စပါးအတွက် သတင်းဆိုးက အဓိကတိုက်စစ်မှုးဟယ်ရီကိန်းရဲ့ကာလရှည်နားရနိုင်မှု

photo-daily mail

photo-gettyimages

အခုသီတင်းပတ်အစောပိုင်းမှာပဲ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် စပါးအသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်မှုးဟယ်ရီကိန်းကို အချိန်အတိုင်းအတာတစ်ခုအထိ ဆုံးရှုံးရတော့မှာပါ။ အဲဒီအင်္ဂလန်တိုက်စစ်မှုးဟာ နှစ်သစ်ရဲ့ပထမဆုံးနေ့ ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့လို့ပါပဲ။ အခု စပါးအသင်းရဲ့ထုတ်ပြန်မှုအရ ကိန်းရဲ့ဒဏ်ရာဟာ ပြင်းထန်တဲ့သဘောမှာရှိလို့ အဲဒါဟာ နည်းပြမော်ရင်ဟိုအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာမှာပါ။

photo-gettyimages

ဒဏ်ရာကို ထပ်မံစစ်ဆေးမှုတွေပြုလုပ်ရဦးမှာဖြစ်တာကြောင့် ဘယ်လောက်အထိ နားရနိုင်မလဲဆိုတာ အတိအကျမသိရသေးပေမယ့် လောလောဆယ်အနေအထားအရ ၃ ပတ်ကနေ ၈ ပတ်အထိ နားရနိုင်ပါတယ်။ လောလောဆယ်တော့ ဟယ်ရီကိန်းဟာ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို သေချာပေါက်လွဲတော့မှာပါ။ တကယ်လို့ ကာလရှည်သာနားရမယ်ဆိုရင် သူဟာ စပါးရဲ့လာမယ့်အရေးကြီးပွဲတွေကိုလည်း လွဲမှာ ဖြစ်ပါတယ်။ စပါးဟာ လာတော့မယ့်ပရီးမီးယားလိဂ်ပွဲတွေမှာ လီဗာပူး၊မန်စီးတီးတို့နဲ့ရင်ဆိုင်ရဖို့ရှိပြီး ဖေဖော်ဝါရီလထဲမှာလည်း လစ်ဇစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်ရှိနေတာပါ။

photo-PA

၂၆ နှစ်အရွယ် ဟယ်ရီကိန်းဟာ ဒီရာသီမှာလည်း စပါးရဲ့အဓိကဂိုးသွင်းစက်ဖြစ်နေပြီး ပြိုင်ပွဲအရပ်ရပ် ၂၅ ပွဲမှာ ၁၇ ဂိုးသွင်းပေးထားတာပါ။ ဒါကြောင့် သူရဲ့ဒဏ်ရာပြသနာဟာ စပါးအတွက် သတင်းဆိုးဖြစ်နေတာပါ။ မှတ်တမ်းတွေအရလည်း ဟယ်ရီကိန်းမပါတဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ စပါးဟာ ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးနဲ့ ၅ မှတ်သာရခဲ့ပြီး ၄ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

[Zawgyi]

စပါးအတြက္ သတင္းဆုိးက အဓိကတိုက္စစ္မႈးဟယ္ရီကိန္းရဲ႕ကာလရွည္နားရႏိုင္မႈ

အခုသီတင္းပတ္အေစာပိုင္းမွာပဲ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ စပါးအသင္းဟာ သူတို႔ရဲ႕အဓိကတိုက္စစ္မႈးဟယ္ရီကိန္းကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ဆုံးရႈံးရေတာ့မွာပါ။ အဲဒီအဂၤလန္တိုက္စစ္မႈးဟာ ႏွစ္သစ္ရဲ႕ပထမဆုံးေန႔ ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရရွိသြားခဲ့လုိ႔ပါပဲ။ အခု စပါးအသင္းရဲ႕ထုတ္ျပန္မႈအရ ကိန္းရဲ႕ဒဏ္ရာဟာ ျပင္းထန္တဲ့သေဘာမွာရွိလို႔ အဲဒါဟာ နည္းျပေမာ္ရင္ဟိုအတြက္ ထုိးႏွက္ခ်က္တစ္ခုလည္း ျဖစ္လာမွာပါ။

ဒဏ္ရာကို ထပ္မံစစ္ေဆးမႈေတြျပဳလုပ္ရဦးမွာျဖစ္တာေၾကာင့္ ဘယ္ေလာက္အထိ နားရႏိုင္မလဲဆိုတာ အတိအက်မသိရေသးေပမယ့္ ေလာေလာဆယ္အေနအထားအရ ၃ ပတ္ကေန ၈ ပတ္အထိ နားရႏိုင္ပါတယ္။ ေလာေလာဆယ္ေတာ့ ဟယ္ရီကိန္းဟာ မစ္ဒယ္ဘေရာ့နဲ႔ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္ကို ေသခ်ာေပါက္လြဲေတာ့မွာပါ။ တကယ္လုိ႔ ကာလရွည္သာနားရမယ္ဆုိရင္ သူဟာ စပါးရဲ႕လာမယ့္အေရးႀကီးပြဲေတြကိုလည္း လြဲမွာ ျဖစ္ပါတယ္။ စပါးဟာ လာေတာ့မယ့့္ပရီးမီးယားလိဂ္ပြဲေတြမွာ လီဗာပူး၊မန္စီးတီးတို႔နဲ႔ရင္ဆိုင္ရဖို႔ရွိၿပီး ေဖေဖာ္၀ါရီလထဲမွာလည္း လစ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပြဲစဥ္ရွိေနတာပါ။

၂၆ ႏွစ္အရြယ္ ဟယ္ရီကိန္းဟာ ဒီရာသီမွာလည္း စပါးရဲ႕အဓိကဂိုးသြင္းစက္ျဖစ္ေနၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၂၅ ပြဲမွာ ၁၇ ဂိုးသြင္းေပးထားတာပါ။ ဒါေၾကာင့္ သူရဲ႕ဒဏ္ရာျပသနာဟာ စပါးအတြက္ သတင္းဆုိးျဖစ္ေနတာပါ။ မွတ္တမ္းေတြအရလည္း ဟယ္ရီကိန္းမပါတဲ့ ေနာက္ဆုံးပရီးမီးယားလိဂ္ ၆ ပြဲမွာ စပါးဟာ ၁ ပြဲႏိုင္၊ ၂ ပြဲသေရ၊ ၃ ပြဲရႈံးနဲ႔ ၅ မွတ္သာရခဲ့ၿပီး ၄ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။