စပါးကအထုတ်ခံရပြီး ၂ပတ်အကြာမှာပဲ မော်ရင်ဟိုက ရိုးမားနည်းပြသစ်ဖြစ်လာပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရိုးမားအသင်းဟာ လက်ရှိနည်းပြ ဖွန်ဆီကာအနေနဲ့ ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲမယ့်အကြောင်း ကြေညာပြီး နာရီပိုင်းအကြာမှာပဲ လာမယ့် ဘောလုံးရာသီအတွက် နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်လိုက်တဲ့အကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

မော်ရင်ဟိုကို ၃နှစ် စာချုပ်သက်တမ်းနဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး လစာငွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

အသက် ၅၈ နှစ်ရှိ မော်ရင်ဟိုဟာ အီတလီမြေကို ဒုတိယအကြိမ် သွားရာက်တာဖြစ်ပြီး ပထမအကြိမ်တုန်းက အင်တာမီလန်ကို တာဝန်ယူခဲ့ဖူးတာပါ။

အင်တာကို သူတာဝန်ယူခဲ့တဲ့ ၂၀၀၈ခုနှစ်ကနေ ၂၀၁၀ခုနှစ်အတွင်းမှာ သမိုင်းဝင် ဆုဖလား ၃လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ရိုးမားအသင်းနဲ့ လက်တွဲဖြစ်တဲ့ ကိစ္စအပေါ် မော်ရင်ဟိုက ” ရိုးမားလို သမိုင်းကြောင်း ကြီးကျယ်တဲ့အသင်းမှာ နည်းပြဖို့ ရွေးချယ်ခဲ့တဲ့ အသင်းပိုင်ရှင် ဖရက်ဒ်ကင် မိသားစုကို ကျေးဇူးတင်ပါတယ်။

ကျွန်တော့်အနေနဲ့ ရိုးမားအသင်းပိုင်ရှင်တွေအပြင် အထွေထွေမန်နေဂျာ တီယာဂိုပင်တိုတို့နဲ့ တွေ့ကြည့်ပြီး စကားပြောလိုက်တဲ့အချိန်မှာ သူတို့ရဲ့ ရည်မှန်းချက်ကို သေချာမြင်ခဲ့ရပါတယ်။

အသင်းအောင်ပွဲရဖို့ ပရောဂျက်ကို အားလုံးအတူတကွ ပေါင်းစည်းတည်ဆောက်သွားမှာပါ။

မယုံကြည်နိုင်လောက်အောင် အားပေးတာမျိုးတွေရှိတဲ့ ရိုးမားအသင်းပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်ကို လက်ခံအားပေးသွားကြပါ။

နောက်လာမယ့် ရာသီသစ်ကို ရိုးမားနဲ့ စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။

အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြဟောင်းဖွန်ဆီကာကိုလည်း အကောင်းဆုံးတွေ ဖြစ်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုအနေနဲ့ ရိုးမားအသင်းမှာ တစ်ချိန်က မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ မစ်ခီတာယန်း၊ စမောလင်းတို့နဲ့ ပြန်လည်ဆုံတွေ့ရဖို့ ရှိနေပါတယ်။

မစ်ခီတာယန်းက မန်ယူမှာ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ရတာနဲ့ ပတ်သတ်ပြီး ” မော်ရင်ဟိုက ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။

သူ့လက်အောက်မှာ ကျွန်တော် သင်ယူခဲ့ရတာတွေအများကြီးရှိခဲ့ပါတယ်။

ဂိုးတွေသွင်းဖို့နဲ့ ဖန်တီးပေးဖို့အတွက်တင် မဟုတ်ဘဲ ဘောလုံးဖျက်ထုတ်တာတွေနဲ့ အသင်းလိုက် ပူးပေါင်းဆောင်ရွက်တာတွေပါ သင်ယူခဲ့ရတာပါ။

ပထမ ၂လ ၃လ လောက်က ခက်ခဲပေမယ့် နောက်ပိုင်းမှာ အခြေအနေကောင်းခဲ့ပြီး အသင်းနဲ့ ဆုဖလား ၃လုံး ရခဲ့တာ လုံးဝမိုက်ပါတယ်” လို့ The Athletic ကို ပြောကြားသွားခဲ့ပါတယ်။

