
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်နဲ့ချယ်လ်ဆီးတို့ပဲ အကြိတ်အနယ်ယှဉ်ပြိုင်ရမလားပဲ။
ဘာဖြစ်လို့လဲဆိုတော့ ..လက်ရှိပွဲစဉ်(၅)အပြီးအထိ ခြေစွမ်းပိုင်း၊ Team Work အပိုင်း၊ ကစားသမားစုဖွဲ့မှုအပိုင်းမှာ
ဒီနှစ်သင်းက တခြားအသင်းတွေထက်ပိုကောင်းနေတယ်လို့ မြင်မိပြီး
အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ ၂၀၁၆-၁၇ ရာသီနောက်ပိုင်းဝေးကွာနေတဲ့
ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ အလားအလာပိုများနေတယ်လို့လည်း ယူဆမိတယ်။
ရာသီအစပဲရှိသေးလို့ ချန်ပီယံအဖြေထုတ်ဖို့က အရမ်းစောလွန်းနေပေမယ့် အခုလောလောဆယ် ချယ်လ်ဆီးအသင်းကစားဟန်က
တခြားအသင်းတွေထက်ကို ပိုတည်ငြိမ်ပြီး စုဖွဲ့မှုပိုကောင်းတာကိုတော့ ငြင်းလို့မရဘူး။
ဒါပေမဲ့ သူတို့ရဲ့အသက်သွေးကြောကလည်း ကန်တေ ပေါ်မှာ မူတည်နေတယ်။
ပထမပိုင်းမှာ ကန်တေ မပါတဲ့ကစားဟန်နဲ့ ဒုတိယပိုင်း ကန်တေ လူစားဝင်လာပြီးကစားဟန်က တော်တော်လေးကွာသွားပြီး ဂိုးတွေကိုလည်း ဒုတိယပိုင်းမှသွင်းနိုင်ခဲ့တာပါ။
ကန်တေ မပါတဲ့ ပထမပိုင်းမှာ မေဆင်မောင့်၊ ဂျော်ဂျင်ဟို၊ ကိုဗစ်ဆစ်တို့ရဲ့ အတွဲအဖက်ကလည်း အပြစ်ပြောစရာမရှိပေမယ့် အရမ်းကြီး Dynamic Impact မဖြစ်ခဲ့ဘူး။
အဲဒါကြောင့်လည်း စပါးအသင်းကွင်းလယ်က ချယ်လ်ဆီးကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး ကွန်တေ ဝင်လာချိန်မှာတော့
သူ့ရဲ့ Energetic ကစားဟန်ကြောင့် ချယ်လ်ဆီးကွင်းလယ်လုပ်အားနှုန်းပိုကောင်းလာသလို စပါးအသင်းဘက်ကို တောက်လျှောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့တယ်။
စပါးအသင်းနည်းပြနူနိုဆန်တိုအတွက်ကတော့ ဟန်းနီးမွန်းခရီးစဉ်ဟာ ခပ်မြန်မြန်ပဲအဆုံးသတ်သွားပြီလို့ပြောရမယ်။
ရာသီအစတုန်းက မန်စီးတီးအပါအဝင် (၃)ပွဲဆက်တိုက်အနိုင်ယူပြီးတော့ အမှတ်ပေးဇယားထိပ်ဆုံးရောက်ခဲ့တဲ့ စပါးအသင်းဟာ
ပဲလေ့စ်ကို (၃-ဝ)ဂိုးပြတ်ရှုံး၊ ကြားရက်တုန်းက UEFA Conference League ပွဲမှာ ရန်းစ်နဲ့ သရေကျ၊ အခုတစ်ပတ်ပရီးမီးယားလိဂ်မှာလည်း ချယ်လ်ဆီးကို (၃)ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပြန်တယ်။
