စပိန္ကို ေနမာျပန္မေရာက္ေရးအတြက္ အံ့အားသင့္ဖြယ္ကမ္းလွမ္းမႈနဲ႔ ၾကားျဖတ္၀င္ဖို႔ ဂ်ဴဗင္တပ္စ္အသင့္ရွိ

Photo Credit ; Getty Images

Photo Credit ; Getty Images / AFP

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္စ္အသင္းဟာ ယခုေႏြရာသီအတြင္း စပိန္ကို ျပန္လည္ေျပာင္းေရႊ႕ဖု႔ိ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚေနတဲ့ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာကုိ ပဲရစ္အေျခစုိက္အသင္း မျငင္းႏိုင္ေလာက္တဲ့အ့ံအားသင့္ဖြယ္ကမ္းလွမ္းမႈနဲ႔ ၾကားျဖတ္ေခၚယူဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit ; AS

ဘရာဇီးလက္ေရြးစင္ ေနမာဟာ ယခုေႏြရာသီအတြင္း လာလီဂါကို ျပန္လည္ေျပာင္းေရႊ႕ေရးအတြက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လ်က္ရွိရာ အဲဒီမွာ အသင္းေဟာင္းဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔က အၿပိဳင္ႀကိဳးစားေနေပမယ့္ အခုေတာ့ အံ့အားသင့္ဖြယ္ေကာင္းတဲ့တတိယေျမာက္ေရြးခ်ယ္မႈလည္း ေပၚထြက္လာၿပီျဖစ္ပါတယ္။

Photo Credit ; Getty Images

စပိန္သတင္းစာ ေအအက္စ္ရဲ႕ေဖာ္ျပခ်က္အရ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရရွိဖို႔ လူအင္အားျဖည့္တင္းမႈေတြျပဳလုပ္ေနတဲ့ဂ်ဴဗင္တပ္စ္ဟာ ေနမာကို ပီအက္စ္ဂ်ီအသင္း ေရာင္းခ်ခ်င္လာေအာင္ ဆြဲေဆာင္စည္း႐ုံးတ့ဲအေနနဲ႔ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးအျပင္ ၾကယ္ပြင့္တုိက္စစ္မွဴး ဒီဘားလားကိုပါ အလုိက္ေပးကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတယ္လု႔ိ သိရပါတယ္။

Photo Credit ; PA

အဲဒီသတင္းစာကပဲ ဂ်ဴဗင္တပ္စ္အသင္းတာ၀န္ရွိသူေတြဟာ ေနမာရဲ႕အေျပာင္းအေရႊ႕အတြက္ ပီအက္စ္ဂ်ီအသင္းတာ၀န္ရွိသူေတြနဲ႔ေတာင္ ေဆြးေႏြးေနၿပီျဖစ္ေပမယ့္ ဂ်ဴဗင္တပ္စ္အေနနဲ႔ ေနမာကို ေခၚယူႏိုင္ေရးအတြက္ လာလီဂါအင္အားႀကီး ၂သင္းရဲ႕ျပင္းထန္တဲ့အားၿပိဳင္မႈနဲ႔ ရင္ဆုိင္ရလိမ့္မယ္လုိ႔လည္း ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္အသင္းအားကစားဒါ႐ိုက္တာ ပါရာတီခ်ီက ေနမာရဲ႕အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးမႈမွာ အဓိကေနရာကေန ပါ၀င္ေနၿပီး ဒီဘားလားအတြက္လည္း အခုလုိအသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚလာတာက ပထမဆုံးအႀကိမ္မဟုတ္ဘဲ အရင္တုန္းကလည္း ေတာ့တင္ဟမ္နဲ႔ ယူႏုိက္တက္အသင္းတုိ႔ကို ေျပာင္းေရႊ႕ဖို႔ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

Photo Credit ; Getty Images

အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားဟာ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈေတြရရွိဖို႔ အဆင္မေျပျဖစ္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္အေနနဲ႔ ေနမာကို ေငြသားသက္သက္နဲ႔ ေခၚယူမယ္ဆိုရင္ ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးဆုိင္ရာမွ်ေျခစည္းမ်ဥ္းနဲ႔ ၿငိႏိုင္လုိ႔ အခုလိုအသင္းရွိ နာမည္ႀကီးကစားသမားေတြကိုပါ တစ္ခါတည္းေရာင္းထုတ္ဖို႔ စီစဥ္ေနတာပါ။