စီးရီးအေကို မော်ရင်ဟို တစ်ကျော့ပြန်ရောက်လာတာကြောင့် ကွန်တီ၊ ပီယာလို၊ ပီအိုလီ စတဲ့ လက်ရှိနည်းပြတွေတော့ မျက်ခုံးလှုပ်နေလောက်ပါပြီ။

စပါးအသင်းမှာ ၁၇လ ကြာကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ၈၆ပွဲမှာ ၄၅ပွဲနိုင် ၁၇ပွဲ သရေနဲ့ ၂၄ပွဲ ရှုံးနိမ်ခဲ့ပြီး ဆုဖလားတော့ မရခဲ့ပါဘူး။

စပါးက ရလိုက်တဲ့ လျော်ကြေးတွေနဲ့ နှပ်နေတဲ့ မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝသက်တမ်းမှာ ထုတ်ပယ်ခံရတဲ့ ကလပ်အသင်းတွေဆီက လျော်ကြေးငွေ ပေါင် သန်း ၇၀ကျော်အထိ ၇ရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စပါးကအထုတ္ခံရၿပီး ၂ပတ္အၾကာမွာပဲ ေမာ္ရင္ဟိုက ႐ိုးမားနည္းျပသစ္ျဖစ္လာၿပီ

႐ိုးမားအသင္းဟာ လက္ရွိနည္းျပ ဖြန္ဆီကာအေနနဲ႔ ေဘာလုံးရာသီအကုန္မွာ အသင္းနဲ႔ လမ္းခြဲမယ့္အေၾကာင္း ေၾကညာၿပီး နာရီပိုင္းအၾကာမွာပဲ လာမယ့္ ေဘာလုံးရာသီအတြက္ နည္းျပသစ္အျဖစ္ ေမာ္ရင္ဟိုကို ခန႔္အပ္လိုက္တဲ့အေၾကာင္း တရားဝင္ ေၾကညာသြားခဲ့ပါတယ္။ ေမာ္ရင္ဟိုကို ၃ႏွစ္ စာခ်ဳပ္သက္တမ္းနဲ႔ ခန႔္အပ္ခဲ့တာျဖစ္ၿပီး လစာေငြကိုေတာ့ ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

အသက္၅၈ႏွစ္ရွိ ေမာ္ရင္ဟိုဟာ အီတလီေျမကို ဒုတိယအႀကိမ္ သြားရာက္တာျဖစ္ၿပီး ပထမအႀကိမ္တုန္းက အင္တာမီလန္ကို တာဝန္ယူခဲ့ဖူးတာပါ။ အင္တာကို သူတာဝန္ယူခဲ့တဲ့ ၂၀၀၈ခုႏွစ္ကေန ၂၀၁၀ခုႏွစ္အတြင္းမွာ သမိုင္းဝင္ ဆုဖလား ၃လုံး ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ႐ိုးမားအသင္းနဲ႔ လက္တြဲျဖစ္တဲ့ ကိစၥအေပၚ ေမာ္ရင္ဟိုက ” ႐ိုးမားလို သမိုင္းေၾကာင္း ႀကီးက်ယ္တဲ့အသင္းမွာ နည္းျပဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ အသင္းပိုင္ရွင္ ဖရက္ဒ္ကင္ မိသားစုကို ေက်းဇူးတင္ပါတယ္။

ကြၽန္ေတာ့္အေနနဲ႔ ႐ိုးမားအသင္းပိုင္ရွင္ေတြအျပင္ အေထြေထြမန္ေနဂ်ာ တီယာဂိုပင္တိုတို႔နဲ႔ ေတြ႕ၾကည့္ၿပီး စကားေျပာလိုက္တဲ့အခ်ိန္မွာ သူတို႔ရဲ႕ ရည္မွန္းခ်က္ကို ေသခ်ာျမင္ခဲ့ရပါတယ္။ အသင္းေအာင္ပြဲရဖို႔ ပေရာဂ်က္ကို အားလုံးအတူတကြ ေပါင္းစည္းတည္ေဆာက္သြားမွာပါ။ မယုံၾကည္ႏိုင္ေလာက္ေအာင္ အားေပးတာမ်ိဳးေတြရွိတဲ့ ႐ိုးမားအသင္းပရိသတ္ေတြအေနနဲ႔လည္း ကြၽန္ေတာ့္ကို လက္ခံအားေပးသြားၾကပါ။

