စနေည ပရီးမီးယားလိဂ်ပွဲစဉ် ၁ အပေါ် လော်ရိုးရဲ့ ခန့်မှန်းချက်

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဖူလ်ဟမ် – အာဆင်နယ် (ညနေ ၆း၀၀)
တန်းတက်အသင်းတစ်သင်းအတွက် အိမ်ကွင်းအဖွင့်ပွဲမှာ ပရိသတ်တွေ ဝင်မကြည့်နိုင်တာက ဖူလ်ဟမ်အတွက် နစ်နာလာနိုင်ပြီး လက်ရှိအနေအထားအရ ချန်ပီယံရှစ်ကို ချက်ချင်း တန်းပြန်ဆင်းရနိုင်ပေမယ့် နည်းပြ စကော့ပါကားကြောင့် ဖူလ်ဟမ်က စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

Photo Credit

ဖူလ်ဟမ်က ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ကစားပုံကောင်းမွန်ခဲ့ပြီး မီထရိုဗစ်ကလည်း Target man ပုံစံမှာ ကောင်းကောင်းကစားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်က ဒီပွဲအတွက် အသင့်ရှိနေပြီလို့ ထင်ပါတယ်။ သူတို့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကစားခဲ့တာ သိပ်မကြာသေးဘူးဆိုတော့ ပွဲကြံ့ခိုင်မှုရဖို့က သိပ်အရေးမကြီးဘူးလို့ထင်ပါတယ်။ ပြီးတော့ ကွန်မြူနတီဒိုင်းပွဲလည်း ကစားထားတော့ သူတို့ အနိုင်ရသွားမယ်ထင်ပါတယ်။
ခန့်မှန်းရလဒ် (ဖူလ်ဟမ် ဝ-၂ အာဆင်နယ်)

Photo Credit

ပဲလေ့စ် – ဆောက်သမ်တန် (ည ၈း၃၀)
ဆောက်သမ်တန်က ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီး တိုက်စစ်မှူး ဒန်နီအင့်စ်ကလည်း ဘယ်သူမှတားမရဆီးမရဖြစ်ခဲ့ပါတယ်။ ပဲလေ့စ်ကတော့ ပြောင်းပြန်ဖြစ်ပြီး ၇ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို ရာသီပိတ် ၈ပွဲမှာ ၇ပွဲရှုံး၊ ၁ပွဲသရေကျခဲ့ပါတယ်။

Photo Credit

ဒါတွေက ရာသီသစ်မှာ ပဲလေ့စ်ဆီကနေ ထွက်ခွာသွားတော့မှာဖြစ်ပြီး အရင်နှစ်တွေကလောက် အားလပ်ရက်က သိပ်မကြာတော့ပေမယ့် ပဲလေ့စ်အတွက် အသစ်တွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ အရှုံးအနိုင် အဖြေမထွက်လောက်ဘူးလို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် (ပဲလေ့စ် ၁-၁ ဆောက်သမ်တန်)

Photo Credit

လီဗာပူး – လိဒ်ယူနိုက်တက် (ည ၁၁း၀၀)
လိဒ်ယူနိုက်တက်က ချန်ပီယံရှစ်မှာကတည်းက ကစားပုံကောင်းမွန်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘယ်လိုကစားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိဒ်ယူနိုက်တက်ရဲ့ ကစားပုံကို သဘောကျပါတယ်။
သူတို့ကစားပုံက လီဗာပူးနဲ့သိပ်မကွာဘဲ Pressing လုပ်တာကောင်းသလို လျင်မြန်မှုကိုလည်း တွေ့ရပါတယ်။ သူတို့အတွက် ရာသီအဖွင့်ပွဲက ခက်ခဲလာနိုင်ပေမယ့် တစ်ရာသီလုံးအနေနဲ့ဆိုရင်တော့ သူတို့ ရုန်းကန်ရနိုင်တဲ့အကြောင်းရင်းကို ရှာမတွေ့သေးပါဘူး။

Photo Credit

လိဒ်ယူနိုက်တက် တိုက်စစ်မှူးသစ် ရိုဒရီဂိုကို စောင့်ကြည့်ရမှာ ဖြစ်သလို ကွင်းလယ်မှာလည်း ပက်ဘလိုဟာနန်ဒက်ဇ်ကို စောင့်ကြည့်ချင်နေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပရီးမီးယားလိဂ်မှာ ဆွမ်ဆီးနဲ့အတူ ဟာနန်ဒက်ဇ်ရဲ့ ကစားပုံတွေကို ခင်ဗျားတု့ိ မှတ်မိတယ်မဟုတ်လား။

Photo Credit

သူက အခုဆိုရင် အသက် ၃၅ နှစ်ရှိနေပြီဖြစ်သလို ပွဲတွေအများကြီးကစားခွင့် မရတော့ပေမယ့် ပါဝင်ကစားခွင့်ရတဲ့ပွဲတိုင်းမှာ သူများနဲ့မတူအောင် ကစားနိုင်စွမ်းရှိပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ သူ့ရဲ့အမြင်တွေက လိဒ်ယူနိုက်တက်အတွက် အဖိုးတန်နေပါတယ်။

