စပါးအသင်းဥက္ကဋ္ဌနဲ့ ဂေါ့ဖ်ရိုက်ဖို့ ချိန်းထားတဲ့ ဂါရတ်ဘေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယနေ့နေ့ခင်းပိုင်း(ဗြိတိန်စံတော်ချိန်)က မက်ဒရစ်ကနေ အင်္ဂလန်ကို ရောက်ရှိလာတဲ့ ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းနဲ့ ယနေ့မှာ ဂေါ့ဖ်ရိုက်ဖို့ ချိန်းထားပြီး သူ့ရဲ့အပြောင်းအရွှေ့ကလည်း ပြီးပြည့်စုံဖို့ ပိုမိုနီးစပ်လာပါတယ်။ ဘေးလ်ဟာ ရီးရဲလ်မှာ ဆိုးရွားတဲ့နေ့ရက်တွေကို အဆုံးသတ်နိုင်တော့မှာဖြစ်ပြီး စပါးကို တစ်ရာသီအငှားနဲ့ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။


သူဟာ ကြာသပတေးနေ့က အသင်းဖော်တွေနဲ့အတူ ထရိန်နင်မဆင်းဘဲ တစ်ဦးတည်းသာ ထရိန်နင်ဆင်းခဲ့ပြီး လန်ဒန်ကို လာရောက်ဖို့ ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။ လန်ဒန်ကို ရောက်လာချိန်မှာတော့ သူဟာ စပါးအသင်းဥက္ကဋ္ဌ လီဗိုင်း၊ စပါးအသင်း ကင်းထောက်ချုပ် စတိဗ်ဟစ်ချင်တို့နဲ့အတူ သူအရမ်းဝါသနာပါတဲ့ ဂေါ့ဖ်ရိုက်ဖို့ ကြိုတင်အချိန်းအချက်ပြုလုပ်ထားတာပါ။


တကယ်လို့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံကသာ အမှန်လို့ယူဆရရင် ဘေးလ်ဟာ ဒီနေ့ နေ့လယ် ၁း၅၂ နာရီ(ဒေသစံတော်ချိန်)မှာ သူတို့ ၃ယောက်သား ဂေ့ါဖ်ရိုက်မှာဖြစ်ပါတယ်။ ဂေါ့ဖ်ရိုက်ပြီးရင် ဘေးလ်ရဲ့အပြောင်းအရွှေ့ကို တရားဝင်ကြေညာမှာလားဆိုတဲ့မေးခွန်းကလည်း စပါးပရိသတ်တွေကြား ရေပန်းစာေးနပါတယ်။


အသက် ၃၁ နှစ်အရွယ်ရှိ ဘေးလ်ဟာ ဂေ့ါဖ်အားကစားနည်းအပေါ် ချစ်မြတ်နိုးသူဖြစ်ပြီး ယမန်နှစ်က ဝေးလ်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေစဉ် ရီးရဲလ်ပရိသတ်တွေကြားပေါက်ကွဲစရာအဖြစ် ‘Wales. Golf. Madrid’ စာတမ်းကို ပြသခဲ့ကြပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရီးရဲလ်ရဲ့အရေးကြီးပွဲတချို့မှာ ပါဝင်ခွင့်မရချိန် အဲဒီပွဲတွေ ကျင်းပနေတဲ့ တစ်ချိန်တည်းလိုလိုမှာ ဂေါ့ဖ်ကစားနေခဲ့ပါတယ်။


စပါးအသင်းနည်းပြ မော်ရင်ညိုကတော့ ပလော့ဗ်ဒစ်ဗ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဘေးလ်ရဲ့အပြောင်းအရွှေ့ကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ”ဘေးလ်က စပါးအသင်းသားမဖြစ်ခင်အထိ သူက ရီးရဲလ်အသင်းသားဆိုတဲ့အချက်ကို ကျွန်တော့်ဘက်က အလေးထားသွားမှာပါ။ ရီးရဲလ်ကစားသမားတစ်ယောက်အကြောင်းလည်း မှတ်ချက်မပေးချင်ပါဘူး”လို့ မော်ရင်ညိုက ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

