စပါးကနေ ထုတ်ပယ်ခံလိုက်ရပြီးနောက် လွတ်လပ်တဲ့ အဝတ်တွေကိုဝတ်ဆင်ပြီး လန်ဒန်မှာ မိတ်ဆွေတွေနဲ့အတူ ပြုံးရွှင်နေတဲ့မျက်နှာနဲ့ လျှောက်သွားနေတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီးနောက် လန်ဒန်မြို့ရဲ့ လမ်းတွေမှာ ပေါ့ပါး လွတ်လပ်တဲ့ အဝတ်အစားကိုဝတ်ဆင်ပြီး ပြုံးရွှင်နေတဲ့မျက်နှာနဲ့ လျှောက်သွားနေတာကို လွန်ခဲ့တဲ့ (၅)ရက်ကတည်းက တွေ့နေရတယ်လို့ အင်္ဂလန်သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ကွင်းအတွင်း ဖိအားတွေ မရှိတော့တဲ့ အသက် ၅၈ နှစ်အရွယ် ပေါ်တူဂီသားကြီးအဖို့တော့ အချိန်ပိုတွေကို အေးအေးဆေးဆေး အသုံးချနေသလို လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပေမယ့်လည်း တကယ်တမ်း ဆိုးရွားတယ်လို့ မဆိုနိုင်ပါဘူး။ စပါးအသင်းကနေ ထုတ်ပယ်ခံရချိန်မှာ စာချုပ်အရ မက်လောက်စရာ လျော်ကြေးငွေကိုလည်း ရရှိထားတာကြောင့် ဒီအချိန်ဟာ မော်ရင်ဟိုအတွက် လစာအပြည့်နဲ့ အနားယူခွင့်ရနေတဲ့ holiday ကာလပါပဲ။

မော်ရင်ဟိုရဲ့ အတွေးတွေဟာ အသင်းပိုင်ရှင်တွေရဲ့ ဖြစ်စေချင်တဲ့ ပုံစံတွေနဲ့ ကွဲထွက်လာချိန်မှာ သူဟာ သူ့ရဲ့ ရပ်တည်ချက်အတိုင်း ခေါင်းမာမာနဲ့ လုပ်ချင်သလိုတွေလုပ်လေ့ရှိတာကိုတွေ့မြင်ခဲ့ရသလို

အဲ့သည့်အပြုအမူတွေကိုလည်း အသင်းတွေက သည်းမခံနိုင်တော့တဲ့အချိန်မှာ ထုတ်ပယ်ခဲ့ပါတယ်။

သူ့ရဲ့နည်းပြသမိုင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး အထုတ်မခံရပဲ သူထွက်လာခဲ့တဲ့အသင်းဆိုရင် ပေါ်တိုအသင်းနဲ့ အင်တာမီလန်အသင်းနှစ်သင်းပဲရှိခဲ့ပြီး။

အဲ့သည့် အသင်းတွေဟာ သူ့ကြောင့် ချန်ပီယံလိဂ် ဖလားတွေရရှိခဲ့ကြတဲ့အသင်းတွေပဲဖြစ်ပါတယ်။

စပါးအသင်းကနေထုတ်ပယ်ခံရချိန်မှာ မီဒီယာတွေမှာ သူ့ကို ကလပ်အသင်းဘက်က ထုတ်မှာကို စောင့်နေတဲ့နည်းပြဆိုပြီး စွပ်စွဲဖော်ပြနေကြသလို

မော်ရင်ဟိုဟာ လျော်ကြေးတွေနဲ့ ထိုင်စားနေတယ်လို့ ရေးသားလာကြပါတယ်။

မီဒီယာတွေမှာ သတင်းအမြဲဖြစ်နေတဲ့ မော်ရင်ဟိုအတွက် အခုအချိန်ဟာ စပါးနဲ့ စာချုပ်စတင် ချုပ်ဆိုစဉ်က သုံးနှစ်စာချုပ်ကို အပြည့်အဝ ပေးချေဖို့ ချည်နှောင်ထားခဲ့တာဖြစ်တာကြောင့်

စာချုပ်အရ သူ့ရဲ့ လက်ကျန်စာချုပ်တစ်နှစ်စာအတွက် လီဗိုင်းရဲ့ စပါးအသင်းဆီက ပေါင် ၃၄ သန်းကို ရရန်ရှိနေပါတယ်။

