စပါးနည်းပြအဖြစ် ဒီဇင်ဘာ ၄မှာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာတော့မယ့် မော်ရင်ညို

Photo Credit

Photo Credit

ပေါ်တူဂီလူမျိုးဟိုဆေးမော်ရင်ညိုကို ဒီဇင်ဘာလ ၄ရက်နေ့ဆိုရင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းက နည်းပြထိုင်ခုံနေရာမှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပြီး ဒီတစ်ခါတော့ စပါးအသင်းနည်းပြအဖြစ် ဧည့်သည်အသင်းရဲ့နေရာမှာ ရှိနေမှာဖြစ်ပါတယ်။

Photo Credit

အသက် ၅၆ နှစ်အရွယ်ရှိ မော်ရင်ညိုဟာ စောစောစီးစီးပဲ သူ့အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီဇင်ဘာပထမရက်သတ္တပတ်ရဲ့အကောင်းဆုံးပွဲလည်းဖြစ်ပါတယ်။ မော်ရင်ညိုဟာ ယနေ့မှာ စပါးအသင်းနည်းပြအဖြစ် ၂၀၂၂-၂၃ ရာသီကုန်အထိ ရှိမယ့်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာပါ။

Photo Credit

”ဟိုဆေးဟာ ဆုဖလားပေါင်း ၂၅ လုံးရရှိထားသလို အောင်မြင်မှုအရှိဆုံးနည်းပြတစ်ဦးဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နိုင်ငံတိုင်းမှာ ပြည်တွင်းဖလားရယူနိုင်ခဲ့ပါတယ်။ သူဟာ ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီနဲ့ စပိန်အဆင့်မြင့်တန်းအမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်သူအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို မတူညီတဲ့အသင်း ၂သင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့တတိယမြောက်နည်းပြအဖြစ်လည်း စံချိန်တင်ထားပါတယ်”လို့ စပါးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

အခုလို အသင်းဟောင်းယူနိုက်တက်နဲ့ စောစောစီးစီးပြန်လည်ရင်ဆိုင်ရမှာက စပါးနည်းပြသစ် မော်ရင်ညိုအတွက် အံ့အားသင့်စရာပြန်လာမှုဖြစ်ပြီး သူဟာ ယမန်နှစ်ဒီဇင်ဘာလက လီဗာပူးကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit

”နည်းပြမော်ရင်ညိုအနေနဲ့ အသင်းကနေ ချက်ချင်းထွက်ခွာခဲ့ပြီဆိုတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်အပ်ပါတယ်။ ယူနိုက်တက်အတွက် သူ့ရဲ့လုပ်ဆောင်ပေးမှုတွေအပေါ် ကျေးဇူးတင်ရှိပြီး အနာဂတ်မှာလည်း အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ ယာယီနည်းပြအနေနဲ့ ရာသီကုန်ဆုံးချိန်အထိ အသင်းကိုကိုင်တွယ်မှာဖြစ်ပါတယ်”လို့ မော်ရင်ညိုကို ထုတ်ပယ်လိုက်ပြီးနောက် ယူနိုက်တက်က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Photo Credit

Zawgyi

စပါးနည္းျပအျဖစ္ ဒီဇင္ဘာ ၄မွာ အိုးလ္ထရက္ဖုိ႔ဒ္ကို ျပန္လာေတာ့မယ့္ ေမာ္ရင္ညိဳ

ေပၚတူဂီလူမ်ိဳးဟိုေဆးေမာ္ရင္ညိဳကို ဒီဇင္ဘာလ ၄ရက္ေန႔ဆုိရင္ အုိးလ္ထရက္ဖုိ႔ဒ္ကြင္းအတြင္းက နည္းျပထုိင္ခုံေနရာမွာ ျပန္လည္ျမင္ေတြ႕ရေတာ့မွာျဖစ္ၿပီး ဒီတစ္ခါေတာ့ စပါးအသင္းနည္းျပအျဖစ္ ဧည့္သည္အသင္းရဲ႕ေနရာမွာ ရွိေနမွာျဖစ္ပါတယ္။
အသက္ ၅၆ ႏွစ္အရြယ္ရွိ ေမာ္ရင္ညိဳဟာ ေစာေစာစီးစီးပဲ သူ႕အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး ဒီဇင္ဘာပထမရက္သတၱပတ္ရဲ႕အေကာင္းဆုံးပြဲလည္းျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ယေန႔မွာ စပါးအသင္းနည္းျပအျဖစ္ ၂၀၂၂-၂၃ ရာသီကုန္အထိ ရွိမယ့္စာခ်ဳပ္နဲ႔ ခန္႔အပ္ခံခဲ့ရတာပါ။
”ဟုိေဆးဟာ ဆုဖလားေပါင္း ၂၅ လံုးရရွိထားသလုိ ေအာင္ျမင္မႈအရွိဆုံးနည္းျပတစ္ဦးျဖစ္ၿပီး ပါ၀င္ယွဥ္ၿပိဳင္ခဲ့တဲ့ႏိုင္ငံတုိင္းမွာ ျပည္တြင္းဖလားရယူႏုိင္ခဲ့ပါတယ္။ သူဟာ ေပၚတူဂီ၊ အဂၤလန္၊ အီတလီနဲ႔ စပိန္အဆင့္ျမင့္တန္းအမွတ္ေပးၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္သူအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို မတူညီတဲ့အသင္း ၂သင္းနဲ႔အတူ ရယူႏုိင္ခဲ့တဲ့တတိယေျမာက္နည္းျပအျဖစ္လည္း စံခ်ိန္တင္ထားပါတယ္”လုိ႔ စပါးအသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
အခုလို အသင္းေဟာင္းယူႏုိက္တက္နဲ႔ ေစာေစာစီးစီးျပန္လည္ရင္ဆုိင္ရမွာက စပါးနည္းျပသစ္ ေမာ္ရင္ညိဳအတြက္ အံ့အားသင့္စရာျပန္လာမႈျဖစ္ၿပီး သူဟာ ယမန္ႏွစ္ဒီဇင္ဘာလက လီဗာပူးကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ ယူႏုိက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။
”နည္းျပေမာ္ရင္ညိဳအေနနဲ႔ အသင္းကေန ခ်က္ခ်င္းထြက္ခြာခဲ့ၿပီဆုိတဲ့အေၾကာင္း ေၾကညာခ်က္ထုတ္ျပန္အပ္ပါတယ္။ ယူႏိုက္တက္အတြက္ သူ႕ရဲ႕လုပ္ေဆာင္ေပးမႈေတြအေပၚ ေက်းဇူးတင္ရွိၿပီး အနာဂတ္မွာလည္း ေအာင္ျမင္မႈေတြရရွိပါေစလုိ႔ ဆုေတာင္းေပးပါတယ္။ ယာယီနည္းျပအေနနဲ႔ ရာသီကုန္ဆုံးခ်ိန္အထိ အသင္းကိုကိုင္တြယ္မွာျဖစ္ပါတယ္”လုိ႔ ေမာ္ရင္ညိဳကို ထုတ္ပယ္လုိက္ၿပီးေနာက္ ယူႏုိက္တက္က ေၾကညာခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။