
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ စပါးအသင်းပစ်မှတ်ထားနေတဲ့ သူတို့တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကို (၅)နှစ်စာချုပ်သက်တမ်းတိုးဖို့နီးစပ်နေပြီဖြစ်ပါတယ်။
စာချုပ်သစ်ကိစ္စအတွက် မာတီနက်ဇ်နဲ့ အင်တာမီလန်တာဝန်ရှိသူတွေရဲ့ ပထမအကြိမ်ဆုံတွေ့မှုက အဆင်ပြေခဲ့တယ်လို့ Sky Sports Italia မီဒီယာကဖော်ပြခဲ့ပြီး
၂၀၁၈ ခုနှစ်တုန်းက အာဂျင်တီးနားကလပ်ရေးဆင်းအသင်းနေကပြောင်းရွှေ့ခဲ့သူ မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ (၂)နှစ်စာချုပ်ကျန်နေသလို (၁)နှစ်လစာငွေအဖြစ် ပေါင်(၂)သန်းရရှိနေတာဖြစ်ပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်း ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဖလားဆွတ်ခူးနိုင်အောင် ခြေစွမ်းပြကစားခဲ့ပြီး
အာဂျင်တီးနားအသင်းနဲ့လည်း ကိုပါအမေရိကဖလားရယူနိုင်ခဲ့တာကြောင့် သူ့ကိုခေါ်ယူဖို့ အက်သလက်တီကိုနဲ့စပါးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတာပါ။
စပါးအသင်းနည်းပြသစ်နူနိုဆန်တိုဟာ တိုက်စစ်မှာ ဟယ်ရီကိန်းနဲ့တွဲဖက်ကစားဖို့ ဒါမှမဟုတ် ဟယ်ရီကိန်းကို မန်စီးတီးအသင်းဆီလက်လွှတ်လိုက်ရရင်လည်း အစားထိုးနိုင်အောင် မာတီနက်ဇ်ကို ခေါ်ယူချင်နေတာဖြစ်ပြီး ပေါင်သန်း(၆၀)နဲ့သဘောတူညီမှုရခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။
အင်တာမီလန်အသင်းအနေနဲ့လည်း လူကာကူကို ဆက်ထိန်းနိုင်ရင် မာတီနက်ဇ်ကို စပါးအသင်းဆီရောင်းချဖို့ရှိပေမယ့် အခု လူကာကူက ချယ်လ်ဆီးအသင်းဆီရောက်ရှိသွားတာကြောင့် သူတို့ရဲ့အဓိက,တိုက်စစ်မှူးနောက်တစ်ဦးကို ထပ်ပြီးအဆုံးရှုံးခံတော့မှာမဟုတ်ပါဘူး။
အင်တာမီလန်အသင်းဟာ ကိုဗစ်ရောဂါဆိုးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အခုနွေရာသီကာလအတွင်း လူကာကူကို ပေါင်(၉၇.၅)သန်း၊
နောက်ခံလူဟာကီမီကို ပေါင်(၅၁)သန်းနဲ့ ချယ်လ်ဆီး၊ PSG အသင်းတို့ဆီရောင်းချခဲ့တာကြောင့် ပေါင်သန်း(၁၅၀)နီးပါးရရှိခဲဲ့ပြီဖြစ်လို့ မာတီနက်ဇ်အပါအဝင် အဓိက,ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကြိုးစားသွားမှာပါ။
အဲဒါကြောင့် အင်တာမီလန်အသင်းဟာ မာတီနက်ဇ်ကို (၅)နှစ်စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတာဖြစ်ပြီး စာချုပ်သစ်အရ မာတီနက်ဇ်ဟာ လစာအဖြစ်စုစုပေါင်း ပေါင်(၅.၁)သန်းအထိရရှိမှာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စပါးအသင္းပစ္မွတ္ထားေနတဲ့ တိုက္စစ္မႉးမာတီနက္ဇ္ကို အင္တာမီလန္(၅)ႏွစ္စာခ်ဳပ္သက္တမ္းႏိုင္ဖို႔နီးစပ္ေန