စပါးအသင္းဥကၠ႒နဲ႔ ေဂါ့ဖ္႐ိုက္ဖို႔ ခ်ိန္းထားတဲ့ ဂါရတ္ေဘးလ္
ယေန႔ေန႔ခင္းပိုင္း(ၿဗိတိန္စံေတာ္ခ်ိန္)က မက္ဒရစ္ကေန အဂၤလန္ကို ေရာက္ရွိလာတဲ့ ရီးရဲလ္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ စပါးအသင္းဥကၠ႒ ဒန္နီရယ္လီဗိုင္းနဲ႔ ယေန႔မွာ ေဂါ့ဖ္႐ိုက္ဖို႔ ခ်ိန္းထားၿပီး သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ကလည္း ၿပီးျပည့္စုံဖို႔ ပိုမိုနီးစပ္လာပါတယ္။ ေဘးလ္ဟာ ရီးရဲလ္မွာ ဆိုး႐ြားတဲ့ေန႔ရက္ေတြကို အဆုံးသတ္ႏိုင္ေတာ့မွာျဖစ္ၿပီး စပါးကို တစ္ရာသီအငွားနဲ႔ ျပန္လည္ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။
သူဟာ ၾကာသပေတးေန႔က အသင္းေဖာ္ေတြနဲ႔အတူ ထရိန္နင္မဆင္းဘဲ တစ္ဦးတည္းသာ ထရိန္နင္ဆင္းခဲ့ၿပီး လန္ဒန္ကို လာေရာက္ဖို႔ ႀကိဳးစားေနခဲ့တယ္လို႔ သိရပါတယ္။ လန္ဒန္ကို ေရာက္လာခ်ိန္မွာေတာ့ သူဟာ စပါးအသင္းဥကၠ႒ လီဗိုင္း၊ စပါးအသင္း ကင္းေထာက္ခ်ဳပ္ စတိဗ္ဟစ္ခ်င္တို႔နဲ႔အတူ သူအရမ္းဝါသနာပါတဲ့ ေဂါ့ဖ္႐ိုက္ဖို႔ ႀကိဳတင္အခ်ိန္းအခ်က္ျပဳလုပ္ထားတာပါ။
တကယ္လို႔ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနတဲ့ဓာတ္ပုံကသာ အမွန္လို႔ယူဆရရင္ ေဘးလ္ဟာ ဒီေန႔ ေန႔လယ္ ၁း၅၂ နာရီ(ေဒသစံေတာ္ခ်ိန္)မွာ သူတို႔ ၃ေယာက္သား ေဂ့ါဖ္႐ိုက္မွာျဖစ္ပါတယ္။ ေဂါ့ဖ္႐ိုက္ၿပီးရင္ ေဘးလ္ရဲ႕အေျပာင္းအေ႐ႊ႕ကို တရားဝင္ေၾကညာမွာလားဆိုတဲ့ေမးခြန္းကလည္း စပါးပရိသတ္ေတြၾကား ေရပန္းစာေးနပါတယ္။
အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ ေဘးလ္ဟာ ေဂ့ါဖ္အားကစားနည္းအေပၚ ခ်စ္ျမတ္ႏိုးသူျဖစ္ၿပီး ယမန္ႏွစ္က ေဝးလ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ရွိေနစဥ္ ရီးရဲလ္ပရိသတ္ေတြၾကားေပါက္ကြဲစရာအျဖစ္ ‘Wales. Golf. Madrid’ စာတမ္းကို ျပသခဲ့ၾကပါတယ္။ ေဘးလ္ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ရီးရဲလ္ရဲ႕အေရးႀကီးပြဲတခ်ိဳ႕မွာ ပါဝင္ခြင့္မရခ်ိန္ အဲဒီပြဲေတြ က်င္းပေနတဲ့ တစ္ခ်ိန္တည္းလိုလိုမွာ ေဂါ့ဖ္ကစားေနခဲ့ပါတယ္။
စပါးအသင္းနည္းျပ ေမာ္ရင္ညိဳကေတာ့ ပေလာ့ဗ္ဒစ္ဗ္ကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေဘးလ္ရဲ႕အေျပာင္းအေ႐ႊ႕ကို မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ”ေဘးလ္က စပါးအသင္းသားမျဖစ္ခင္အထိ သူက ရီးရဲလ္အသင္းသားဆိုတဲ့အခ်က္ကို ကြၽန္ေတာ့္ဘက္က အေလးထားသြားမွာပါ။ ရီးရဲလ္ကစားသမားတစ္ေယာက္အေၾကာင္းလည္း မွတ္ခ်က္မေပးခ်င္ပါဘူး”လို႔ ေမာ္ရင္ညိဳက ေျပာပါတယ္။