Photo Credit

ခန့်မှန်းရလဒ် (လီဗာပူး ၂-၀ လိဒ်ယူနိုက်တက်)

ဝက်စ်ဟမ်း – နယူးကာဆယ် (နံနက် ၁း၃၀)

Photo Credit

အလားအလာအများကြီးရှိတဲ့ တောင်ပံကစားသမား ဒီယန်ဂါနာကို ဝက်စ်ဘရွန်းအသင်းဆီ ဘာကြောင့်ရောင်းလိုက်ရတာလဲဆိုတာ ကျွန်တော်လည်း နားမလည်နိုင်ဘူး။ ဘဏ္ဍာရေးကြောင့်လို့ ပြောရအောင်လည်း သူတို့ဟာ မကြာသေးခင်ကမှ ဘန်လေနောက်ခံလူ တာကောစကီးအတွက် ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းခဲ့ထားတော့ ဘယ်လိုသွားယုံမလဲ။

Photo Credit

နယူးကာဆယ်က ရာသီသစ်ကို ကောင်းမွန်တဲ့ အင်ာအးဖြည့်တင်းမှုတွေနဲ့အတူ ကြိုဆိုနိုင်ခဲ့ပြီး ကာလမ်ဝီလ်ဆင်၊ ဖရေဆာနဲ့ ဟင်းဒရစ်တို့ကို ခေါ်ယူထားပါတယ်။ နည်းပြစတိဗ်ဘရုစ်က ပရီးမီးယားလိဂ်အကြောင်း ကောင်းကောင်းသိသူတွေကိုပဲ ခေါ်ချင်နေတာပါ။ ပွဲက အကြိတ်အနယ်ရှိနိုင်ပေမယ့် ကျွန်တော်ကတော့ ဝက်စ်ဟမ်းကိုပဲ အနိုင်ပေးချင်တယ်။
ခန့်မှန်းရလဒ် (ဝက်စ်ဟမ်း ၂-၁ နယူးကာဆယ်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

စေနည ပရီးမီးယားလိဂ္ပြဲစဥ္ ၁ အေပၚ ေလာ္႐ိုးရဲ႕ ခန႔္မွန္းခ်က္
ဖူလ္ဟမ္ – အာဆင္နယ္ (ညေန ၆း၀၀)
တန္းတက္အသင္းတစ္သင္းအတြက္ အိမ္ကြင္းအဖြင့္ပြဲမွာ ပရိသတ္ေတြ ဝင္မၾကည့္ႏိုင္တာက ဖူလ္ဟမ္အတြက္ နစ္နာလာႏိုင္ၿပီး လက္ရွိအေနအထားအရ ခ်န္ပီယံရွစ္ကို ခ်က္ခ်င္း တန္းျပန္ဆင္းရႏိုင္ေပမယ့္ နည္းျပ စေကာ့ပါကားေၾကာင့္ ဖူလ္ဟမ္က ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနပါတယ္။
ဖူလ္ဟမ္က ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္မွာ ကစားပုံေကာင္းမြန္ခဲ့ၿပီး မီထ႐ိုဗစ္ကလည္း Target man ပုံစံမွာ ေကာင္းေကာင္းကစားႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အာဆင္နယ္က ဒီပြဲအတြက္ အသင့္ရွိေနၿပီလို႔ ထင္ပါတယ္။ သူတို႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲကစားခဲ့တာ သိပ္မၾကာေသးဘူးဆိုေတာ့ ပြဲႀကံ့ခိုင္မႈရဖို႔က သိပ္အေရးမႀကီးဘူးလို႔ထင္ပါတယ္။ ၿပီးေတာ့ ကြန္ျမဴနတီဒိုင္းပြဲလည္း ကစားထားေတာ့ သူတို႔ အႏိုင္ရသြားမယ္ထင္ပါတယ္။
ခန႔္မွန္းရလဒ္ (ဖူလ္ဟမ္ ဝ-၂ အာဆင္နယ္)

ပဲေလ့စ္ – ေဆာက္သမ္တန္ (ည ၈း၃၀)
ေဆာက္သမ္တန္က ၿပီးခဲ့တဲ့ရာသီက အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့ၿပီး တိုက္စစ္မႉး ဒန္နီအင့္စ္ကလည္း ဘယ္သူမွတားမရဆီးမရျဖစ္ခဲ့ပါတယ္။ ပဲေလ့စ္ကေတာ့ ေျပာင္းျပန္ျဖစ္ၿပီး ၇ပြဲဆက္ အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရသလို ရာသီပိတ္ ၈ပြဲမွာ ၇ပြဲရႈံး၊ ၁ပြဲသေရက်ခဲ့ပါတယ္။
ဒါေတြက ရာသီသစ္မွာ ပဲေလ့စ္ဆီကေန ထြက္ခြာသြားေတာ့မွာျဖစ္ၿပီး အရင္ႏွစ္ေတြကေလာက္ အားလပ္ရက္က သိပ္မၾကာေတာ့ေပမယ့္ ပဲေလ့စ္အတြက္ အသစ္ေတြ ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အရႈံးအႏိုင္ အေျဖမထြက္ေလာက္ဘူးလို႔ ထင္ပါတယ္။
ခန႔္မွန္းရလဒ္ (ပဲေလ့စ္ ၁-၁ ေဆာက္သမ္တန္)

