စပယ်ရှယ်ဝမ်း မော်ရင်ဟိုရဲ့ စံချိန်ကို လိုက်မီသွားခဲ့တဲ့ တူချယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီအသင်းက ဖရန့် လမ်းပတ်နေရာမှာ ခရစ်စမတ်ကာလအတွင်း ပီအက်စ်ဂျီကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ သောမတ် တူချယ်နဲ့ အစားထိုးခဲ့ပါတယ်။ ချဲလ်ဆီအသင်းဟာ သူတို့ရဲ့ ထုံးစံအတိုင်း ရလာဒ် ဆိုးရွားနေတဲ့ နည်းပြကို စာချုပ်သက်တမ်း ကုန်ဆုံးအောင် စောင့်ဆိုင်းခြင်းမရှိပဲ ထုတ်ပယ်ခဲ့ပါတယ်။

အသင်းပိုင်ရှင် ရိုမန် အာဗရာမိုဗစ်က သူ့အနေနဲ့ ဖရန့်လမ်းပတ် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တာတွေကို တူချယ်က ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တူချယ်ရဲ့ ချဲလ်ဆီးနည်းပြ အဖွင့်ပွဲစဥ်မှာ ဝုဗ်သင်းကို ( ၀ – ၀ ) သရေ ကျခဲ့တဲ့အတွက် အချို့က စိတ်ပျက်ဖွယ် ရလာဒ်လို့ ရှုမြင်ခဲ့ကြပါတယ်။

ဒါပေမယ့် တူချယ်က ကစားသမားသစ်တွေနဲ့ လေ့ကျင့်ရေးအစီအစဥ် ( ၁ ) ကြိမ်သာ ပြုလုပ်ရသေးပြီး ယှဥ်ပြိုင်ရခက်ခဲတဲ့ ဝုဗ်လိုအသင်းနဲ့ ပွဲစဥ်မှာ clean sheet ရယူနိုင်ခဲ့တာက ကောင်းမွန်တဲ့ စွမ်းရည်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ တူချယ်အနေနဲ့ လက်ရှိမှာ ဂျိုဆေး မော်ရင်ညိုရဲ့ စပါးအသင်းအပါအဝင် နောက်ထပ် ပွဲစဥ် ( ၂ ) ပွဲမှာပါ clean sheet ရယူနိုင်ခဲ့ပါတယ်။

တူချယ်ဟာ မော်ရင်ဟိုပြီးနောက် ပထမဆုံး ( ၃ ) ပွဲကို clean sheet ရယူနိုင်ခဲ့တဲ့ ပထမဆုံး ချဲလ်ဆီးနည်းပြ ဖြစ်လာပါတယ်။ ဒါကြောင့် တူချယ်ကို စပယ်ရှယ်ဝမ်း လက်သစ်လို့ တင်စားခေါ်ဝေါ်လျက်ရှိကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စပယ္ရွယ္ဝမ္း ေမာ္ရင္ဟိုရဲ႕ စံခ်ိန္ကို လိုက္မီသြားခဲ့တဲ့ တူခ်ယ္

ခ်ဲလ္ဆီအသင္းက ဖရန႔္ လမ္းပတ္ေနရာမွာ ခရစ္စမတ္ကာလအတြင္း ပီအက္စ္ဂ်ီကေန ထုတ္ပယ္ျခင္း ခံခဲ့ရတဲ့ ေသာမတ္ တူခ်ယ္နဲ႔ အစားထိုးခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ သူတို႔ရဲ႕ ထုံးစံအတိုင္း ရလာဒ္ ဆိုး႐ြားေနတဲ့ နည္းျပကို စာခ်ဳပ္သက္တမ္း ကုန္ဆုံးေအာင္ ေစာင့္ဆိုင္းျခင္းမရွိပဲ ထုတ္ပယ္ခဲ့ပါတယ္။ အသင္းပိုင္ရွင္ ႐ိုမန္ အာဗရာမိုဗစ္က သူ႔အေနနဲ႔ ဖရန႔္လမ္းပတ္ စြမ္းေဆာင္ႏိုင္ျခင္းမရွိခဲ့တာေတြကို တူခ်ယ္က ရယူေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ တူခ်ယ္ရဲ႕ ခ်ဲလ္ဆီးနည္းျပ အဖြင့္ပြဲစဥ္မွာ ဝုဗ္သင္းကို ( ၀ – ၀ ) သေရ က်ခဲ့တဲ့အတြက္ အခ်ိဳ႕က စိတ္ပ်က္ဖြယ္ ရလာဒ္လို႔ ရႈျမင္ခဲ့ၾကပါတယ္။

ဒါေပမယ့္ တူခ်ယ္က ကစားသမားသစ္ေတြနဲ႔ ေလ့က်င့္ေရးအစီအစဥ္ ( ၁ ) ႀကိမ္သာ ျပဳလုပ္ရေသးၿပီး ယွဥ္ၿပိဳင္ရခက္ခဲတဲ့ ဝုဗ္လိုအသင္းနဲ႔ ပြဲစဥ္မွာ clean sheet ရယူႏိုင္ခဲ့တာက ေကာင္းမြန္တဲ့ စြမ္းရည္လို႔ သတ္မွတ္ရမွာ ျဖစ္ပါတယ္။ တူခ်ယ္အေနနဲ႔ လက္ရွိမွာ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ စပါးအသင္းအပါအဝင္ ေနာက္ထပ္ ပြဲစဥ္ ( ၂ ) ပြဲမွာပါ clean sheet ရယူႏိုင္ခဲ့ပါတယ္။

တူခ်ယ္ဟာ ေမာ္ရင္ဟိုၿပီးေနာက္ ပထမဆုံး ( ၃ ) ပြဲကို clean sheet ရယူႏိုင္ခဲ့တဲ့ ပထမဆုံး ခ်ဲလ္ဆီးနည္းျပ ျဖစ္လာပါတယ္။ ဒါေၾကာင့္ တူခ်ယ္ကို စပယ္ရွယ္ဝမ္း လက္သစ္လို႔ တင္စားေခၚေဝၚလ်က္ရွိၾကပါတယ္။