
photo-daily mail
photo-the sun
နော်ဝစ်ချ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့ အက်ဖ်အေဖလားအိမ်ကွင်းပွဲစဉ်အပြီးမှာ စပါးကွင်းလယ်လူအဲရစ်ဒိုင်ယာဟာ ဒေါသတကြီးနဲ့ပွဲကြည့်စင်ပေါ်တက်ပြီး ကိုယ့်အသင်းပရိသတ်တွေနဲ့ရန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကွင်းလုံခြုံရေးတွေက ဒိုင်ယာကို ဆွဲခေါ်သွားခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာထက်မှာ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေတာပါ။
https://twitter.com/i/status/1235339243322593282
ပွဲအပြီးမှာ သူ့ရဲ့မိသားစုဝင်တစ်ယောက်ကို စော်ကားခဲ့လို့ ဒိုင်ယာဟာ အဲဒီလိုတုံ့ပြန်ခဲ့တာလို့ စပါးနည်းပြမော်ရင်ဟိုက ပြောပါတယ်။ ဗီဒီယိုဖိုင်တစ်ခုမှာလည်း ”သူက ငါ့ညီကွ”ဆိုပြီး ဒိုင်ယာပြောဆိုနေတာ တွေ့ရပါတယ်။ မော်ရင်ဟိုအနေနဲ့ သူ့ကစာသမားရဲ့ဒီလိုတုံ့ပြန်မှုကို ကာကွယ်သွားခဲ့ပေမယ့် အဲဒါဟာ ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ပြောကြားသွားပါတယ်။ ဒိုင်ယာကတော့ ဒီဖြစ်ရပ်ကြောင့် အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်ရတော့မှာပါ။
Eric Dier apparently confronting a fan after the fan allegedly racially abused Gedson Fernandes.
Chaos at our club currently – on and off the pitch #THFC pic.twitter.com/CDtWkyykBk
— Spurs Unfiltered (@SpursUnfiltered) March 4, 2020
”မေးခွန်းကနေ ကျွန်တော် ရှောင်မပြေးနိုင်ပါဘူး။ ဒိုင်ယာဟာ ကျွန်တေ်ာတို့ပရော်ဖက်ရှင်နယ်တွေလုပ်လို့မရနိုင်တဲ့ တစ်ခုခုကို လုပ်လိုက်တာပါ။ ဒီလိုအခြေအနေမှာဆိုရင်တော့ ကျွန်တော်တို့အားလုံးလည်း လုပ်မိကြမှာပါပဲ။ တစ်ယောက်ယောက်က ခင်ဗျားကိုစော်ကားပြီး အဲဒီမှာ ခင်ဗျားရဲ့မိသားစုကလည်း ရှိနေတယ်။ ဒီကိစ္စမှာ သူ့ညီပါလာလို့ ဒိုင်ယာဟာ ကျွန်တော်တို့ပရော်ဖက်ရှင်နယ်တွေလုပ်လို့မရနိုင်တာကို လုပ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ထပ်ပြောပါမယ်။ ကျွန်တော်တို့ဟာလည်း အဲဒီလိုလုပ်မိကြမှာပါပဲ။ ကစားသမားနဲ့အတူ ကျွန်တော်ရှိနေသလို သူ့ကိုလည်း နားလည်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
[Zawgyi]
စပါးရဲ႕ရႈံးပြဲအၿပီးမွာ ပြဲၾကည့္စင္ေပၚတက္ၿပီး ကိုယ့္ပရိသတ္ေတြနဲ႔ ရန္ျဖစ္ခဲ့တဲ့ ဒုိင္ယာ
ေနာ္၀စ္ခ်္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတဲ့ အက္ဖ္ေအဖလားအိမ္ကြင္းပြဲစဥ္အၿပီးမွာ စပါးကြငး္လယ္လူအဲရစ္ဒုိင္ယာဟာ ေဒါသတႀကီးနဲ႔ပြဲၾကည့္စင္ေပၚတက္ၿပီး ကိုယ့္အသင္းပရိသတ္ေတြနဲ႔ရန္ျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီေနာက္ ကြင္းလုံၿခဳံေရးေတြက ဒုိင္ယာကို ဆြဲေခၚသြားခဲ့ရပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လုိ႔ ဆိုရွယ္မီဒီယာထက္မွာ ဗီဒီယိုဖိုင္ေတြလည္း ထြက္ေပၚေနတာပါ။
ပြဲအၿပီးမွာ သူ႔ရဲ႕မိသားစု၀င္တစ္ေယာက္ကို ေစာ္ကားခဲ့လို႔ ဒုိင္ယာဟာ အဲဒီလိုတုံ႔ျပန္ခဲ့တာလို႔ စပါးနည္းျပေမာ္ရင္ဟိုက ေျပာပါတယ္။ ဗီဒီယိုဖိုင္တစ္ခုမွာလည္း ”သူက ငါ့ညီကြ”ဆိုၿပီး ဒိုင္ယာေျပာဆိုေနတာ ေတြ႕ရပါတယ္။ ေမာ္ရင္ဟိုအေနနဲ႔ သူ႔ကစာသမားရဲ႕ဒီလိုတုံ႔ျပန္မႈကို ကာကြယ္သြားခဲ့ေပမယ့္ အဲဒါဟာ ပေရာ္ဖက္ရွင္နယ္မဆန္ဘူးလို႔ ေျပာၾကားသြားပါတယ္။ ဒိုင္ယာကေတာ့ ဒီျဖစ္ရပ္ေၾကာင့္ အက္ဖ္ေအရဲ႕စုံစမ္းစစ္ေဆးမႈနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။
”ေမးခြန္းကေန ကၽြန္ေတာ္ ေရွာင္မေျပးႏိုင္ပါဘူး။ ဒိုင္ယာဟာ ကၽြန္ေတ္ာတုိ႔ပေရာ္ဖက္ရွင္နယ္ေတြလုပ္လို႔မရႏုိင္တဲ့ တစ္ခုခုကို လုပ္လုိက္တာပါ။ ဒီလိုအေျခအေနမွာဆုိရင္ေတာ့ ကၽြန္ေတာ္တို႔အားလုံးလည္း လုပ္မိၾကမွာပါပဲ။ တစ္ေယာက္ေယာက္က ခင္ဗ်ားကိုေစာ္ကားၿပီး အဲဒီမွာ ခင္ဗ်ားရဲ႕မိသားစုကလည္း ရွိေနတယ္။ ဒီကိစၥမွာ သူ႔ညီပါလာလို႔ ဒိုင္ယာဟာ ကၽြန္ေတာ္တို႔ပေရာ္ဖက္ရွင္နယ္ေတြလုပ္လုိ႔မရႏိုင္တာကို လုပ္ခဲ့တာပါ။ ဒါေပမဲ့ ကၽြန္ေတာ္ထပ္ေျပာပါမယ္။ ကၽြန္ေတာ္တို႔ဟာလည္း အဲဒီလိုလုပ္မိၾကမွာပါပဲ။ ကစားသမားနဲ႔အတူ ကၽြန္ေတာ္ရွိေနသလုိ သူ႔ကိုလည္း နားလည္ပါတယ္”လို႔ ေမာ္ရင္ဟိုက ေျပာၾကားခဲ့ပါတယ္။