လန်ဒန်မြို့ရဲ့လမ်းမပေါ်မှာ ပေါ့ပေါ့ပါးပါးပုံစံနဲ့ လျှာထိုးဦးထုပ်ကိုဆောင်းထားကာ မီးခိုးရောင် ခေါင်းစွပ်အနွေးထည်၊ အားကစားဘောင်းဘီကို ဝတ်ဆင်ထားပြီး သူ့ရဲ့မိတ်ဆွေတွေနဲ့ လမ်လျှောက် ဖြစ်နေတဲ့ မော်ရင်ဟိုအတွက် လက်ရှိမှာ ဘာအလုပ်မှ လုပ်စရာမလိုဘဲ သာယာနေဦးမှာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ စာချုပ် လျှော်ကြေးနဲ့ စတင်အထုတ်ခံခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေဆီကလည်း လက်ကျန်စာချုပ်ဖျက်သိမ်းကြေးတွေနဲ့ သူ့ရဲ့ရပိုင်ခွင့်လစာငွေတွေကို အလေအလွင့်မရှိဘဲ အိတ်ထဲ ထည့်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းမှာ သူဟာ နှစ်ကြိမ်အထုတ်ခံခဲ့ရပြီး ပထမအကြိမ်က ပေါင် ၁၈ သန်းနဲ့ ဒုတိယအကြိမ်မှာ ပေါင် ၁၂.၅ သန်း အသီးသီး ရယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၁၇ သန်း၊ မန်ချက်စတာယူနိုက်တက်ကနေ ပေါင် ၁၅ သန်းရယူခဲ့ပါတယ်။ ဒီလိုဆိုရင် မော်ရင်ဟိုဟာ ဘယ်လိုလူစားမျိုးလဲ….?

ဘောလုံးလောကမှာ စပယ်ရှယ်ဝမ်းလို့ ကြွေးကျော်ထားတဲ့ မော်ရင်ဟိုရဲ့ အမြင်တွေနဲ့ အလုပ်အပေါ်မှာ အားထုတ်တတ်မှုတွေဟာ ဒီလျှော်ကြေးငွေတွေလောက်နဲ့ အဆုံးမသတ်သွားမှာသေချာပါတယ်။

ပုဂ္ဂိုလ်ရေးအရ သူ့ရဲ့ တစွတ်ထိုးဆန်မှုတွေဟာ အသင်းပိုင်းရှင်တွေနဲ့ ရေရှည်မှာ အဆင်မပြေနိုင်ပေမယ့် သူ့ရဲ့ အောင်မြင်မှု သမိုင်းဟောင်းတွေနဲ့ ပေါ်တိုလို အသင်းမျိုးကို

ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကိုရအောင်ယူပေးနိုင်မှု၊

အင်တာမီလန်လို အသင်းရဲ့သမိုင်းမှာ အလိုချင်ဆုံး ချန်ပီယံလိဂ်ဖလားကို နှစ်ရာသီထဲနဲ့ ရယူပေးခဲ့တာတွေ ကြောင့် အသင်းတွေက နည်းပြသစ်အဖြစ် အလိုရှိနေဦးမှာသေချာပါတယ်။

ခေတ်သစ်ဘောလုံးလောကမှာ သူ့ရဲ့ ဘစ်စကား ကွက်တွေဟာ ပွဲတိုင်းအလုပ်မဖြစ်တော့ပေမယ့် အနိုင်ရဖို့လိုတဲ့ပွဲတွေမှာခံစစ်ကို ပိတ်ဆို့ကစား တတ်တဲ့ သူ့ရဲ့ အိုင်ဒီယာဟာလည်း ဘောလုံးလောကမှာ သတိရနေစရာတစ်ခုဖြစ်နေအုံးမှာပါ။

အခုဆိုရင်လည်း ပေါ်တူဂီလက်ရွေးစင်အသင်း၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်နဲ့ ပေါ်တိုတို့ကလည်း သူ့ကိုနည်းပြ ရာထူးပေးဖို့ စိတ်ဝင်စားနေကြပါတယ်။