ဟယ်ရီကိန်းကတော့ နွေရာသီတုန်းက အပြောင်းအရွှေ့သတင်းရိုက်ခတ်မှုဒဏ်ကို အခုအချိန်အထိခံစားနေရဆဲလို့ပြောရမှာဖြစ်ပြီး
ဒီရာသီအသင်းအတွက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ တစ်ဂိုးမှမသွင်းနိုင်သေးဘဲ
ဒါက ၂၀၁၅-၁၆ ရာသီနောက်ပိုင်း အဆိုးရွားဆုံးစွမ်းဆောင်ရည်ဖြစ်သလို အဲဒီ(၄)ပွဲမှာ ဂိုးပေါက်ကန်ချက်က (၄)ကြိမ်သာရှိခဲ့တယ်။
ဟယ်ရီကိန်းရုန်းကန်နေရလို့ စပါးတိုက်စစ်တာဝန်တစ်ခုလုံးက ဆွန်ဟောင်မင်အပေါ် လုံးလုံးလျားလျားကို ကျရောက်သွားပြီး
ဆွန်ဟောင်မင် မလှုပ်နိုင်ရင် စပါးအသင်းလည်း ဘာမှမလုပ်နိုင်တော့ဘူး။
မန်စီးတီးလို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး တိုက်စစ်အစုအဖွဲ့ပိုင်ဆိုင်ထားတဲ့အသင်းတောင်
ရူဒီဂါ၊ ခရစ္စတန်ဆင်၊ သီယာဂိုဆေးလ်ဗားတို့ရဲ့ Defence Line ကို မကျော်ဖြတ်နိုင်တာ
ဆွန်ဟောင်မင်တစ်ယောက်သာ ရုန်းနေတဲ့ စပါးအသင်းဆို ပိုဆိုးသွားတော့တာပါပဲ။
ပိုချက်တီနိုလက်ထက်တုန်းက အသင်းရဲ့ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့တဲ့ အယ်လီဟာလည်း
အခုအချိန်မှာ အင်ဂျင်ကျနေတဲ့ကားတစ်စီးလိုဖြစ်နေပြီး ပိုဆိုးတာက နူနိုဆန်တိုဟာ အယ်လီကို ကွင်းလယ်(၃)ယောက်တန်းရဲ့ ဘယ်ခြမ်းမှာအသုံးပြုနေတာပဲဖြစ်ပါတယ်။
အယ်လီရဲ့ အကောင်းဆုံးစွမ်းရည်က Second Striker လိုမျိုး ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း လွတ်နေတဲ့ Space တွေမှာ နေရာယူ၊ အခွင့်အရေးရရင် ဂိုးသွင်းတာပဲဖြစ်ပြီး
သူက Passing ၊ Creativity ၊ Dribbling ကောင်းတဲ့ကစားသမားမဟုတ်လို့ ကွင်းလယ်(၃)ယောက်တန်းနေရာနဲ့ ဘယ်လိုမှအဆင်မပြေပါဘူး။
ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ချယ်လ်ဆီးအသင်းဂိုးရခဲ့ပြီး အလွန်ဆိုရဲ့ထောင့်ကန်ဘောကနေ
သီယာဂိုဆေးလ်ဗားက ခေါင်းတိုက်သွင်းယူခဲ့သလို အသက်(၃၆)နှစ်၊ (၃၆၂)ရက်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ
ဒရော့ဘာ(၃ရနှစ်၊ ၄၉ရက်-လက်စတာ/၂၀၁၅)နောက်ပိုင်း အသင်းအတွက် ဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက်အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကွန်တေ ဝင်လာပြီးနောက်ပိုင်း တိုက်စစ်ကစားပုံ ပိုမြိုင်သွားတဲ့ချယ်လ်ဆီးအသင်း အဖွင့်ဂိုးရပြီးလို့ (၇)မိနစ်လောက်အကြာမှာပဲ
