စပိန္စကားေကာင္းစြာမေျပာတတ္ေသးတဲ႔ ေဘးလ္ကို ဂြ်န္တိုရွက္ေ၀ဖန္

ဂါရတ္ေဘးလ္တစ္ေယာက္ စပိန္စကားကိုေကာင္းစြာမေျပာတတ္ေသးတာဟာ သူအလုပ္လုပ္ေပးေနတဲ႔သူေတြကိုေစာ္ကားလိုက္တာနဲ႔အတူတူဘဲလို႔ ေ၀လအသင္းနည္းျပေဟာင္း ဂြ်န္တိုရွက္က ေ၀ဖန္ေျပာၾကားလိုက္ပါတယ္။

ေ၀လသားျဖစ္တဲ႔ ဂ်ြန္တိုရွက္ဟာ ရီးရဲလ္မက္ဒရစ္ နည္းျပေဟာင္းလည္းျဖစ္ၿပီးေဘးလ္အေနနဲ႔စပိန္လိုေကာင္းစြာေျပာတတ္ဖို႔လိုုအပ္တယ္လို႔ ဆိုခဲ့ပါတယ္။ အသက္ ၃၀ ရွိၿပီျဖစ္တဲ႔ ေဘးလ္ဟာ ရီးရဲလ္ကိုေရာက္ေနတာ ၂၀၁၃ ကတည္းကျဖစ္လို႔ ၆ ႏွစ္ေတာင္ၾကာျမင့္ခဲ့ေပမယ္႔ စပိန္စကားကိုေကာင္းစြာမေျပာတတ္ေသးလို႔ အသင္းမွာအထီးက်န္သူျဖစ္ေနၿပီး ကစားေဖာ္အခ်ဳိ႕ရဲကေ၀ဖန္မႈကိုလည္း ခံယူခဲ့ရပါတယ္။

ဂ်ြန္တိုရွက္က”မင္းလူေရွ႕ထြက္လာၿပီး ကိုယ္တိုင္အင္တာဗ်ဴ းေျဖလိုက္ပါ။စပိန္မွာမင္းအဆင္မေျပတာကိုၾကည့္ၿပီး ငါလည္းစိတ္မေကာင္းျဖစ္ရပါတယ္။ဒါေပမယ္႔ စပိန္ကိုေရာက္ေနတာ ၆ ႏွစ္ရွိေနၿပီး စပိန္လိုမေျပာတတ္ေသးဘူးဆိုေတာ႔ ဒါဟာ မင္းအလုပ္လုပ္ေပးေနတဲ႔သူေတြကို ေစာ္ကားလိုက္သလိုဘဲ။

စပိန္သားေတြနဲ႔ေန႔စဥ္ထိေတြ႔ၿပီး စပိန္လိုမေျပာတတ္တာဟာ စိတ္ပ်က္စရာဘဲ။ ဒါေၾကာင့္အခ်ိန္ေပးၿပီး စပိန္စကားသင္စမ္းပါ” လို႔ေျပာသြားပါတယ္။ေဘးလ္ဟာ တရုတ္ကလပ္ က်န္းစုဆန္နင္းကို တစ္ပတ္လစာေပါင္ ၁ သန္းနဲ႔ေျပာင္းဖို႔ လုပ္ခဲ့ေပမယ္႔လည္း ရီးရဲလ္ဘက္ကပယ္ဖ်က္လိုက္ပါတယ္။

ေဘးလ္ဟာ ရီးရဲလ္လက္ရွိနည္းျပ ဇီဒန္းနဲ႔အဆင္မေျပျဖစ္ေနၿပီး ဇီဒန္းကဘဲသူ႔ကိုအသင္းမွာအလိုမရွိဘဲျဖစ္ေနတာပါ။ ဒါေပမယ္႔ ကလပ္ဥကၠ႒ ပီရက္ဇ္ကေတာ႔ ေဘးလ္ကိုအသင္းမွာဆက္ထားၿပီး အဆင္ေျပေအာင္လုပ္ၾကဖို႔ ဇီဒန္းကိုတိုက္တြန္းထားတယ္လို႔ သိရပါတယ္။

Unicode

စပိန်စကားကောင်းစွာမပြောတတ်သေးတဲ့ ဘေးလ်ကို ဂျွန်တိုရှက်ဝေဖန်
ဂါရတ်ဘေးလ်တစ်ယောက် စပိန်စကားကိုကောင်းစွာမပြောတတ်သေးတာဟာ သူအလုပ်လုပ်ပေးနေတဲ့သူတွေကိုစော်ကားလိုက်တာနဲ့အတူတူဘဲလို့ ဝေလအသင်းနည်းပြဟောင်း ဂျွန်တိုရှက်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဝေလသားဖြစ်တဲ့ ဂျွန်တိုရှက်ဟာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းလည်းဖြစ်ပြီးဘေးလ်အနေနဲ့စပိန်လိုကောင်းစွာပြောတတ်ဖို့လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဘေးလ်ဟာ ရီးရဲလ်ကိုရောက်နေတာ ၂၀၁၃ ကတည်းကဖြစ်လို့ ၆ နှစ်တောင်ကြာမြင့်ခဲ့ပေမယ့် စပိန်စကားကိုကောင်းစွာမပြောတတ်သေးလို့ အသင်းမှာအထီးကျန်သူဖြစ်နေပြီး ကစားဖော်အချို့ရဲကဝေဖန်မှုကိုလည်း ခံယူခဲ့ရပါတယ်။

ဂျွန်တိုရှက်က”မင်းလူရှေ့ထွက်လာပြီး ကိုယ်တိုင်အင်တာဗျူ းဖြေလိုက်ပါ။စပိန်မှာမင်းအဆင်မပြေတာကိုကြည့်ပြီး ငါလည်းစိတ်မကောင်းဖြစ်ရပါတယ်။ဒါပေမယ့် စပိန်ကိုရောက်နေတာ ၆ နှစ်ရှိနေပြီး စပိန်လိုမပြောတတ်သေးဘူးဆိုတော့ ဒါဟာ မင်းအလုပ်လုပ်ပေးနေတဲ့သူတွေကို စော်ကားလိုက်သလိုဘဲ။

စပိန်သားတွေနဲ့နေ့စဉ်ထိတွေ့ပြီး စပိန်လိုမပြောတတ်တာဟာ စိတ်ပျက်စရာဘဲ။ ဒါကြောင့်အချိန်ပေးပြီး စပိန်စကားသင်စမ်းပါ” လို့ပြောသွားပါတယ်။ဘေးလ်ဟာ တရုတ်ကလပ် ကျန်းစုဆန်နင်းကို တစ်ပတ်လစာပေါင် ၁ သန်းနဲ့ပြောင်းဖို့ လုပ်ခဲ့ပေမယ့်လည်း ရီးရဲလ်ဘက်ကပယ်ဖျက်လိုက်ပါတယ်။

ဘေးလ်ဟာ ရီးရဲလ်လက်ရှိနည်းပြ ဇီဒန်းနဲ့အဆင်မပြေဖြစ်နေပြီး ဇီဒန်းကဘဲသူ့ကိုအသင်းမှာအလိုမရှိဘဲဖြစ်နေတာပါ။ ဒါပေမယ့် ကလပ်ဥက္ကဋ္ဌ ပီရက်ဇ်ကတော့ ဘေးလ်ကိုအသင်းမှာဆက်ထားပြီး အဆင်ပြေအောင်လုပ်ကြဖို့ ဇီဒန်းကိုတိုက်တွန်းထားတယ်လို့ သိရပါတယ်။