စပါးပရိသတ်တွေအတွက်ကတော့ မော်ရင်ဟိုကို ခေါ်ယူခဲ့ပေမယ့် ဆုဖလားတစ်လုံးမှ မရခဲ့တဲ့အတွက်တော့ ကျေနပ်စရာဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

အသင်းဟာ ဆုဖလားတွေနဲ့ ဝေကွာနေခဲ့တာ ကြာမြင်နေခဲ့ပြီးဒီနှစ်မှာ မော်ရင်ဟိုကြောင့် ဆုဖလားတစ်ခုခုရနိုင်တော့မယ်ဆိုပြီး မျှော်လင့်နေခဲ့ပေမယ့်

အသင်းရဲ့ ကာရာဘောင်းပြိုင်ပွဲ ဗိုလ်လုပွဲ မတိုင်ခင်မှာ မော်ရင်ဟိုအထုတ်ခံခဲ့ရသလို ပြိုင်ပွဲမှာလည်း မန်ချက်စတာစီးတီးအသင်းကို (၁)လုံးတည်းသောသွင်းဂိုးနဲ့ အရှုံးပေးခဲ့ရတာကြောင့်

ပြိုင်ဘက်ပရိသတ်တွေက အသင်းကို ဆုဖလားမရနိုင်တဲ့အသင်းဆိုပြီး လှောင်ပြောင်စရာဖြစ်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပါးကေန ထုတ္ပယ္ခံလိုက္ရၿပီးေနာက္ လန္ဒန္မွာ မိတ္ေဆြေတြနဲ႕အတူ ၿပဳံးရႊင္ေနတဲ့မ်က္ႏွာနဲ႕ ေလွ်ာက္သြားေနတဲ့ ေမာ္ရင္ဟို

နည္းျပ ဂ်ိဳေဆး ေမာ္ရင္ဟိုဟာ စပါးအသင္းကေန ထုတ္ပယ္ခံလိုက္ရၿပီးေနာက္ လန္ဒန္ၿမိဳ႕ရဲ႕ လမ္းေတြမွာ ေပါ့ပါး လြတ္လပ္တဲ့ အဝတ္အစားကိုဝတ္ဆင္ၿပီး ၿပဳံးရႊင္ေနတဲ့မ်က္ႏွာနဲ႕ ေလွ်ာက္သြားေနတာကို လြန္ခဲ့တဲ့ (၅)ရက္ကတည္းက ေတြ႕ေနရတယ္လို႔ အဂၤလန္သတင္းမီဒီယာေတြမွာ ေဖာ္ျပေနၾကပါတယ္။

ကြင္းအတြင္း ဖိအားေတြ မရွိေတာ့တဲ့ အသက္ ၅၈ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအဖို႔ေတာ့ အခ်ိန္ပိုေတြကို ေအးေအးေဆးေဆး အသုံးခ်ေနသလို လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနေပမယ့္လည္း တကယ္တမ္း ဆိုး႐ြားတယ္လို႔ မဆိုႏိုင္ပါဘူး။

စပါးအသင္းကေန ထုတ္ပယ္ခံရခ်ိန္မွာ စာခ်ဳပ္အရ မက္ေလာက္စရာ ေလ်ာ္ေၾကးေငြကိုလည္း ရရွိထားတာေၾကာင့္ ဒီအခ်ိန္ဟာ ေမာ္ရင္ဟိုအတြက္ လစာအျပည့္နဲ႕ အနားယူခြင့္ရေနတဲ့ holiday ကာလပါပဲ။

ေမာ္ရင္ဟိုရဲ႕ အေတြးေတြဟာ အသင္းပိုင္ရွင္ေတြရဲ႕ ျဖစ္ေစခ်င္တဲ့ ပံုစံေတြနဲ႕ ကြဲထြက္လာခ်ိန္မွာ သူဟာ သူ႕ရဲ႕ ရပ္တည္ခ်က္အတိုင္း ေခါင္းမာမာနဲ႔ လုပ္ခ်င္သလိုေတြလုပ္ေလ့ရွိတာကိုေတြ႕ျမင္ခဲ့ရသလို အဲ့သည့္အျပဳအမူေတြကိုလည္း အသင္းေတြက သည္းမခံႏိုင္ေတာ့တဲ့အခ်ိန္မွာ ထုတ္ပယ္ခဲ့ပါတယ္။ သူ႕ရဲ႕နည္းျပသမိုင္းမွာ ေအာင္ျမင္မႈေတြရရွိခဲ့ၿပီး အထုတ္မခံရပဲ သူထြက္လာခဲ့တဲ့အသင္းဆိုရင္ ေပၚတိုအသင္းနဲ႔ အင္တာမီလန္အသင္းႏွစ္သင္းပဲရွိခဲ့ၿပီး။ အဲ့သည့္ အသင္းေတြဟာ သူ႕ေၾကာင့္ ခ်န္ပီယံလိဂ္ ဖလားေတြရရွိခဲ့ၾကတဲ့အသင္းေတြပဲျဖစ္ပါတယ္။