လီဗာပူး – လိဒ္ယူႏိုက္တက္ (ည ၁၁း၀၀)
လိဒ္ယူႏိုက္တက္က ခ်န္ပီယံရွစ္မွာကတည္းက ကစားပုံေကာင္းမြန္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဘယ္လိုကစားမလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လိဒ္ယူႏိုက္တက္ရဲ႕ ကစားပုံကို သေဘာက်ပါတယ္။
သူတို႔ကစားပုံက လီဗာပူးနဲ႔သိပ္မကြာဘဲ Pressing လုပ္တာေကာင္းသလို လ်င္ျမန္မႈကိုလည္း ေတြ႕ရပါတယ္။ သူတို႔အတြက္ ရာသီအဖြင့္ပြဲက ခက္ခဲလာႏိုင္ေပမယ့္ တစ္ရာသီလုံးအေနနဲ႔ဆိုရင္ေတာ့ သူတို႔ ႐ုန္းကန္ရႏိုင္တဲ့အေၾကာင္းရင္းကို ရွာမေတြ႕ေသးပါဘူး။
လိဒ္ယူႏိုက္တက္ တိုက္စစ္မႉးသစ္ ႐ိုဒရီဂိုကို ေစာင့္ၾကည့္ရမွာ ျဖစ္သလို ကြင္းလယ္မွာလည္း ပက္ဘလိုဟာနန္ဒက္ဇ္ကို ေစာင့္ၾကည့္ခ်င္ေနပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ပရီးမီးယားလိဂ္မွာ ဆြမ္ဆီးနဲ႔အတူ ဟာနန္ဒက္ဇ္ရဲ႕ ကစားပုံေတြကို ခင္ဗ်ားတု႔ိ မွတ္မိတယ္မဟုတ္လား။
သူက အခုဆိုရင္ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္သလို ပြဲေတြအမ်ားႀကီးကစားခြင့္ မရေတာ့ေပမယ့္ ပါဝင္ကစားခြင့္ရတဲ့ပြဲတိုင္းမွာ သူမ်ားနဲ႔မတူေအာင္ ကစားႏိုင္စြမ္းရွိပါတယ္။ အံ့အားသင့္စရာေကာင္းတဲ့ သူ႔ရဲ႕အျမင္ေတြက လိဒ္ယူႏိုက္တက္အတြက္ အဖိုးတန္ေနပါတယ္။
ခန႔္မွန္းရလဒ္ (လီဗာပူး ၂-၀ လိဒ္ယူႏိုက္တက္)

ဝက္စ္ဟမ္း – နယူးကာဆယ္ (နံနက္ ၁း၃၀)
အလားအလာအမ်ားႀကီးရွိတဲ့ ေတာင္ပံကစားသမား ဒီယန္ဂါနာကို ဝက္စ္ဘ႐ြန္းအသင္းဆီ ဘာေၾကာင့္ေရာင္းလိုက္ရတာလဲဆိုတာ ကြၽန္ေတာ္လည္း နားမလည္ႏိုင္ဘူး။ ဘ႑ာေရးေၾကာင့္လို႔ ေျပာရေအာင္လည္း သူတို႔ဟာ မၾကာေသးခင္ကမွ ဘန္ေလေနာက္ခံလူ တာေကာစကီးအတြက္ ေပါင္ ၂၇ သန္းနဲ႔ ကမ္းလွမ္းခဲ့ထားေတာ့ ဘယ္လိုသြားယုံမလဲ။
နယူးကာဆယ္က ရာသီသစ္ကို ေကာင္းမြန္တဲ့ အင္ာအးျဖည့္တင္းမႈေတြနဲ႔အတူ ႀကိဳဆိုႏိုင္ခဲ့ၿပီး ကာလမ္ဝီလ္ဆင္၊ ဖေရဆာနဲ႔ ဟင္းဒရစ္တို႔ကို ေခၚယူထားပါတယ္။ နည္းျပစတိဗ္ဘ႐ုစ္က ပရီးမီးယားလိဂ္အေၾကာင္း ေကာင္းေကာင္းသိသူေတြကိုပဲ ေခၚခ်င္ေနတာပါ။ ပြဲက အႀကိတ္အနယ္ရွိႏိုင္ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဝက္စ္ဟမ္းကိုပဲ အႏိုင္ေပးခ်င္တယ္။
ခန႔္မွန္းရလဒ္ (ဝက္စ္ဟမ္း ၂-၁ နယူးကာဆယ္)