ေနာက္လာမယ့္ ရာသီသစ္ကို ႐ိုးမားနဲ႔ စတင္ဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး။ အသင္းနဲ႔ လမ္းခြဲသြားတဲ့ နည္းျပေဟာင္းဖြန္ဆီကာကိုလည္း အေကာင္းဆုံးေတြ ျဖစ္လာဖို႔ ဆုေတာင္းေပးလိုက္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ေမာ္ရင္ဟိုအေနနဲ႔ ႐ိုးမားအသင္းမွာ တစ္ခ်ိန္က မန္ယူကစားသမားေဟာင္းေတြျဖစ္တဲ့ မစ္ခီတာယန္း၊ စေမာလင္းတို႔နဲ႔ ျပန္လည္ဆုံေတြ႕ရဖို႔ ရွိေနပါတယ္။ မစ္ခီတာယန္းက မန္ယူမွာ ေမာ္ရင္ဟိုနဲ႔ လက္တြဲခဲ့ရတာနဲ႔ ပတ္သတ္ၿပီး ” ေမာ္ရင္ဟိုက ကမာၻ႔အေကာင္းဆုံး နည္းျပေတြထဲက တစ္ေယာက္ပါ။

သူ႔လက္ေအာက္မွာ ကြၽန္ေတာ္ သင္ယူခဲ့ရတာေတြအမ်ားႀကီးရွိခဲ့ပါတယ္။ ဂိုးေတြသြင္းဖို႔နဲ႔ ဖန္တီးေပးဖို႔အတြက္တင္ မဟုတ္ဘဲ ေဘာလုံးဖ်က္ထုတ္တာေတြနဲ႔ အသင္းလိုက္ ပူးေပါင္းေဆာင္႐ြက္တာေတြပါ သင္ယူခဲ့ရတာပါ။ ပထမ ၂လ ၃လ ေလာက္က ခက္ခဲေပမယ့္ ေနာက္ပိုင္းမွာ အေျခအေနေကာင္းခဲ့ၿပီး အသင္းနဲ႔ ဆုဖလား ၃လုံး ရခဲ့တာ လုံးဝမိုက္ပါတယ္” လို႔ The Athletic ကို ေျပာၾကားသြားခဲ့ပါတယ္။

စီးရီးေအကို ေမာ္ရင္ဟို တစ္ေက်ာ့ျပန္ေရာက္လာတာေၾကာင့္ ကြန္တီ၊ ပီယာလို၊ ပီအိုလီ စတဲ့ လက္ရွိနည္းျပေတြေတာ့ မ်က္ခုံးလႈပ္ေနေလာက္ပါၿပီ။ စပါးအသင္းမွာ ၁၇လ ၾကာကိုင္တြယ္ခဲ့တဲ့ ေမာ္ရင္ဟိုဟာ ၈၆ပြဲမွာ ၄၅ပြဲႏိုင္ ၁၇ပြဲ သေရနဲ႔ ၂၄ပြဲ ရႈံးနိမ္ခဲ့ၿပီး ဆုဖလားေတာ့ မရခဲ့ပါဘူး။ စပါးက ရလိုက္တဲ့ ေလ်ာ္ေၾကးေတြနဲ႔ ႏွပ္ေနတဲ့ ေမာ္ရင္ဟိုဟာ သူ႔ရဲ႕ နည္းျပဘဝသက္တမ္းမွာ ထုတ္ပယ္ခံရတဲ့ ကလပ္အသင္းေတြဆီက ေလ်ာ္ေၾကးေငြ ေပါင္ သန္း ၇၀ေက်ာ္အထိ ရရွိထားပါတယ္။