စပါးအသင္းကေနထုတ္ပယ္ခံရခ်ိန္မွာ မီဒီယာေတြမွာ သူ႕ကို ကလပ္အသင္းဘက္က ထုတ္မွာကို ေစာင့္ေနတဲ့နည္းျပဆိုၿပီး စြပ္စြဲေဖာ္ျပေနၾကသလို ေမာ္ရင္ဟိုဟာ ေလ်ာ္ေၾကးေတြနဲ႔ ထိုင္စားေနတယ္လို႔ ေရးသားလာၾကပါတယ္။ မီဒီယာေတြမွာ သတင္းအျမဲျဖစ္ေနတဲ့ ေမာ္ရင္ဟိုအတြက္ အခုအခ်ိန္ဟာ စပါးနဲ႔ စာခ်ဳပ္စတင္ ခ်ဳပ္ဆိုစဥ္က သုံးႏွစ္စာခ်ဳပ္ကို အျပည့္အဝ ေပးေခ်ဖို႔ ခ်ည္ေႏွာင္ထားခဲ့တာျဖစ္တာေၾကာင့္ စာခ်ဳပ္အရ သူ႔ရဲ႕ လက္က်န္စာခ်ဳပ္တစ္ႏွစ္စာအတြက္ လီဗိုင္းရဲ႕ စပါးအသင္းဆီက ေပါင္ ၃၄ သန္းကို ရရန္ရွိေနပါတယ္။

လန္ဒန္ျမိဳ႕ရဲ႕လမ္းမေပၚမွာ ေပါ့ေပါ့ပါးပါးပံုစံနဲ႕ လွ်ာထိုးဦးထုပ္ကိုေဆာင္းထားကာ မီးခိုးေရာင္ ေခါင္းစြပ္အေႏြးထည္၊ အားကစားေဘာင္းဘီကို ဝတ္ဆင္ထားၿပီး သူ႕ရဲ႕မိတ္ေဆြေတြနဲ႕ လမ္ေလွ်ာက္ ျဖစ္ေနတဲ့ ေမာ္ရင္ဟိုအတြက္ လက္ရွိမွာ ဘာအလုပ္မွ လုပ္စရာမလိုဘဲ သာယာေနဦးမွာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ခ်ယ္လ္ဆီးအသင္းမွာ စာခ်ဳပ္ ေလွ်ာ္ေၾကးနဲ႕ စတင္အထုတ္ခံခဲ့ရၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြဆီကလည္း လက္က်န္စာခ်ဳပ္ဖ်က္သိမ္းေၾကးေတြနဲ႕ သူ႕ရဲ႕ရပိုင္ခြင့္လစာေငြေတြကို အေလအလြင့္မရွိဘဲ အိတ္ထဲ ထည့္ႏိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းမွာ သူဟာ ႏွစ္ႀကိမ္အထုတ္ခံခဲ့ရၿပီး ပထမအၾကိမ္က ေပါင္ ၁၈ သန္းနဲ႔ ဒုတိယအၾကိမ္မွာ ေပါင္ ၁၂.၅ သန္း အသီးသီး ရယူခဲ့သလို ရီးရဲလ္မက္ဒရစ္ကေန ေပါင္ ၁၇ သန္း၊ မန္ခ်က္စတာယူႏိုက္တက္ကေန ေပါင္ ၁၅ သန္းရယူခဲ့ပါတယ္။ ဒီလိုဆိုရင္ ေမာ္ရင္ဟိုဟာ ဘယ္လိုလူစားမ်ိဳးလဲ….?

