စပါးနဲ႔အဆင္မေျပတဲ႔ ပိုခ်က္တီႏိုကို မန္ယူအသင္း ပစ္မွတ္ထားေနတယ္လို႔ ဆို

Photo- Internet
Photo- Internet

စပါးအသင္းဟာ ဒီရာသီမွာ ရလဒ္ေတြဆိုးရြားမႈနဲ႔ အတူဖိအားေအာက္ေရာက္ေနလို႔ အနာဂတ္မေသခ်ာဘူးလို႔ သတင္းထြက္ေနတဲ႔ နည္းျပ ပိုခ်က္တီႏိုကို မန္ယူအသင္းကေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ ေနာက္ဆုံးသတင္းေတြအရ သိရပါတယ္။ မန္ယူဟာ ပိုခ်က္တီႏိုကို ေခၚယူဖို႔ အရင္ကလည္းႀကိဳးပမ္းခဲ့ဘူးပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ႔ ရာသီက ေမာ္ရင္ဟိုကိုထုတ္ပယ္ခ်ိန္ကတည္းက ပိုခ်က္တီႏိုကိုေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ္႔ အဆင္မေျပခဲ့လို႔ ယာယီနည္းျပအျဖစ္ခန္႔ထားတဲ႔ ဆိုးလ္ရွားကိုဘဲ အၿမဲတမ္းနည္းျပအျဖစ္ စာခ်ဳပ္လိုက္တာျဖစ္ပါတယ္။ အဲဒီတုန္းက ပိုခ်က္တီႏိုကလည္း မန္ယူကိုျငင္းပယ္ခဲ့တဲ႔အျပင္ စပါးကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေစခဲ့လို႔ စပါးပရိသတ္ေတြၾကားမွာ သူ႔ကိုေတာ္ေတာ္အေလးထားခဲ့ၾကတာပါ။

Photo- Internet

ဒါေပမယ္႔ ဒီရာသီမွာေတာ႔ အသင္းရဲ႕နာမည္ေက်ာ္ကစားသမားေတြကို ထိပ္တန္းအသင္းေတြက ပစ္မွတ္ထားမႈနဲ႔အတူ ရလဒ္ေတြလည္း ဆိုးရြားေနတာေၾကာင့္ စိတ္ပ်က္စရာေတြ ႀကံဳေနရၿပီး သူ႔အနာဂတ္ဟာလည္း ေမးခြန္းထုတ္ခံေနရတာပါ။ ထိုနည္းတူစြာ ဆိုးလ္ရွားဟာလည္း မန္ယူကို ရလဒ္ေတြေကာင္းေအာင္စြမ္းေဆာင္ေပးႏိုင္ ျခင္းမရွိတဲ႔အျပင္ ကစားပုံပါ ဆိုးရြားေနတဲ႔အတြက္ သူ႔ကိုထုတ္ပယ္ဖို႔ မန္ယူဘုတ္အဖြဲ႔က စီစဥ္ေနတယ္လို႔ သတင္းေတြထြက္ေနတာပါ။

Photo- Internet

ဒါေၾကာင့္လည္း မန္ယူဟာ စပါးနဲ႔အဆင္မေျပေတာ႔တဲ႔ ပိုခ်က္တီႏိုကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ဒါေပမယ္႔ သူဟာၿပီးခဲ့တဲ႔ ရာသီစတင္ခ်ိန္က စပါးနဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တာေၾကာင့္ မန္ယူအခက္ေတြ႔ရဖို႔လည္းရွိေနပါတယ္။ သူ႔စာခ်ဳပ္မွာထြက္ခြာေၾကး မပါတဲ႔အတြက္ မန္ယူဟာ ပုိခ်က္တီႏိုကိုေခၚဖို႔အတြက္ လက္က်န္စာခ်ဳပ္သက္တမ္းရဲ႕လစာအတိုင္းအျပည့္အ၀ေပးေခ်မွသာ ေခၚယူႏိုင္မွာျဖစ္ပါတယ္။ သူဟာ စပါးနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္နဲ႔ ၉ လက်န္ေနေသးၿပီး တစ္ႏွစ္လစာေပါင္ ၈.၅ သန္းျဖစ္လို႔  မန္ယူဟာေပါင္ ၃၂ သန္းအထိကုန္က်မွာျဖစ္ပါတယ္။

Photo- Internet

မန္ယူရဲ႕ေနာက္ဆုံး ၃ ပြဲျဖစ္တဲ႔ အက္စ္တာနာ၊ ၀က္စ္ဟမ္းနဲ႔ ေရာ႔ခ်္ေဒးလ္ တို႔နဲ႔ပြဲေတြမွာ မန္ယူရဲ႕ကစားပုံကရုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့လို႔ ရလဒ္နဲ႔ ကစားပုံ သိသာစြာတိုးတက္လာျခင္းမရွိရင္ ဆိုးလ္ရွားကိုရာထူးကထုတ္ပယ္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဆိုးလ္ရွားက မန္ယူနဲ႔ အၿမဲတမ္းစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးကတည္းက ရလဒ္ေတြဆက္တိုက္ဆိုးေနတာျဖစ္ပါတယ္။

