စနေည ပရီးမီးယားလိဂ်ပွဲစဉ်(၂) ပွဲကြိုခန့်မှန်းချက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
အဲဗာတန် – ဝက်စ်ဘရွန်း (ညနေ ၆း၀၀)
အဲဗာတန်က အိမ်ကွင်းမှာ လိဂ်နောက်ဆုံး ၁၂ပွဲအနက် ၁၁ပွဲအထိရှုံးပွဲမရှိကစားထားပြီး ယခုရာသီအဖွင့်မှာလည်း ၂ပွဲဆက်စလုံံးပေးဂိုးမရှိအနိုင်ရထားပါတယ်။ အဲဗာတန်က ယမန်နှစ်ရာသီပရီးမီးယားလိဂ်အိမ်ကွင်းမှာ တစ်ပွဲပျမ်းမျှ ၁.၂ ဂိုးပဲပေးထားရပြီး ဝက်စ်ဘရွန်းကလည်း တိုက်စစ်အားနည်းနေပါတယ်။ အဲဗာတန်ရဲ့အကျောပေးမှုက ၁+၂၀ မှာပဲ ငြိမ်သက်နေပေမယ့် ဂိုးပေါင်းကတော့ ၃+၅၀ ကနေ ၂-၉၀ ကို ပြား ၆၀ လောက်ကျလာပါတယ်။ ဂိုးပေါင်းဝင်ရိုးက တစ်ဆင့်ကျသွားလို့ ဂိုးအောက်ပဲ ကောင်းမယ်ထင်ပါတယ်။
လိဒ်ယူနိုက်တက် – ဖူလ်ဟမ် (ည ၈း၃၀)
ဇွန်လအတွင်း ဒီနှစ်သင်း လိဒ်ယူနိုက်တက်ရဲ့အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တုန်းက လိဒ်ယူနိုက်တက်အသင်း ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဖူလ်ဟမ်က အဖွင့်ပွဲမှာ အာဆင်နယ်ကို ၃ဂိုးပြတ်အရေးနိမ့်ခဲ့ရပေမယ့် လိဒ်ယူနိုက်တက်ကတော့ လက်ရှိချန်ပီယံ လီဗာပူးရဲ့အိမ်ကွင်းမှာ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ကြေးလည်း အောင်ခဲ့ပါတယ်။ ဒီလိုအနေအထားမှာ လိဒ်ယူနိုက်တက်ရဲ့အကျောပေးမှုက ၁+၃၀ ကနေ ၁+၅၀ ဖြစ်လာပြီး ဂိုးပေါင်းကလည်း ၂-၉၀ ကနေ ၂-၈၀ ဖြစ်လာပါတယ်။ ကြေးတွေ ခပ်ပါးပါးကျလာတဲ့အနေအထားမှာ ဂိုးအောက်ကို ပိုကြိုက်ပါတယ်။
ယူနိုက်တက် – ပဲလေ့စ် (ည ၁၁း၀၀)
ယူနိုက်တက်ဟာ လိဂ်နောက်ဆုံး ၁၄ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားပြီး လိဂ်အိမ်ကွင်းနောက်ဆုံး ၁၇ပွဲမှာလည်း ၁ပွဲပဲအရေးနိမ့်ထားပါတယ်။ ဒါပေမဲ့ ယူနိုက်တက်က အခုမှ ပထမဆုံးပွဲကစားရမှာဖြစ်သလို အဓိကကွင်းလယ်လူတွေဖြစ်တဲ့ ဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့က ပွဲကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်နေရပါတယ်။ ပဲလေ့စ်ကတော့ ၂ပွဲကစားထားပြီးဖြစ်လု့ိ ယူနိုက်တက်နဲ့ယှဉ်ရင် ပွဲကြောင်နိုင်မှုနည်းပါးနိုင်ပါတယ်။