ေဘာလံုးေလာကမွာ စပယ္ရွယ္ဝမ္းလို႔ ေၾကြးေက်ာ္ထားတဲ့ ေမာ္ရင္ဟိုရဲ႕ အျမင္ေတြနဲ႔ အလုပ္အေပၚမွာ အားထုတ္တတ္မႈေတြဟာ ဒီေလွ်ာ္ေၾကးေငြေတြေလာက္နဲ႕ အဆံုးမသတ္သြားမွာေသခ်ာပါတယ္။ ပုဂၢိဳလ္ေရးအရ သူ႕ရဲ႕ တစြတ္ထိုးဆန္မႈေတြဟာ အသင္းပိုင္းရွင္ေတြနဲ႕ ေရရွည္မွာ အဆင္မေျပႏိုင္ေပမယ့္ သူ႔ရဲ႕ ေအာင္ျမင္မႈ သမိုင္းေဟာင္းေတြနဲ႕ ေပၚတိုလို အသင္းမ်ိဳးကို ယူရိုပါလိဂ္နဲ႕ ခ်န္ပီယံလိဂ္ဖလားေတြကိုရေအာင္ယူေပးႏိုင္မႈ၊ အင္တာမီလန္လို အသင္းရဲ႔သမိုင္းမွာ အလိုခ်င္ဆံုး ခ်န္ပီယံလိဂ္ဖလားကို ႏွစ္ရာသီထဲနဲ႕ ရယူေပးခဲ့တာေတြ ေၾကာင့္ အသင္းေတြက နည္းျပသစ္အျဖစ္ အလိုရွိေနဦးမွာေသခ်ာပါတယ္။

ေခတ္သစ္ေဘာလံုးေလာကမွာ သူ႕ရဲ႕ ဘစ္စကား ကြက္ေတြဟာ ပြဲတိုင္းအလုပ္မျဖစ္ေတာ့ေပမယ့္ အႏိုင္ရဖို႔လိုတဲ့ပြဲေတြမွာခံစစ္ကို ပိတ္ဆို႕ကစား တတ္တဲ့ သူ႕ရဲ႕ အိုင္ဒီယာဟာလည္း ေဘာလံုးေလာကမွာ သတိရေနစရာတစ္ခုျဖစ္ေနအံုးမွာပါ။
အခုဆိုရင္လည္း ေပၚတူဂီလက္ေ႐ြးစင္အသင္း၊ လီဗာပူးလ္၊ ဂ်ဴဗင္တပ္စ္နဲ႔ ေပၚတိုတို႔ကလည္း သူ႕ကိုနည္းျပ ရာထူးေပးဖို႔ စိတ္ဝင္စားေနၾကပါတယ္။

စပါးပရိသတ္ေတြအတြက္ကေတာ့ ေမာ္ရင္ဟိုကို ေခၚယူခဲ့ေပမယ့္ ဆုဖလားတစ္လုံးမွ မရခဲ့တဲ့အတြက္ေတာ့ ေက်နပ္စရာျဖစ္ခဲ့မွာ မဟုတ္ပါဘူး။

အသင္းဟာ ဆုဖလားေတြနဲ႔ ေဝကြာေနခဲ့တာ ၾကာျမင္ေနခဲ့ၿပီးဒီႏွစ္မွာ ေမာ္ရင္ဟိုေၾကာင့္ ဆုဖလားတစ္ခုခုရႏိုင္ေတာ့မယ္ဆိုၿပီး ေမွ်ာ္လင့္ေနခဲ့ေပမယ့္

အသင္းရဲ႕ ကာရာေဘာင္းျပိဳင္ပြဲ ဗိုလ္လုပြဲ မတိုင္ခင္မွာ ေမာ္ရင္ဟိုအထုတ္ခံခဲ့ရသလို ျပိဳင္ပြဲမွာလည္း မန္ခ်က္စတာစီးတီးအသင္းကို (၁)လံုးတည္းေသာသြင္းဂိုးနဲ႔ အရႈံးေပးခဲ့ရတာေၾကာင့္

ျပိဳင္ဘက္ပရိသတ္ေတြက အသင္းကို ဆုဖလားမရႏိုင္တဲ့အသင္းဆိုၿပီး ေလွာင္ေျပာင္စရာျဖစ္ခဲ့ရပါတယ္။