စီးရီးေအလက္ရွိခ်န္ပီယံ အင္တာမီလန္အသင္းဟာ စပါးအသင္းပစ္မွတ္ထားေနတဲ့ သူတို႔တိုက္စစ္မႉးေလာ္တာ႐ိုမာတီနက္ဇ္ကို (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔နီးစပ္ေနၿပီျဖစ္ပါတယ္။ စာခ်ဳပ္သစ္ကိစၥအတြက္ မာတီနက္ဇ္နဲ႔ အင္တာမီလန္တာဝန္ရွိသူေတြရဲ႕ ပထမအႀကိမ္ဆုံေတြ႕မႈက အဆင္ေျပခဲ့တယ္လို႔ Sky Sports Italia မီဒီယာကေဖာ္ျပခဲ့ၿပီး ၂၀၁၈ ခုႏွစ္တုန္းက အာဂ်င္တီးနားကလပ္ေရးဆင္းအသင္းေနကေျပာင္းေ႐ႊ႕ခဲ့သူ မာတီနက္ဇ္ဟာ အင္တာမီလန္အသင္းနဲ႔ (၂)ႏွစ္စာခ်ဳပ္က်န္ေနသလို (၁)ႏွစ္လစာေငြအျဖစ္ ေပါင္(၂)သန္းရရွိေနတာျဖစ္ပါတယ္။
အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးမာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္း ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဖလားဆြတ္ခူးႏိုင္ေအာင္ ေျခစြမ္းျပကစားခဲ့ၿပီး အာဂ်င္တီးနားအသင္းနဲ႔လည္း ကိုပါအေမရိကဖလားရယူႏိုင္ခဲ့တာေၾကာင့္ သူ႔ကိုေခၚယူဖို႔ အက္သလက္တီကိုနဲ႔စပါးအသင္းတို႔က အၿပိဳင္စိတ္ဝင္စားေနၾကတာပါ။
စပါးအသင္းနည္းျပသစ္ႏူႏိုဆန္တိုဟာ တိုက္စစ္မွာ ဟယ္ရီကိန္းနဲ႔တြဲဖက္ကစားဖို႔ ဒါမွမဟုတ္ ဟယ္ရီကိန္းကို မန္စီးတီးအသင္းဆီလက္လႊတ္လိုက္ရရင္လည္း အစားထိုးႏိုင္ေအာင္ မာတီနက္ဇ္ကို ေခၚယူခ်င္ေနတာျဖစ္ၿပီး ေပါင္သန္း(၆၀)နဲ႔သေဘာတူညီမႈရခဲ့တယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ အင္တာမီလန္အသင္းအေနနဲ႔လည္း လူကာကူကို ဆက္ထိန္းႏိုင္ရင္ မာတီနက္ဇ္ကို စပါးအသင္းဆီေရာင္းခ်ဖို႔ရွိေပမယ့္ အခု လူကာကူက ခ်ယ္လ္ဆီးအသင္းဆီေရာက္ရွိသြားတာေၾကာင့္ သူတို႔ရဲ႕အဓိက,တိုက္စစ္မႉးေနာက္တစ္ဦးကို ထပ္ၿပီးအဆုံးရႈံးခံေတာ့မွာမဟုတ္ပါဘူး။
အင္တာမီလန္အသင္းဟာ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဘ႑ာေရးအက်ပ္အတည္းနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ အခုေႏြရာသီကာလအတြင္း လူကာကူကို ေပါင္(၉၇.၅)သန္း၊ ေနာက္ခံလူဟာကီမီကို ေပါင္(၅၁)သန္းနဲ႔ ခ်ယ္လ္ဆီး၊ PSG အသင္းတို႔ဆီေရာင္းခ်ခဲ့တာေၾကာင့္ ေပါင္သန္း(၁၅၀)နီးပါးရရွိခဲဲ့ၿပီျဖစ္လို႔ မာတီနက္ဇ္အပါအဝင္ အဓိက,ကစားသမားေတြကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ႀကိဳးစားသြားမွာပါ။ အဲဒါေၾကာင့္ အင္တာမီလန္အသင္းဟာ မာတီနက္ဇ္ကို (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနတာျဖစ္ၿပီး စာခ်ဳပ္သစ္အရ မာတီနက္ဇ္ဟာ လစာအျဖစ္စုစုေပါင္း ေပါင္(၅.၁)သန္းအထိရရွိမွာလည္းျဖစ္ပါတယ္။