စပါး၊ အာဆင်နယ်တို့ပစ်မှတ်ထားနေတဲ့ မာတီနက်ဇ် အင်တာမီလန်နဲ့(၅)နှစ်စာချုပ်သက်တမ်းတိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးလော်တူရိုမာတီနက်ဇ်ဟာ အသင်းနဲ့(၅)နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တာကြောင့် သူ့ကိုခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ စပါး၊ အာဆင်နယ်အသင်းတို့ကတော့ မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အင်တာမီလန်အသင်းနဲ့ ၂၀၂၆၊ ဇွန်လအထိစာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး

အီတလီမီဒီယာတွေကတော့ စာချုပ်ထဲမှာ လျော်ကြေးအဖြစ်ယူရို(၁၁၁)သန်းထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ဖော်ပြခဲ့ပေမယ့် မှန်ကန်မှုမရှိခဲ့ဘဲ မာတီနက်ဇ်ကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အင်တာမီလန်အသင်းတောင်းတဲ့စျေးပမာဏအတိုင်း ပေးချေရမှာပါ။

အင်တာမီလန်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် မာတီနက်ဇ်က Instagram မှာ Post တင်ခဲ့ပြီး အင်တာမီလန်ကစားသမားဘဝ(၃)နှစ်တာကာလအတွင်း သူ့ကို အားပေးခဲ့ကြတဲ့အသင်းပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

မာတီနက်ဇ်က “အင်တာမီလန်နဲ့စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ ကျွန်တော်ကျေနပ်မိပါတယ်။

အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမှာဖြစ်သလို အခုအချိန်အထိလည်း အကောင်းဆုံးပေးဆပ်နေဆဲပါပဲ။

ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပြီး အင်တာမီလန်ကစားသမားဘဝတစ်လျှောက် လှိုက်လှိုက်လှဲလှဲအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ပြီး ကျွန်တော့်ဘေးနားမှာ အမြဲတမ်းရည်တည်ပေးခဲ့တဲ့ ကျွန်တော့်မိသားစုကိုလည်း ကျေးဇူးတင်ပါတယ် …#ForzaInter”လို့ရေးသားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အာဂျင်တီးနားကလပ်ရေးဆင်းအသင်းကနေ အင်တာမီလန်အသင်းဆီပြောင်းရွှေ့ခဲ့သူမာတီနက်ဇ်ဟာ

လက်ရှိအချိန်အထိ အင်တာမီလန်အသင်းအတွက်ပြိုင်ပွဲစုံ(၁၄၄)ပွဲကစား၊ (၅၄)ဂိုးသွင်းယူထားပြီး အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပါး၊ အာဆင္နယ္တို႔ပစ္မွတ္ထားေနတဲ့ မာတီနက္ဇ္ အင္တာမီလန္နဲ႔(၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုး

အင္တာမီလန္အသင္းရဲ႕ အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မႉးေလာ္တူ႐ိုမာတီနက္ဇ္ဟာ အသင္းနဲ႔(၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္တာေၾကာင့္ သူ႔ကိုေခၚယူဖို႔ပစ္မွတ္ထားေနတဲ့ စပါး၊ အာဆင္နယ္အသင္းတို႔ကေတာ့ ေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားခဲ့ရၿပီျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အင္တာမီလန္အသင္းနဲ႔ ၂၀၂၆၊ ဇြန္လအထိစာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ၿပီး အီတလီမီဒီယာေတြကေတာ့ စာခ်ဳပ္ထဲမွာ ေလ်ာ္ေၾကးအျဖစ္ယူ႐ို(၁၁၁)သန္းထည့္သြင္းခ်ဳပ္ဆိုခဲ့တယ္လို႔ေဖာ္ျပခဲ့ေပမယ့္ မွန္ကန္မႈမရွိခဲ့ဘဲ မာတီနက္ဇ္ကို ေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ အင္တာမီလန္အသင္းေတာင္းတဲ့ေစ်းပမာဏအတိုင္း ေပးေခ်ရမွာပါ။

အင္တာမီလန္အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီးတဲ့ေနာက္ မာတီနက္ဇ္က Instagram မွာ Post တင္ခဲ့ၿပီး အင္တာမီလန္ကစားသမားဘဝ(၃)ႏွစ္တာကာလအတြင္း သူ႔ကို အားေပးခဲ့ၾကတဲ့အသင္းပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

မာတီနက္ဇ္က “အင္တာမီလန္နဲ႔စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့လို႔ ကြၽန္ေတာ္ေက်နပ္မိပါတယ္။ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္သြားမွာျဖစ္သလို အခုအခ်ိန္အထိလည္း အေကာင္းဆုံးေပးဆပ္ေနဆဲပါပဲ။ ကြၽန္ေတာ့္ကို ကူညီေပးခဲ့ၾကတဲ့အသင္းေဖာ္ေတြကိုလည္း ေက်းဇူးတင္ၿပီး အင္တာမီလန္ကစားသမားဘဝတစ္ေလွ်ာက္ လႈိက္လႈိက္လွဲလွဲအားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။

ေနာက္ၿပီး ကြၽန္ေတာ့္ေဘးနားမွာ အၿမဲတမ္းရည္တည္ေပးခဲ့တဲ့ ကြၽန္ေတာ့္မိသားစုကိုလည္း ေက်းဇူးတင္ပါတယ္ …#ForzaInter”လို႔ေရးသားခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက အာဂ်င္တီးနားကလပ္ေရးဆင္းအသင္းကေန အင္တာမီလန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူမာတီနက္ဇ္ဟာ လက္ရွိအခ်ိန္အထိ အင္တာမီလန္အသင္းအတြက္ၿပိဳင္ပြဲစုံ(၁၄၄)ပြဲကစား၊ (၅၄)ဂိုးသြင္းယူထားၿပီး အသင္းနဲ႔အတူ စီးရီးေအခ်န္ပီယံဆုရယူႏိုင္ခဲ့ပါတယ္။