Photo- Internet

Unicode

စပါးနဲ့အဆင်မပြေတဲ့ ပိုချက်တီနိုကို မန်ယူအသင်း ပစ်မှတ်ထားနေတယ်လို့ ဆို
စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားမှုနဲ့ အတူဖိအားအောက်ရောက်နေလို့ အနာဂတ်မသေချာဘူးလို့ သတင်းထွက်နေတဲ့ နည်းပြ ပိုချက်တီနိုကို မန်ယူအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။ မန်ယူဟာ ပိုချက်တီနိုကို ခေါ်ယူဖို့ အရင်ကလည်းကြိုးပမ်းခဲ့ဘူးပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့ ရာသီက မော်ရင်ဟိုကိုထုတ်ပယ်ချိန်ကတည်းက ပိုချက်တီနိုကိုခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ယာယီနည်းပြအဖြစ်ခန့်ထားတဲ့ ဆိုးလ်ရှားကိုဘဲ အမြဲတမ်းနည်းပြအဖြစ် စာချုပ်လိုက်တာဖြစ်ပါတယ်။ အဲဒီတုန်းက ပိုချက်တီနိုကလည်း မန်ယူကိုငြင်းပယ်ခဲ့တဲ့အပြင် စပါးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်စေခဲ့လို့ စပါးပရိသတ်တွေကြားမှာ သူ့ကိုတော်တော်အလေးထားခဲ့ကြတာပါ။

ဒါပေမယ့် ဒီရာသီမှာတော့ အသင်းရဲ့နာမည်ကျော်ကစားသမားတွေကို ထိပ်တန်းအသင်းတွေက ပစ်မှတ်ထားမှုနဲ့အတူ ရလဒ်တွေလည်း ဆိုးရွားနေတာကြောင့် စိတ်ပျက်စရာတွေ ကြုံနေရပြီး သူ့အနာဂတ်ဟာလည်း မေးခွန်းထုတ်ခံနေရတာပါ။ ထိုနည်းတူစွာ ဆိုးလ်ရှားဟာလည်း မန်ယူကို ရလဒ်တွေကောင်းအောင်စွမ်းဆောင်ပေးနိုင် ခြင်းမရှိတဲ့အပြင် ကစားပုံပါ ဆိုးရွားနေတဲ့အတွက် သူ့ကိုထုတ်ပယ်ဖို့ မန်ယူဘုတ်အဖွဲ့က စီစဉ်နေတယ်လို့ သတင်းတွေထွက်နေတာပါ။

ဒါကြောင့်လည်း မန်ယူဟာ စပါးနဲ့အဆင်မပြေတော့တဲ့ ပိုချက်တီနိုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာပြီးခဲ့တဲ့ ရာသီစတင်ချိန်က စပါးနဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ခဲ့တာကြောင့် မန်ယူအခက်တွေ့ရဖို့လည်းရှိနေပါတယ်။ သူ့စာချုပ်မှာထွက်ခွာကြေး မပါတဲ့အတွက် မန်ယူဟာ ပိုချက်တီနိုကိုခေါ်ဖို့အတွက် လက်ကျန်စာချုပ်သက်တမ်းရဲ့လစာအတိုင်းအပြည့်အဝပေးချေမှသာ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ သူဟာ စပါးနဲ့ စာချုပ်သက်တမ်း ၃ နှစ်နဲ့ ၉ လကျန်နေသေးပြီး တစ်နှစ်လစာပေါင် ၈.၅ သန်းဖြစ်လို့  မန်ယူဟာပေါင် ၃၂ သန်းအထိကုန်ကျမှာဖြစ်ပါတယ်။

မန်ယူရဲ့နောက်ဆုံး ၃ ပွဲဖြစ်တဲ့ အက်စ်တာနာ၊ ဝက်စ်ဟမ်းနဲ့ ရော့ချ်ဒေးလ် တို့နဲ့ပွဲတွေမှာ မန်ယူရဲ့ကစားပုံကရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့လို့ ရလဒ်နဲ့ ကစားပုံ သိသာစွာတိုးတက်လာခြင်းမရှိရင် ဆိုးလ်ရှားကိုရာထူးကထုတ်ပယ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဆိုးလ်ရှားက မန်ယူနဲ့ အမြဲတမ်းစာချုပ် ချုပ်ဆိုပြီးကတည်းက ရလဒ်တွေဆက်တိုက်ဆိုးနေတာဖြစ်ပါတယ်။