စပါးအသင်းနည်းပြရာထူးကို လက်မခံခင် ယူနိုက်တက်ဆီက,ကမ်းလှမ်းမှုကို နောက်ဆုံးအချိန်အထိစောင့်ခဲ့တဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြသစ်ကွန်တီဟာ စပါးအသင်းနည်းပြရာထူးကို လက်မခံခင် မန်ချက်စတာယူနိုက်တက်အသင်းဆီက,

ကမ်းလှမ်းမှုများရှိလာမလားဆိုပြီးတော့ နောက်ဆုံးအချိန်အထိစောင့်မျှော်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

စပါးအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နူနိုဆန်တိုကို ရာထူးကထုတ်ပယ်ခဲ့ပြီး,ပြီးခဲ့တဲ့အင်္ဂါနေ့ကမှ နည်းပြသစ်အဖြစ်ကွန်တီကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ လီဗာပူးလ်ကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဆိုးလ်ရှားကို

ရာထူးကထုတ်ပယ်တော့မယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သလို နည်းပြသစ်ဖြစ်လာဖို့အတွက် ကွန်တီက ထိပ်ဆုံးမှာရေပန်းစားခဲ့တာပါ။

ကွန်တီကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းနည်းပြရာထူးကို လက်ခံဖို့အသင့်ရှိတာကြောင့် ယူနိုက်တက်အသင်းဆီက,

ကမ်းလှမ်းမှုကိုစောင့်မျှော်ခဲ့ပေမယ့် ဘာမှမထူးခြားတဲ့အတွက် စပါးအသင်းနည်းပြအဖြစ်ဆောင်ရွက်ဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ The Mirror ကဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဘုတ်အဖွဲ့က ပြီးခဲ့တဲ့နွေရာသီတုန်းက (၃)နှစ်စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဆိုးလ်ရှားကို ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့တောင်းဆိုမှုနဲ့အတူ အချိန်တစ်ခုထပ်ပေးပြီးတော့ စောင့်ကြည့်သွားဖို့ဆုံးဖြတ်ခဲ့ပြီး

လာမယ့်ဒီဇင်ဘာလကျရင် ဆိုးလ်ရှားရဲ့အနေအထားနဲ့ပတ်သက်လို့ အစည်းအဝေးပြုလုပ်သုံးသပ်သွားမှာဖြစ်ပါတယ်။

စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ(၃-၀)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဆိုးလ်ရှားအတွက် ဖိအားအနည်းငယ်လျော့သွားပေမယ့်

လီဗာပူးလ်နဲ့ပွဲတုန်းကလို နောက်ထပ်အရှက်ရစရာရှုံးပွဲထပ်ကြုံလာမယ်ဆိုရင်တော့ ဆိုးလ်ရှားအတွက် အာမခံချက်မရှိနိုင်တော့ပါဘူး။

ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ မန်စီးတီးအသင်းနဲ့မန်ချက်စတာဒါဘီပွဲယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်းတစ်ခုရယူနိုင်ဖို့လိုနေသလို နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်အပြီး

ပြန်ကစားမယ့်ပွဲတွေမှာ ဝက်ဖို့ဒ်၊ ချယ်လ်ဆီး၊ ဗီလာရီးယဲလ်(အားလုံးအဝေး)တိုနဲ့ရင်ဆိုင်ရမှာဖြစ်သလို ဒီဇင်ဘာလအစောပိုင်းကျရင် အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပါးအသင္းနည္းျပရာထူးကို လက္မခံခင္ ယူႏိုက္တက္ဆီက,ကမ္းလွမ္းမႈကို ေနာက္ဆုံးအခ်ိန္အထိေစာင့္ခဲ့တဲ့ ကြန္တီ

