စပါးအသင်းရဲ့နည်းပြထိုင်ခုံပေါ်ကို ဘယ်သူကမှ ဝင်ထိုင်ဖို့ဆန္ဒမရှိကြတော့ဘူးလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မော်ရင်ဟိုကို ရာထူးကထုတ်ပယ်ပြီး အခုလောလောဆယ် ယာယီနည်းပြရိုင်ယန်မေဆင်နဲ့ စခန်းသွားနေရတဲ့ စပါးအသင်းဟာ ထိပ်တန်းအဆင့်ရှိတဲ့နည်းပြသစ်တစ်ဦးခန့်အပ်ဖို့ အပူတပြင်းကြိုးပမ်းနေပေမယ့် တစ်ယောက်နဲ့မှ အဆင်မပြေခဲ့ပါဘူး။

စပါးအသင်းဟာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ လာမယ့်နှစ်နွေရာသီမှာ အေဂျက်စ်အသင်းနဲ့စာချုပ်သက်တမ်းပြည့်မယ့် နည်းပြအဲရစ်တန်ဟက်ကို ပစ်မှတ်ထားခဲ့ပါသေးတယ်။

အသင်းဥက္ကဌဖြစ်တဲ့ လီဗိုင်က အဲရစ်တန်ဟက်နဲ့ လူကိုယ်တိုင်တွေ့ဆုံစကားပြောဖို့စီစဉ်ခဲ့ပေမယ့် မကြာခင်မှာပဲ အေဂျက်စ်အသင်းက အဲရစ်တန်ဟက်ကို ၂၀၂၃ ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလိုက်ပြီလို့ အတည်ပြုကြေညာခဲ့တာကြောင့် လီဗိုင်တစ်ယောက် မခံချိမခံသာဖြစ်ခဲ့ရပါတယ်။

အဲရစ်တန်ဟက်ကလည်း စပါးအသင်းကို လာချင်တဲ့ပုံမပေါ်ဘဲ သူက အေဂျက်စ်အသင်းမှာပဲ ပျော်ရွှင်နေပြီဖြစ်ပြီး ဒီအသင်းမှာ သူနဲ့အလုပ်အတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေနေသလို အေဂျက်စ်အသင်းကို အောင်မြင်မှုရအောင်လုပ်ပေးချင်တယ်လို့ အသင်းနဲ့စာချုပ်သက်တမ်းတိုးအပြီးမှာ ဖွင့်ဟခဲ့တာပါ။

စပါးအသင်းအနေနဲ့ ရိုင်ယန်မေဆင်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ်ခန့်အပ်ထားပေမယ့် လီဗိုင်ဟာ နည်းပြသစ်အဖြစ် အတွေ့အကြုံရှိပြီး တိုက်စစ်အားသန်တဲ့သူမျိုးကို ခန့်အပ်ဖို့ ရှာဖွေနေဆဲပါပဲ။

စပါးအသင်းဟာ လက်စတာအသင်းနဲ့အတူ ရလဒ်ကောင်းတွေရယူနေတဲ့ နည်းပြဘရန်ဒန်ရော်ဂျာကို ပစ်မှတ်ထားနေပေမယ့်လည်း ဘရန်ဒန်ရော်ဂျာက လက်စတာအသင်းမှာသာ ပျော်ရွှင်နေပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘရန်ဒန်ရော်ဂျာမတိုင်ခင် လိုက်ပ်ဇစ်နည်းပြနာဂယ်လ်စ်မန်းကို ချိတ်ခဲ့ပေမယ့်လည်း နာဂယ်လ်စ်မန်းက စပါးအသင်းထက် ဘိုင်ယန်မြူးနစ်အသင်းကိုသာ ရွေးချယ်ခဲ့တာပါ။

