
Photo Credit ; Getty Images
Photo Credit ; Getty Images
စပါးအသင္းကြင္းလယ္လူခရစၥတီယန္အဲရစ္ဆင္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတစ္သင္းသင္းကို ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနေပမယ့္ စပါးအသင္းမွာပဲ ကာလအနည္းငယ္ ဆက္ေနရဖြယ္ရွိေနပါတယ္။
Photo Credit
ဥေရာပအေျပာင္းအေရႊ႕ေစ်းကြက္က လာမယ့္တနလၤာေန႔မွာ ပိတ္ေတာ့မွာျဖစ္ၿပီး ဒိန္းမတ္ၾကယ္ပြင့္ကလည္း စပိန္ထိန္တန္းကလပ္ တစ္သင္းသင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနေပမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔က ကမ္းလွမ္းမႈ တစ္စံုတရာမရွိေသးတာေၾကာင့္ ဒီေႏြရာသီမွာအေျပာင္းအေရႊ႕က မေသခ်ာေတာ့ဘဲ အသင္းမွာ ဆက္ကစားဖို႔ အေျခအေန ျဖစ္ေပၚလာတာပါ။
Photo Credit
အဲရစ္ဆင္ဟာ လာမယ့္ဇန္နဝါရီအထိေတာ့ ေျမာက္လန္ဒန္ အသင္းမွာပဲ ဆက္ေနရဖြယ္ ရွိေနပါတယ္။ ဒီရာသီဟာသူ႕ရဲ႕စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ျဖစ္ၿပီး အဲရစ္ဆင္က ရာသီကုန္ထိအသင္းအတြက္ ေပးဆပ္ကစားဖို႔ ဆႏၵမရွိ ျဖစ္ေနပါတယ္။
Photo Credit ; Getty Images
စေပါ့ေမးလ္သတင္းရဲ႕အဆုိအရ စပါးအသင္းက အဆုိပါကြင္းလယ္လူကို စာခ်ဳပ္သစ္အျဖစ္ တစ္ပတ္လုပ္ခေပါင္ ၂၀၀၀၀၀ အထိတိုးျမွင့္ေပးကာစာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးစားခဲ့ၿပီး ထိုလစာက အသင္းမွာတိုက္စစ္မွဴး ဟယ္ရီကိန္းၿပီးရင္ အဲရစ္ဆင္ကဒုတိယလစာအမ်ားဆံုးကစားသမား ျဖစ္လာမွာ ျဖစ္ပါတယ္။
Photo Credit ; AP
ဒါေပမဲ့ ေငြေၾကးေတြကအဲရစ္ဆင္ရဲ႕ဆံုးျဖတ္ခ်က္ကိုမေျပာင္းလဲေစခဲ့ပါဘူး။ အဆုိပါ ဒိန္းမတ္ၾကယ္ပြင့္ကေတာ့ မတူညီတဲ့ႏိုင္ငံတစ္ခုကဥေရာပထိပ္သီးအသင္းႀကီးတစ္သင္းမွာ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္ဖို႔သာ စိတ္အားထက္သန္ေနပါတယ္။
Photo Credit ; AP
အဲရစ္ဆစ္ရဲ႕ဆံုးျဖတ္ခ်က္က ခုိင္မာလြန္းတာေၾကာင့္ အသင္းတာဝန္ရွိသူေတြက စာခ်ဳပ္သက္တမ္းတိုးဖို႔ ထပ္မံတိုက္တြန္းလုပ္ေဆာင္ျခင္းမျပဳေတာ့တာျဖစ္ပါတယ္။ နည္းျပပိုခ်က္တီႏိုကေတာ့ အသင္းကိုေပးဆပ္ကစားလိုစိတ္ မရွိဘဲ သံေယာဇဥ္ျဖတ္ဖို႔သာ စိတ္အားထက္သန္ေနတဲ့ ကြင္းလယ္လူအဲရစ္ဆင္ကို ရာသီအဖြင့္ပြဲ ၃ ပြဲမွာ ၂ ပြဲအရန္ခံုထိုင္ေစခဲ့ပါတယ္။
Photo Credit ; Daily Mail
ဒါေပမဲ့ ၿပီးခဲ့တဲ့အပတ္တနဂၤေႏြက နယူးကာဆယ္အသင္းကို ႐ံႈးနိမ့္ခဲ့တဲ့ အိမ္ကြင္းပဲြစဥ္အၿပီးမွာေတာ့ ပိုခ်က္တီႏိုက အဲရစ္ဆင္ဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး သူမပါဝင္တာက အသင္းရဲ႕စြမ္းေဆာင္ရည္ေတြကို ေလ်ာ့က်ေစတယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။