ကွန်တေရဲ့အပြင်းကန်ချက် စပါးအသင်းနောက်ခံလူနဲ့ထိ လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့ပြီး ကွန်တေဟာ ၂၀၁၉၊ နိုဝင်ဘာလတုန်းက
မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၄၉)ပွဲကစားအပြီးမှ ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။
ဒုတိယပိုင်း(၁၅)မိနစ်လောက်အတွင်းမှာပဲ (၂)ဂိုးအထိပေးခဲ့ရလို့ စပါးအသင်း ခြေစွမ်းရော၊ စိတ်ဓာတ်ပါကျသွားသလိုဖြစ်ခဲ့ပြီး
ဘရိုင်ယန်ဟေးလ်နဲ့ စကစ် ဝင်လာတော့မှ ကစားပုံနည်းနည်းပြန်တည်ငြိမ်လာပေမယ့် ချယ်လ်ဆီးအသင်းကို မယှဉ်နိုင်ခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းအတွက် တတိယဂိုးကိုတော့ ပွဲပြီးခါနီးမှာ ညာခြမ်းကနေ ဗာနာ ချိုးပေးလိုက်တဲ့ဘောလုံးကို ရူဒီဂါ ပိတ်သွင်းခဲ့တာဖြစ်ပြီး လန်ဒန်မြို့ခံပြိုင်ဘက်ကို (၃-ဝ)ပြတ်နဲ့ ချေမှုန်းနိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စပါးကို ဂိုးျပတ္အႏိုင္ယူၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအိပ္မက္ကို အသက္သြင္းဖို႔အသင့္ရွိေနၿပီျဖစ္တဲ့ ခ်ယ္လ္ဆီး
ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လီဗာပူးလ္နဲ ႔ခ်ယ္လ္ဆီးတို႔ပဲ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမလားပဲ။
ဘာျဖစ္လို႔လဲဆိုေတာ့ ..လက္ရွိပြဲစဥ္(၅)အၿပီးအထိ ေျခစြမ္းပိုင္း၊ Team Work အပိုင္း၊ ကစားသမားစုဖြဲ႕မႈအပိုင္းမွာ ဒီႏွစ္သင္းက တျခားအသင္းေတြထက္ပိုေကာင္းေနတယ္လို႔ ျမင္မိၿပီး အထူးသျဖင့္ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၆-၁၇ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားရယူႏိုင္ဖို႔ အလားအလာပိုမ်ားေနတယ္လို႔လည္း ယူဆမိတယ္။