အခုလောလောဆယ် ဈေးကွက်ထဲမှာတော့ အသင်းလက်မဲ့ဖြစ်နေကြတဲ့ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်းအသင်းနည်းပြဟောင်း ဘင်နီတက်ဇ်၊ ဂျူဗင်တပ်စ်နည်းပြဟောင်း ဆာရီတို့ရှိနေပြီး နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်တာက ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုပဲဖြစ်ပါတယ်။

နူနိုဆန်တိုရဲ့အေးဂျင့်က နာမည်ကြီးရိုင်အိုလာဖြစ်သလို ရိုင်အိုလာကလည်း စပါးနည်းပြရာထူးအတွက် လီဗိုင်နဲ့တွေ့ဆုံစကားပြောဖို့ နူနိုဆန်တိုကို တိုက်တွန်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

စပါးအသင်းဟာ ပွဲစဉ်(၃၃)ပွဲကစားအပြီးမှာ (၅၃)မှတ်နဲ့အဆင့်(၇)နေရာမှာရှိနေပြီး ယာယီနည်းပြရိုင်ယန်မေဆင်အနေနဲ့ စပါးအသင်းကို အဆင့်(၄)အတွင်းဝင်အောင်စွမ်းဆောင်ပြဖို့က သိပ်မဖြစ်နိုင်ပါဘူး။

ထိပ်တန်းအဆင့်နည်းပြတွေကို ပစ်မှတ်ထားခဲ့ပေမယ့် စပါးအသင်းနည်းပြထိုင်ခုံပေါ်ကို တစ်ယောက်မှ လာမထိုင်ချင်ကြတာကြောင့် စပါးအသင်းဟာ ဘင်နီတက်ဇ်၊ ဆာရီတို့လို ခေတ်ဟောင်းနည်းပြကြီးတွေနဲ့ပဲ စခန်းသွားရတော့မလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စပါးအသင္းရဲ႕နည္းျပထိုင္ခုံေပၚကို ဘယ္သူကမွ ဝင္ထိုင္ဖို႔ဆႏၵမရွိၾကေတာ့ဘူးလား

ေမာ္ရင္ဟိုကို ရာထူးကထုတ္ပယ္ၿပီး အခုေလာေလာဆယ္ ယာယီနည္းျပ႐ိုင္ယန္ေမဆင္နဲ႔ စခန္းသြားေနရတဲ့ စပါးအသင္းဟာ ထိပ္တန္းအဆင့္ရွိတဲ့နည္းျပသစ္တစ္ဦးခန႔္အပ္ဖို႔ အပူတျပင္းႀကိဳးပမ္းေနေပမယ့္ တစ္ေယာက္နဲ႔မွ အဆင္မေျပခဲ့ပါဘူး။ စပါးအသင္းဟာ နည္းျပသစ္အျဖစ္ခန႔္အပ္ဖို႔ လာမယ့္ႏွစ္ေႏြရာသီမွာ ေအဂ်က္စ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းျပည့္မယ့္ နည္းျပအဲရစ္တန္ဟက္ကို ပစ္မွတ္ထားခဲ့ပါေသးတယ္။

အသင္းဥကၠဌျဖစ္တဲ့ လီဗိုင္က အဲရစ္တန္ဟက္နဲ႔ လူကိုယ္တိုင္ေတြ႕ဆုံစကားေျပာဖို႔စီစဥ္ခဲ့ေပမယ့္ မၾကာခင္မွာပဲ ေအဂ်က္စ္အသင္းက အဲရစ္တန္ဟက္ကို ၂၀၂၃ ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီလို႔ အတည္ျပဳေၾကညာခဲ့တာေၾကာင့္ လီဗိုင္တစ္ေယာက္ မခံခ်ိမခံသာျဖစ္ခဲ့ရပါတယ္။