ဒါပေမဲ့ ပဲလေ့စ်မှာ ဒဏ်ရာရကစားသမားများပြားနေသလို ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးသမား ဂူအီတာ လက်စွမ်းပြနိုင်ခဲ့လို့သာအနိုင်ရခဲ့တာပါ။ ယူနိုက်တက်က မူလဖွင့်လှစ်မှု ၂+၈၀ ကနေ ၁-၈၅ ဖြစ်လာသလို ဂိုးပေါင်းကလည်း ၃= ကနေ ၃+၄၀ ဖြစ်လာပါတယ်။ ဘော်ဒီရော ဂိုးပေါင်းပါ ကြေးတွေ စုံလိုက်ကျလာတာဖြစ်ပြီး ဂိုးပေါင်းကတော့ ဝင်ရိုးပါ ပြောင်းလဲသွားတာပါ။ ယူနိုက်တက်က ထိုးသားအကြိုက်ဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်၊ ပြိုင်ဘက်ကလည်း ပဲလေ့စ်ဖြစ်နေတော့ ဘော်ဒီအပေါ်သမားတွေ များလာနိုင်ပါတယ်။
ဒီလိုအနေအထားမှာ ယူနိုက်တက်ရဲ့ကြေးတွေကို ၂+၅၀ လောက်အထိ မြှင့်လိုက်လို့ရပေမယ့် အခုတော့ ကြေးတွေက တက်မလာတဲ့အပြင် ကျတောင် ကျသွားပါသေးတယ်။ ဒီလိုကြေးတွေ ကျသွားတာက ယူနိုက်တက်သမားတွေကို ခေါ်နေသလိုဖြစ်ပြီး ပဲလေ့စ်ဘော်ဒီနဲ့ ဂိုးအောက်ကို တွဲရွေးထားရင် အရှုံးမရှိနိုင်ပါဘူး။
အာဆင်နယ် – ဝက်စ်ဟမ်း (နံနက် ၁း၃၀)
အာဆင်နယ်ဟာ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး ၁၁ပွဲအနက် ၁၀ပွဲအထိအနိုင်ရထားပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၈ပွဲအနက် ၂ဂိုးနဲ့အထက် သွင်းနိုင်ခဲ့တဲ့ပွဲက ၅ပွဲအထိရှိပါတယ်။ အာဆင်နယ်က လိဂ်အိမ်ကွင်းနောက်ဆုံး ၉ပွဲဆက်(၇ပွဲနိုင်၊ ၂ပွဲသရေ)ရှုံးပွဲမရှိကစားထားချိန်မှာ ဝက်စ်ဟမ်းကတော့ လိဂ်အဝေးကွင်းနောက်ဆုံး ၁၅ပွဲအနက် ဂိုးမသွင်းနိုင်တဲ့ပွဲ ၇ပွဲအထိရှိပါတယ်။
ပြီးတော့ အာဆင်နယ်က ရာသီအဖွင့်မှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရထားပြီး ဝက်စ်ဟမ်းက အိမ်ကွင်းမှာ နယူးကာဆယ်ကို ဂိုးပြတ်အရေးနိမ့်ထားပါတယ်။ အာဆင်နယ်က မူလဖွင့်လှစ်မှု ၁-၂၀ ကနေ ၁= ဖြစ်လာပြီး ဂိုးပေါင်းက ၃+၃၀ ကနေ ၃+၂၀ ဖြစ်လာပါတယ်။ အာဆင်နယ်အသင်း ဖူလ်ဟမ်နဲ့ပွဲမှာ အဝေးကွင်းဖြစ်ပေမယ့် ၁=အထိ ပြင်းရှစွာအကျောပေးခဲ့ပြီး အခုတော့ အိမ်ကွင်းမှာ ၁= ပဲ ဖွင့်ထားတာက အတော်လေးပျော့ပါတယ်။ အမှန်တကယ်ဆို ၁-၇၀ လောက်အထိ ကြေးဖွင့်လို့ရပေမယ့် အခုတော့ ၁= ပဲပေးထားလို့ ဝက်စ်ဟမ်းဘော်ဒီနဲ့ လက်တွဲချင်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
Zawgyi