Photo Credit ; Reuters

ဂ်ဴဗင္တပ္စ္ဟာ ယခုေႏြရာသီအတြင္း ကစားသမားသစ္ေခၚယူေရးအတြက္ ေပါင္သန္း ၁၅၀ သုံးစြဲထားၿပီးျဖစ္ေပမယ့္ ေနမာအတြက္ ေျပာင္းေရႊ႕ေၾကးအသုံးစရိတ္ထြက္လာေအာင္ အသင္းရွိ တုိက္စစ္မွဴးမန္ဇူကစ္၊ ေနာက္ခံလူ႐ူဂါနီနဲ႔ ကြင္းလယ္လူ မာတူဒီတုိ႔ကိုလည္း ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။

Photo Credit

Unicode

စပိန်ကို နေမာပြန်မရောက်ရေးအတွက် အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုနဲ့ ကြားဖြတ်ဝင်ဖို့ ဂျူဗင်တပ်စ်အသင့်ရှိ

သတင်းတွေရဲ့ဖော်ပြချက်အရ စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းဟာ ယခုနွေရာသီအတွင်း စပိန်ကို ပြန်လည်ပြောင်းရွှေ့ဖု့ိ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်နေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ပဲရစ်အခြေစိုက်အသင်း မငြင်းနိုင်လောက်တဲ့အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုနဲ့ ကြားဖြတ်ခေါ်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။
ဘရာဇီးလက်ရွေးစင် နေမာဟာ ယခုနွေရာသီအတွင်း လာလီဂါကို ပြန်လည်ပြောင်းရွှေ့ရေးအတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိရာ အဲဒီမှာ အသင်းဟောင်းဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က အပြိုင်ကြိုးစားနေပေမယ့် အခုတော့ အံ့အားသင့်ဖွယ်ကောင်းတဲ့တတိယမြောက်ရွေးချယ်မှုလည်း ပေါ်ထွက်လာပြီဖြစ်ပါတယ်။
စပိန်သတင်းစာ အေအက်စ်ရဲ့ဖော်ပြချက်အရ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိဖို့ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်နေတဲ့ဂျူဗင်တပ်စ်ဟာ နေမာကို ပီအက်စ်ဂျီအသင်း ရောင်းချချင်လာအောင် ဆွဲဆောင်စည်းရုံးတဲ့အနေနဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးအပြင် ကြယ်ပွင့်တိုက်စစ်မှူး ဒီဘားလားကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လု့ိ သိရပါတယ်။
အဲဒီသတင်းစာကပဲ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေဟာ နေမာရဲ့အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့တောင် ဆွေးနွေးနေပြီဖြစ်ပေမယ့် ဂျူဗင်တပ်စ်အနေနဲ့ နေမာကို ခေါ်ယူနိုင်ရေးအတွက် လာလီဂါအင်အားကြီး ၂သင်းရဲ့ပြင်းထန်တဲ့အားပြိုင်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ပါရာတီချီက နေမာရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုမှာ အဓိကနေရာကနေ ပါဝင်နေပြီး ဒီဘားလားအတွက်လည်း အခုလိုအသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်လာတာက ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်တုန်းကလည်း တော့တင်ဟမ်နဲ့ ယူနိုက်တက်အသင်းတို့ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားဟာ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေရရှိဖို့ အဆင်မပြေဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ်အနေနဲ့ နေမာကို ငွေသားသက်သက်နဲ့ ခေါ်ယူမယ်ဆိုရင် ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးဆိုင်ရာမျှခြေစည်းမျဉ်းနဲ့ ငြိနိုင်လို့ အခုလိုအသင်းရှိ နာမည်ကြီးကစားသမားတွေကိုပါ တစ်ခါတည်းရောင်းထုတ်ဖို့ စီစဉ်နေတာပါ။
ဂျူဗင်တပ်စ်ဟာ ယခုနွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူရေးအတွက် ပေါင်သန်း ၁၅၀ သုံးစွဲထားပြီးဖြစ်ပေမယ့် နေမာအတွက် ပြောင်းရွှေ့ကြေးအသုံးစရိတ်ထွက်လာအောင် အသင်းရှိ တိုက်စစ်မှူးမန်ဇူကစ်၊ နောက်ခံလူရူဂါနီနဲ့ ကွင်းလယ်လူ မာတူဒီတို့ကိုလည်း ရောင်းချဖို့ ပြင်ဆင်နေပါတယ်။