အဲရစ္တန္ဟက္ကလည္း စပါးအသင္းကို လာခ်င္တဲ့ပုံမေပၚဘဲ သူက ေအဂ်က္စ္အသင္းမွာပဲ ေပ်ာ္႐ႊင္ေနၿပီျဖစ္ၿပီး ဒီအသင္းမွာ သူနဲ႔အလုပ္အတူတူလုပ္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လည္း အဆင္ေျပေနသလို ေအဂ်က္စ္အသင္းကို ေအာင္ျမင္မႈရေအာင္လုပ္ေပးခ်င္တယ္လို႔ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးအၿပီးမွာ ဖြင့္ဟခဲ့တာပါ။

စပါးအသင္းအေနနဲ႔ ႐ိုင္ယန္ေမဆင္ကို ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ခန႔္အပ္ထားေပမယ့္ လီဗိုင္ဟာ နည္းျပသစ္အျဖစ္ အေတြ႕အႀကဳံရွိၿပီး တိုက္စစ္အားသန္တဲ့သူမ်ိဳးကို ခန႔္အပ္ဖို႔ ရွာေဖြေနဆဲပါပဲ။ စပါးအသင္းဟာ လက္စတာအသင္းနဲ႔အတူ ရလဒ္ေကာင္းေတြရယူေနတဲ့ နည္းျပဘရန္ဒန္ေရာ္ဂ်ာကို ပစ္မွတ္ထားေနေပမယ့္လည္း ဘရန္ဒန္ေရာ္ဂ်ာက လက္စတာအသင္းမွာသာ ေပ်ာ္႐ႊင္ေနပါတယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဘရန္ဒန္ေရာ္ဂ်ာမတိုင္ခင္ လိုက္ပ္ဇစ္နည္းျပနာဂယ္လ္စ္မန္းကို ခ်ိတ္ခဲ့ေပမယ့္လည္း နာဂယ္လ္စ္မန္းက စပါးအသင္းထက္ ဘိုင္ယန္ျမဴးနစ္အသင္းကိုသာ ေ႐ြးခ်ယ္ခဲ့တာပါ။ အခုေလာေလာဆယ္ ေဈးကြက္ထဲမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနၾကတဲ့ တ႐ုတ္စူပါလိဂ္ကလပ္ ဒါလီယန္းအသင္းနည္းျပေဟာင္း ဘင္နီတက္ဇ္၊ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း ဆာရီတို႔ရွိေနၿပီး ေနာက္ထပ္ပစ္မွတ္ျဖစ္လာႏိုင္တာက ဝုလ္ဗ္အသင္းနည္းျပ ႏူႏိုဆန္တိုပဲျဖစ္ပါတယ္။

ႏူႏိုဆန္တိုရဲ႕ေအးဂ်င့္က နာမည္ႀကီး႐ိုင္အိုလာျဖစ္သလို ႐ိုင္အိုလာကလည္း စပါးနည္းျပရာထူးအတြက္ လီဗိုင္နဲ႔ေတြ႕ဆုံစကားေျပာဖို႔ ႏူႏိုဆန္တိုကို တိုက္တြန္းခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။

စပါးအသင္းဟာ ပြဲစဥ္(၃၃)ပြဲကစားအၿပီးမွာ (၅၃)မွတ္နဲ႔အဆင့္(၇)ေနရာမွာရွိေနၿပီး ယာယီနည္းျပ႐ိုင္ယန္ေမဆင္အေနနဲ႔ စပါးအသင္းကို အဆင့္(၄)အတြင္းဝင္ေအာင္စြမ္းေဆာင္ျပဖို႔က သိပ္မျဖစ္ႏိုင္ပါဘူး။ ထိပ္တန္းအဆင့္နည္းျပေတြကို ပစ္မွတ္ထားခဲ့ေပမယ့္ စပါးအသင္းနည္းျပထိုင္ခုံေပၚကို တစ္ေယာက္မွ လာမထိုင္ခ်င္ၾကတာေၾကာင့္ စပါးအသင္းဟာ ဘင္နီတက္ဇ္၊ ဆာရီတို႔လို ေခတ္ေဟာင္းနည္းျပႀကီးေတြနဲ႔ပဲ စခန္းသြားရေတာ့မလားဆိုတာကေတာ့ . . .