင့္ ထိပ္တိုက္ဆုံေတြ႕မႈမွတ္တမ္းအရ အက္သလက္တီကိုအသင္းအသာရေနတဲ့အျပင္ လီဗာပူးလ္အသင္းဟာ စပိန္ကလပ္ေတြနဲ႔ ေနာက္ဆုံး(၁၀)ပြဲဆုံေတြ႕ခဲ့တာမွာ (၁)ပြဲသာအႏိုင္ရခဲ့တာကလည္း သူတို႔အတြက္စိုးရိမ္စရာျဖစ္ေနပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၁၅-၁၆ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ဆီဗီလာကို (၃-၁)ဂိုးနဲ႔ရႈံး၊ ၂၀၁၇-၁၈ ခ်န္ပီယံလိဂ္အုပ္စုမွာ ဆီဗီလာနဲ႔ျပန္လည္ရင္ဆိုင္ခဲ့ေတာ့ ႏွစ္ေက်ာ့စလုံးသေရက်ခဲ့ၿပီး ၂၀၁၇-၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း ရီးယဲလ္အသင္းကို (၃-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၁၈-၁၉ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဘာစီလိုနာကို (၃-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ အိမ္ကြင္းမွာ (၄-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး ၂၀၁၉-၂၀ ရႈံးထြက္(၁၆)သင္းအဆင့္မွာေတာ့ အက္သလက္တီကိုအသင္းကို အိမ္ကြင္း၊ အေဝးကြင္းႏွစ္ေက်ာ့စလုံး အေရးနိမ့္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ရီးယဲလ္အသင္းကို အေဝးကြင္း(၃-၁)ဂိုးနဲ႔ရႈံး၊ အိမ္ကြင္းမွာ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကထြက္ခဲ့ရျပန္ပါတယ္။ ဒါ့အျပင္ လီဗာပူးလ္အသင္းဟာ အက္သလက္တီကိုကြင္းမွာ တစ္ခါမွအႏိုင္မရေသးဘဲ (၂)ပြဲရႈံး၊ (၁)ပြဲသေရရလဒ္သာထြက္ေပၚခဲ့တာပါ။ အဲဒါေၾကာင့္ ဒီတစ္ႀကိမ္မွာ လီဗာပူးလ္အသင္း မွတ္တမ္းဆိုးေတြကို ခ်ိဳးဖ်က္ၿပီး ရလဒ္ေကာင္းရယူႏိုင္မလား ..အက္သလက္တီကိုအသင္းကပဲ အသာရသြားမလားဆိုတာကေတာ့ . . .