စပါးအသင္းနည္းျပသစ္ကြန္တီဟာ စပါးအသင္းနည္းျပရာထူးကို လက္မခံခင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီက,ကမ္းလွမ္းမႈမ်ားရွိလာမလားဆိုၿပီးေတာ့ ေနာက္ဆုံးအခ်ိန္အထိေစာင့္ေမွ်ာ္ခဲ့တယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။ စပါးအသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္ ႏူႏိုဆန္တိုကို ရာထူးကထုတ္ပယ္ခဲ့ၿပီး,ၿပီးခဲ့တဲ့အဂၤါေန႔ကမွ နည္းျပသစ္အျဖစ္ကြန္တီကို ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္း ယူႏိုက္တက္အသင္းဟာ အိမ္ကြင္းမွာ လီဗာပူးလ္ကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ဆိုးလ္ရွားကိုရာထူးကထုတ္ပယ္ေတာ့မယ္ဆိုတဲ့သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚခဲ့သလို နည္းျပသစ္ျဖစ္လာဖို႔အတြက္ ကြန္တီက ထိပ္ဆုံးမွာေရပန္းစားခဲ့တာပါ။ ကြန္တီကိုယ္တိုင္ကလည္း ယူႏိုက္တက္အသင္းနည္းျပရာထူးကို လက္ခံဖို႔အသင့္ရွိတာေၾကာင့္ ယူႏိုက္တက္အသင္းဆီက,ကမ္းလွမ္းမႈကိုေစာင့္ေမွ်ာ္ခဲ့ေပမယ့္ ဘာမွမထူးျခားတဲ့အတြက္ စပါးအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ဖို႔သေဘာတူညီခဲ့တာျဖစ္တယ္လို႔ ၿဗိတိန္သတင္းစာ The Mirror ကေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဘုတ္အဖြဲ႕က ၿပီးခဲ့တဲ့ေႏြရာသီတုန္းက (၃)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဆိုးလ္ရွားကို ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕ေတာင္းဆိုမႈနဲ႔အတူ အခ်ိန္တစ္ခုထပ္ေပးၿပီးေတာ့ ေစာင့္ၾကည့္သြားဖို႔ဆုံးျဖတ္ခဲ့ၿပီး လာမယ့္ဒီဇင္ဘာလက်ရင္ ဆိုးလ္ရွားရဲ႕အေနအထားနဲ႔ပတ္သက္လို႔ အစည္းအေဝးျပဳလုပ္သုံးသပ္သြားမွာျဖစ္ပါတယ္။

စပါးအသင္းနဲ႔ပြဲမွာ ယူႏိုက္တက္အသင္းဟာ(၃-၀)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ ဆိုးလ္ရွားအတြက္ ဖိအားအနည္းငယ္ေလ်ာ့သြားေပမယ့္ လီဗာပူးလ္နဲ႔ပြဲတုန္းကလို ေနာက္ထပ္အရွက္ရစရာရႈံးပြဲထပ္ႀကဳံလာမယ္ဆိုရင္ေတာ့ ဆိုးလ္ရွားအတြက္ အာမခံခ်က္မရွိႏိုင္ေတာ့ပါဘူး။ ယူႏိုက္တက္အသင္းဟာ ဒီေန႔မွာ မန္စီးတီးအသင္းနဲ႔မန္ခ်က္စတာဒါဘီပြဲယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ရလဒ္ေကာင္းတစ္ခုရယူႏိုင္ဖို႔လိုေနသလို ႏိုင္ငံတကာပြဲစဥ္ရက္သတၱပတ္အၿပီး ျပန္ကစားမယ့္ပြဲေတြမွာ ဝက္ဖို႔ဒ္၊ ခ်ယ္လ္ဆီး၊ ဗီလာရီးယဲလ္(အားလုံးအေဝး)တိုနဲ႔ရင္ဆိုင္ရမွာျဖစ္သလို ဒီဇင္ဘာလအေစာပိုင္းက်ရင္ အာဆင္နယ္အသင္းနဲ႔ပရီးမီးယားလိဂ္အိမ္ကြင္းပြဲကစားရမွာျဖစ္ပါတယ္။