Photo Credit ; Getty Images
Unicode
စပိန်ကလပ်တွေက မကမ်းလှမ်းလို့ လန်ဒန်မှာပဲဆက်ကစားရဖို့များနေတဲ့အဲရစ်ဆင်
စပါးအသင်းကွင်းလယ်လူခရစ္စတီယန်အဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် စပါးအသင်းမှာပဲ ကာလအနည်းငယ် ဆက်နေရဖွယ်ရှိနေပါတယ်။
ဥရောပအပြောင်းအရွှေ့ဈေးကွက်က လာမယ့်တနင်္လာနေ့မှာ ပိတ်တော့မှာဖြစ်ပြီး ဒိန်းမတ်ကြယ်ပွင့်ကလည်း စပိန်ထိန်တန်းကလပ် တစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ကမ်းလှမ်းမှု တစ်စုံတရာမရှိသေးတာကြောင့် ဒီနွေရာသီမှာအပြောင်းအရွှေ့က မသေချာတော့ဘဲ အသင်းမှာ ဆက်ကစားဖို့ အခြေအနေ ဖြစ်ပေါ်လာတာပါ။
အဲရစ်ဆင်ဟာ လာမယ့်ဇန်နဝါရီအထိတော့ မြောက်လန်ဒန် အသင်းမှာပဲ ဆက်နေရဖွယ် ရှိနေပါတယ်။ ဒီရာသီဟာသူ့ရဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဖြစ်ပြီး အဲရစ်ဆင်က ရာသီကုန်ထိအသင်းအတွက် ပေးဆပ်ကစားဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။
စပေါ့မေးလ်သတင်းရဲ့အဆိုအရ စပါးအသင်းက အဆိုပါကွင်းလယ်လူကို စာချုပ်သစ်အဖြစ် တစ်ပတ်လုပ်ခပေါင် ၂၀၀၀၀၀ အထိတိုးမြှင့်ပေးကာစာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပြီး ထိုလစာက အသင်းမှာတိုက်စစ်မှူး ဟယ်ရီကိန်းပြီးရင် အဲရစ်ဆင်ကဒုတိယလစာအများဆုံးကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ငွေကြေးတွေကအဲရစ်ဆင်ရဲ့ဆုံးဖြတ်ချက်ကိုမပြောင်းလဲစေခဲ့ပါဘူး။ အဆိုပါ ဒိန်းမတ်ကြယ်ပွင့်ကတော့ မတူညီတဲ့နိုင်ငံတစ်ခုကဥရောပထိပ်သီးအသင်းကြီးတစ်သင်းမှာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့သာ စိတ်အားထက်သန်နေပါတယ်။
အဲရစ်ဆစ်ရဲ့ဆုံးဖြတ်ချက်က ခိုင်မာလွန်းတာကြောင့် အသင်းတာဝန်ရှိသူတွေက စာချုပ်သက်တမ်းတိုးဖို့ ထပ်မံတိုက်တွန်းလုပ်ဆောင်ခြင်းမပြုတော့တာဖြစ်ပါတယ်။ နည်းပြပိုချက်တီနိုကတော့ အသင်းကိုပေးဆပ်ကစားလိုစိတ် မရှိဘဲ သံယောဇဉ်ဖြတ်ဖို့သာ စိတ်အားထက်သန်နေတဲ့ ကွင်းလယ်လူအဲရစ်ဆင်ကို ရာသီအဖွင့်ပွဲ ၃ ပွဲမှာ ၂ ပွဲအရန်ခုံထိုင်စေခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်တနင်္ဂနွေက နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာတော့ ပိုချက်တီနိုက အဲရစ်ဆင်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူမပါဝင်တာက အသင်းရဲ့စွမ်းဆောင်ရည်တွေကို လျော့ကျစေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။