စပါးဟာ ကျည်ဆံမရှိဘဲနဲ့ သေနတ်ပစ်နေရသလိုပဲလို့ လစ်ဇစ်ရှုံးပွဲအပြီး ငြီးတွားလိုက်တဲ့မော်ရင်ဟို

photo-daily mail

photo-reuters

ချန်ပီယံလိဂ်က လစ်ဇစ်ကိုရှုံးနိမ့်မှုမှာ သူ့ရဲ့စပါးအသင်းဟာ ကျည်ဆံမရှိဘဲနဲ့ သေနတ်တိုက်ပွဲဆင်နွှဲရသလိုခံစားရကြောင်း နည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ စပါးဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ရဲ့ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ လစ်ဇစ်ကို တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့အသင်းမှာ ကြယ်ပွင့်တိုက်စစ်မှုးတွေဖြစ်ကြတဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ပါဝင်နိုင်ခြင်းမရှိကြဘဲ ဒဏ်ရာကပြန်ကောင်းတာမကြာသေးတဲ့လာမီလာကလည်း နောက်ဆုံးမိနစ် ၂၀ မှာသာ ဝင်ကစားခဲ့တာပါ။

photo-reuters

ဒီလိုအခြေအနေကြောင့်လည်း မော်ရင်ဟိုဟာ လစ်ဇစ်နဲ့ပွဲမှာ တိုက်စစ်မှုးမပါတဲ့ပုံစံနဲ့ ကစားခဲ့ရပါတယ်။ အဲဒီအတွက်လည်း မော်ရင်ဟိုဟာ သူ့အသင်းရဲ့ဒဏ်ရာပြသနာကို အကြောင်းပြခဲ့ပြီး အဲဒီလိုအနေအထားမှာတောင် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ခံစားနေရကာ ဂျာမန်မြေက ဒုတိယအကျော့မှာ ပြန်လည်ရုန်းထနိုင်မယ်လို့ ယုံကြည်နေပါတယ်။

photo-BT Sport

”ကောင်လေးတွေကို ဆက်လက်ယုံကြည်လိုက်ကြတာပေါ့။ သူတို့လည်း သူတို့တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တာပဲလို့ ပြောရမှာပါ။ လာမီလာဆိုရင် ဒဏ်ရာကပြန်ကောင်းကောင်းချင်း လေ့ကျင့်မှုတောင် သိပ်မလုပ်ရသေးဘဲနဲ့ မိနစ် ၂၀ လောက် ဝင်ကစားခဲ့ရတယ်။ အဲဒါဟာ ကျွန်တော်တို့အသင်းပါပဲ။ တခြားအသင်းကိုကြည့်လိုက်လေ။ ပက်ထရစ်ရှစ်ခ်၊ တီမိုဝါနာ၊ အန်ကွန်ကူတို့နဲ့။ အန်ကွန်ကူမောသွားတော့ ဖော့စ်ဘတ်ဝင်လာတယ်။ ပက်ထရစ်ရှစ်ခ်မောသွားတော့ ပေါလ်ဆင်ဝင်လာတယ်။ ဒါဟာ ကျွန်တော်တို့အခြေအနေပါပဲ။ ကျည်ဆံမရှိတဲ့သေနတ်တစ်လက်နဲ့ တိုက်ခိုက်ရတော့မလိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့လုပ်နိုင်တာကို လုပ်ခဲ့တာပါ”လို့ မော်ရင်က ပွဲအပြီးမှာ ပြောခဲ့တာပါ။

[Zawgyi]

စပါးဟာ က်ည္ဆံမရွိဘဲနဲ႔ ေသနတ္ပစ္ေနရသလိုပဲလုိ႔ လစ္ဇစ္ရႈံးပြဲအၿပီး ၿငီးတြားလုိက္တဲ့ေမာ္ရင္ဟို

ခ်န္ပီယံလိဂ္က လစ္ဇစ္ကိုရႈံးနိမ့္မႈမွာ သူ႔ရဲ႕စပါးအသင္းဟာ က်ည္ဆံမရွိဘဲနဲ႔ ေသနတ္တိုက္ပြဲဆင္ႏႊဲရသလိုခံစားရေၾကာင္း နည္းျပေမာ္ရင္ဟိုက ေျပာၾကားလုိက္ပါတယ္။ စပါးဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရံႈးထြက္အဆင့္ရဲ႕ပထမအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ လစ္ဇစ္ကို တစ္လုံးတည္းေသာပင္နယ္တီဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။ ေမာ္ရင္ဟိုရဲ႕အသင္းမွာ ၾကယ္ပြင့္တိုက္စစ္မႈးေတြျဖစ္ၾကတဲ့ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ပါ၀င္ႏိုင္ျခင္းမရွိၾကဘဲ ဒဏ္ရာကျပန္ေကာင္းတာမၾကာေသးတဲ့လာမီလာကလည္း ေနာက္ဆုံးမိနစ္ ၂၀ မွာသာ ၀င္ကစားခဲ့တာပါ။

ဒီလိုအေျခအေနေၾကာင့္လည္း ေမာ္ရင္ဟုိဟာ လစ္ဇစ္နဲ႔ပဲြမွာ တုိက္စစ္မႈးမပါတဲ့ပုံစံနဲ႔ ကစားခဲ့ရပါတယ္။ အဲဒီအတြက္လည္း ေမာ္ရင္ဟိုဟာ သူ႔အသင္းရဲ႕ဒဏ္ရာျပသနာကို အေၾကာင္းျပခဲ့ၿပီး အဲဒီလိုအေနအထားမွာေတာင္ တတ္ႏိုင္သေလာက္ အေကာင္းဆုံးလုပ္ေဆာင္ခဲ့တယ္လုို႔ ခံစားေနရကာ ဂ်ာမန္ေျမက ဒုတိယအေက်ာ့မွာ ျပန္လည္ရုန္းထႏိုင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

”ေကာင္ေလးေတြကို ဆက္လက္ယုံၾကည္လိုက္ၾကတာေပါ့။ သူတုိ႔လည္း သူတုိ႔တတ္ႏိုင္သေလာက္ အေကာင္းဆုံးလုပ္ခဲ့တာပဲလုိ႔ ေျပာရမွာပါ။ လာမီလာဆုိရင္ ဒဏ္ရာကျပန္ေကာင္းေကာင္းခ်ငး္ ေလ့က်င့္မႈေတာင္ သိပ္မလုပ္ရေသးဘဲနဲ႔ မိနစ္ ၂၀ ေလာက္ ၀င္ကစားခဲ့ရတယ္။ အဲဒါဟာ ကၽြန္ေတာ္တုိ႔အသင္းပါပဲ။ တျခားအသင္းကိုၾကည့္လုိက္ေလ။ ပက္ထရစ္ရွစ္ခ္၊ တီမို၀ါနာ၊ အန္ကြန္ကူတို႔နဲ႔။ အန္ကြန္ကူေမာသြားေတာ့ ေဖာ့စ္ဘတ္၀င္လာတယ္။ ပက္ထရစ္ရွစ္ခ္ေမာသြားေတာ့ ေပါလ္ဆင္၀င္လာတယ္။ ဒါဟာ ကၽြန္ေတာ္တို႔အေျခအေနပါပဲ။ က်ည္ဆံမရွိတဲ့ေသနတ္တစ္လက္နဲ႔ တိုက္ခိုက္ရေတာ့မလိုပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔လုပ္ႏုိင္တာကို လုပ္ခဲ့တာပါ”လို႔ ေမာ္ရင္က ပြဲအၿပီးမွာ ေျပာခဲ့တာပါ။