ရာသီအစပဲရွိေသးလို႔ ခ်န္ပီယံအေျဖထုတ္ဖို႔က အရမ္းေစာလြန္းေနေပမယ့္ အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းကစားဟန္က တျခားအသင္းေတြထက္ကို ပိုတည္ၿငိမ္ၿပီး စုဖြဲ႕မႈပိုေကာင္းတာကိုေတာ့ ျငင္းလို႔မရဘူး။ ဒါေပမဲ့ သူတို႔ရဲ႕အသက္ေသြးေၾကာကလည္း ကန္ေတ ေပၚမွာ မူတည္ေနတယ္။ ပထမပိုင္းမွာ ကန္ေတ မပါတဲ့ကစားဟန္နဲ႔ ဒုတိယပိုင္း ကန္ေတ လူစားဝင္လာၿပီးကစားဟန္က ေတာ္ေတာ္ေလးကြာသြားၿပီး ဂိုးေတြကိုလည္း ဒုတိယပိုင္းမွသြင္းႏိုင္ခဲ့တာပါ။ ကန္ေတ မပါတဲ့ ပထမပိုင္းမွာ ေမဆင္ေမာင့္၊ ေဂ်ာ္ဂ်င္ဟို၊ ကိုဗစ္ဆစ္တို႔ရဲ႕ အတြဲအဖက္ကလည္း အျပစ္ေျပာစရာမရွိေပမယ့္ အရမ္းႀကီး Dynamic Impact မျဖစ္ခဲ့ဘူး။
အဲဒါေၾကာင့္လည္း စပါးအသင္းကြင္းလယ္က ခ်ယ္လ္ဆီးကို သူတင္ကိုယ္တင္ကစားႏိုင္ခဲ့ၿပီး ကြန္ေတ ဝင္လာခ်ိန္မွာေတာ့ သူ႔ရဲ႕ Energetic ကစားဟန္ေၾကာင့္ ခ်ယ္လ္ဆီးကြင္းလယ္လုပ္အားႏႈန္းပိုေကာင္းလာသလို စပါးအသင္းဘက္ကို ေတာက္ေလွ်ာက္တိုက္စစ္ဆင္ကစားႏိုင္ခဲ့တယ္။ စပါးအသင္းနည္းျပႏူႏိုဆန္တိုအတြက္ကေတာ့ ဟန္းနီးမြန္းခရီးစဥ္ဟာ ခပ္ျမန္ျမန္ပဲအဆုံးသတ္သြားၿပီလို႔ေျပာရမယ္။ ရာသီအစတုန္းက မန္စီးတီးအပါအဝင္ (၃)ပြဲဆက္တိုက္အႏိုင္ယူၿပီးေတာ့ အမွတ္ေပးဇယားထိပ္ဆုံးေရာက္ခဲ့တဲ့ စပါးအသင္းဟာ ပဲေလ့စ္ကို (၃-၀)ဂိုးျပတ္ရႈံး၊ ၾကားရက္တုန္းက UEFA Conference League ပြဲမွာ ရန္းစ္နဲ႔ သေရက်၊ အခုတစ္ပတ္ပရီးမီးယားလိဂ္မွာလည္း ခ်ယ္လ္ဆီးကို (၃)ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့ျပန္တယ္။
ဟယ္ရီကိန္းကေတာ့ ေႏြရာသီတုန္းက အေျပာင္းအေ႐ႊ႕သတင္း႐ိုက္ခတ္မႈဒဏ္ကို အခုအခ်ိန္အထိခံစားေနရဆဲလို႔ေျပာရမွာျဖစ္ၿပီး ဒီရာသီအသင္းအတြက္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၄)ပြဲမွာ တစ္ဂိုးမွမသြင္းႏိုင္ေသးဘဲ ဒါက ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္ျဖစ္သလို အဲဒီ(၄)ပြဲမွာ ဂိုးေပါက္ကန္ခ်က္က (၄)ႀကိမ္သာရွိခဲ့တယ္။ ဟယ္ရီကိန္း႐ုန္းကန္ေနရလို႔ စပါးတိုက္စစ္တာဝန္တစ္ခုလုံးက ဆြန္ေဟာင္မင္အေပၚ လုံးလုံးလ်ားလ်ားကို က်ေရာက္သြားၿပီး ဆြန္ေဟာင္မင္ မလႈပ္ႏိုင္ရင္ စပါးအသင္းလည္း ဘာမွမလုပ္ႏိုင္ေတာ့ဘူး။
