စပါးနဲ႔ပြဲမွာ အူဘာ၊လာကာနဲ႔ပီပီတို႔ ၃ ေယာက္စလုံးပြဲထြက္ႏိုင္ေၾကာင္း အမ္မရီအရိပ္အျမြက္ဆို

photo-ESPN

gettyimages

စပါးနဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ တိုက္စစ္မႈးေတြျဖစ္ၾကတဲ့ အူဘာမီယန္၊လာကာဇက္တီနဲ႔ပီပီတု႔ိ ၃ ေယာက္စလုံးကို ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္အသုံးျပဳလာႏိုင္ေၾကာင္း အာဆင္နယ္နည္းျပအမ္မရီက အရိပ္အျမြက္ေျပာၾကားလိုက္ပါတယ္။ ဒီထဲမွာ အူဘာမီယန္နဲ႔ လာကာဇက္တီတို႔ဟာ ေနာက္ဆုံးလ ၂၀ အတြင္း အာဆင္နယ္မွာ ကြင္းတြင္းကြင္းျပင္ ခိုင္မာတဲ့တြဲဖက္ညီမႈရွိထားၿပီး အာဆင္နယ္တုိက္စစ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈလည္း အလြန္ရွိၾကပါတယ္။ ဒါ့အျပင္ အသင္းစံခ်ိန္တင္ေၾကးရွင္ပီပီေရာက္လာလို႔ အာဆင္နယ္တုိက္စစ္ဟာ ပိုေကာင္းလာဖို႔ရွိတယ္လို႔ ပရိသတ္ေတြက ယုံၾကည္ေနၾကတာပါ။

photo-gettyimages

ဒါေပမဲ့ နည္းျပအမ္မရီဟာ အခုခ်ိန္ထိ သူတုိ႔ ၃ ေယာက္စလုံးကို အတူတကြပြဲထြက္ေစတာမ်ိဳးမရွိေသးပါဘူး။ ၿပီးခဲ့တဲ့အပတ္ လီဗာပူးကုိ ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္ေစမလားေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အမ္မရီဟာ အူဘာမီယန္နဲ႔ပီပီတို႔ကိုသာ ပြဲထြက္စာရင္းထဲထည့္ခဲ့ကာ လာကာဇက္တီကိုေတာ့ လူစား၀င္အျဖစ္သာ အသုံးျပဳခဲ့ပါတယ္။ လီဗာပူးကို ေျချပတ္ဂိုးျပတ္ရႈံးခဲ့ေပမယ့္လည္း အဲဒီပြဲမွာ ေပါင္ ၇၂ သန္းတန္ပီပီဟာ လီဗာပူးခံစစ္ကိုၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး စတင္ဦးေဆာင္ႏိုင္မယ့္အခြင့္အေရးမ်ိဳးရခဲ့တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ လာမယ့္စပါးနဲ႔ပဲြမွာေတာ့ သူတုိ႔ ၃ ေယာက္စလုံးကို အာဆင္နယ္ပြဲထြက္စာရင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ေတြ႕ျမင္ရႏိုင္ေျခရွိေနပါတယ္။

photo-express

”သူတုိ႔ ၃ ေယာက္စလုံးအတူတကြပြဲထြက္ကစားႏိုင္တယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ တစ္ပြဲလုံးမွာလည္း သူတို႔ ၃ ေယာက္အတူကစားႏိုင္မွာပါ။ အဲဒါက ကၽြန္ေတာ္တုိ႔ရဲ႕gameplan ကိုဘယ္လိုဆုံးျဖတ္မလဲဆုိတဲ့အေပၚ မူတည္ပါတယ္”လို႔ အာဆင္နယ္နည္းျပအမ္မရီက ေျပာခဲ့တာပါ။ ပရိသတ္ေတြဘက္က သူတုိ႔ ၃ ေယာက္ကို အတူပြဲထြက္ေစလိုေနၾကေပမယ့္လည္း အမ္မရီကေတာ့ အေလာမႀကီးေစလိုေၾကာင္း၊ အေျခအေနကိုၾကည့္ၿပီး ဆုံးျဖတ္သြားမွာျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

[Unicode]

စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အူဘာမီယန်၊လာကာဇက်တီနဲ့ပီပီတု့ိ ၃ ယောက်စလုံးကို ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်အသုံးပြုလာနိုင်ကြောင်း အာဆင်နယ်နည်းပြအမ်မရီက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ ဒီထဲမှာ အူဘာမီယန်နဲ့ လာကာဇက်တီတို့ဟာ နောက်ဆုံးလ ၂၀ အတွင်း အာဆင်နယ်မှာ ကွင်းတွင်းကွင်းပြင် ခိုင်မာတဲ့တွဲဖက်ညီမှုရှိထားပြီး အာဆင်နယ်တိုက်စစ်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလည်း အလွန်ရှိကြပါတယ်။ ဒါ့အပြင် အသင်းစံချိန်တင်ကြေးရှင်ပီပီရောက်လာလို့ အာဆင်နယ်တိုက်စစ်ဟာ ပိုကောင်းလာဖို့ရှိတယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတာပါ။

ဒါပေမဲ့ နည်းပြအမ်မရီဟာ အခုချိန်ထိ သူတို့ ၃ ယောက်စလုံးကို အတူတကွပွဲထွက်စေတာမျိုးမရှိသေးပါဘူး။ ပြီးခဲ့တဲ့အပတ် လီဗာပူးကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်စေမလားမျှော်လင့်ခဲ့ကြပေမယ့် အမ်မရီဟာ အူဘာမီယန်နဲ့ပီပီတို့ကိုသာ ပွဲထွက်စာရင်းထဲထည့်ခဲ့ကာ လာကာဇက်တီကိုတော့ လူစားဝင်အဖြစ်သာ အသုံးပြုခဲ့ပါတယ်။ လီဗာပူးကို ခြေပြတ်ဂိုးပြတ်ရှုံးခဲ့ပေမယ့်လည်း အဲဒီပွဲမှာ ပေါင် ၇၂ သန်းတန်ပီပီဟာ လီဗာပူးခံစစ်ကိုခြိမ်းခြောက်နိုင်ခဲ့ပြီး စတင်ဦးဆောင်နိုင်မယ့်အခွင့်အရေးမျိုးရခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လာမယ့်စပါးနဲ့ပွဲမှာတော့ သူတို့ ၃ ယောက်စလုံးကို အာဆင်နယ်ပွဲထွက်စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ရနိုင်ခြေရှိနေပါတယ်။

”သူတို့ ၃ ယောက်စလုံးအတူတကွပွဲထွက်ကစားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ပွဲလုံးမှာလည်း သူတို့ ၃ ယောက်အတူကစားနိုင်မှာပါ။ အဲဒါက ကျွန်တော်တို့ရဲ့gameplan ကိုဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်”လို့ အာဆင်နယ်နည်းပြအမ်မရီက ပြောခဲ့တာပါ။ ပရိသတ်တွေဘက်က သူတို့ ၃ ယောက်ကို အတူပွဲထွက်စေလိုနေကြပေမယ့်လည်း အမ်မရီကတော့ အလောမကြီးစေလိုကြောင်း၊ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။