မန္စီးတီးလို ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္အစုအဖြဲ႕ပိုင္ဆိုင္ထားတဲ့အသင္းေတာင္ ႐ူဒီဂါ၊ ခရစၥတန္ဆင္၊ သီယာဂိုေဆးလ္ဗားတို႔ရဲ႕ Defence Line ကို မေက်ာ္ျဖတ္ႏိုင္တာ ဆြန္ေဟာင္မင္တစ္ေယာက္သာ ႐ုန္းေနတဲ့ စပါးအသင္းဆို ပိုဆိုးသြားေတာ့တာပါပဲ။ ပိုခ်က္တီႏိုလက္ထက္တုန္းက အသင္းရဲ႕ဂိုးသြင္းစက္တစ္လုံးျဖစ္ခဲ့တဲ့ အယ္လီဟာလည္း အခုအခ်ိန္မွာ အင္ဂ်င္က်ေနတဲ့ကားတစ္စီးလိုျဖစ္ေနၿပီး ပိုဆိုးတာက ႏူႏိုဆန္တိုဟာ အယ္လီကို ကြင္းလယ္(၃)ေယာက္တန္းရဲ႕ ဘယ္ျခမ္းမွာအသုံးျပဳေနတာပဲျဖစ္ပါတယ္။
အယ္လီရဲ႕ အေကာင္းဆုံးစြမ္းရည္က Second Striker လိုမ်ိဳး ၿပိဳင္ဘက္ပယ္နယ္တီဧရိယာအတြင္း လြတ္ေနတဲ့ Space ေတြမွာ ေနရာယူ၊ အခြင့္အေရးရရင္ ဂိုးသြင္းတာပဲျဖစ္ၿပီး သူက Passing ၊ Creativity ၊ Dribbling ေကာင္းတဲ့ကစားသမားမဟုတ္လို႔ ကြင္းလယ္(၃)ေယာက္တန္းေနရာနဲ႔ ဘယ္လိုမွအဆင္မေျပပါဘူး။ ဒုတိယပိုင္းစလို႔ မိနစ္ပိုင္းအၾကာမွာပဲ ခ်ယ္လ္ဆီးအသင္းဂိုးရခဲ့ၿပီး အလြန္ဆိုရဲ႕ေထာင့္ကန္ေဘာကေန သီယာဂိုေဆးလ္ဗားက ေခါင္းတိုက္သြင္းယူခဲ့သလို အသက္(၃၆)ႏွစ္၊ (၃၆၂)ရက္ရွိၿပီျဖစ္တဲ့ သီယာဂိုေဆးလ္ဗားဟာ ဒေရာ့ဘာ(၃ရႏွစ္၊ ၄၉ရက္-လက္စတာ/၂၀၁၅)ေနာက္ပိုင္း အသင္းအတြက္ ဂိုးသြင္းခဲ့တဲ့ ဒုတိယေျမာက္အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ကြန္ေတ ဝင္လာၿပီးေနာက္ပိုင္း တိုက္စစ္ကစားပုံ ပိုၿမိဳင္သြားတဲ့ခ်ယ္လ္ဆီးအသင္း အဖြင့္ဂိုးရၿပီးလို႔ (၇)မိနစ္ေလာက္အၾကာမွာပဲ ကြန္ေတရဲ႕အျပင္းကန္ခ်က္ စပါးအသင္းေနာက္ခံလူနဲ႔ထိ လမ္းေၾကာင္းေျပာင္းဂိုးဝင္ခဲ့ၿပီး ကြန္ေတဟာ ၂၀၁၉၊ ႏိုဝင္ဘာလတုန္းက မန္စီးတီးနဲ႔ကစားခဲ့တဲ့ပြဲေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ (၄၉)ပြဲကစားအၿပီးမွ ဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။ ဒုတိယပိုင္း(၁၅)မိနစ္ေလာက္အတြင္းမွာပဲ (၂)ဂိုးအထိေပးခဲ့ရလို႔ စပါးအသင္း ေျခစြမ္းေရာ၊ စိတ္ဓာတ္ပါက်သြားသလိုျဖစ္ခဲ့ၿပီး ဘ႐ိုင္ယန္ေဟးလ္နဲ႔ စကစ္ ဝင္လာေတာ့မွ ကစားပုံနည္းနည္းျပန္တည္ၿငိမ္လာေပမယ့္ ခ်ယ္လ္ဆီးအသင္းကို မယွဥ္ႏိုင္ခဲ့ပါဘူး။ ခ်ယ္လ္ဆီးအသင္းအတြက္ တတိယဂိုးကိုေတာ့ ပြဲၿပီးခါနီးမွာ ညာျခမ္းကေန ဗာနာ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ႐ူဒီဂါ ပိတ္သြင္းခဲ့တာျဖစ္ၿပီး လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ကို (၃-၀)ျပတ္နဲ႔ ေခ်မႈန္းႏိုင္ခဲ့ပါတယ္။