
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဂျင်တီးနားနာမည်ကျော်ကစားသမား မက်ဆီဟာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး အသင်းအတွက်ပါဝင်ကစားတာကို တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာမျှော်လင့်တကြီးစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
PSG အသင်းဟာ အခုလာမယ့်စနေညမှာ စထရာဘိုးနဲ့ပြင်သစ်လီဂူးပွဲစဉ်(၂)အဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မက်ဆီကလည်း သူ့အသင်းသစ်အတွက် အမြန်ဆုံးပါဝင်ကစားလိုနေပေမယ့် အဲဒီပွဲမှာတော့ မက်ဆီကို မြင်တွေ့ရဖို့က သိပ်မဖြစ်နိုင်သေးပါဘူး။
မနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မက်ဆီက “ဘာစီလိုနာအသင်းနဲ့လမ်းခွဲခဲ့ရတာက အရမ်းခက်ခဲတယ်ဆိုတာ လူတိုင်းအသိပါပဲ။
ဒါပေမဲ့ PSG အသင်းဆီပြောင်းရွှေ့ခွင့်ရခဲ့လို့ ပျော်ရွှင်မိပြီး အသင်းဖော်သစ်တွေနဲ့ဆုံတွေ့ဖို့ အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းဖို့အတွက် မစောင့်နိုင်တော့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့ စပိန်ဘုရင့်ဖလားရယူခဲ့သလို အာဂျင်တီးနားအသင်းအတွက်လည်း နှစ်ပေါင်း(၂၀)ကျော်အကြာမှာ
ပထမဆုံးအကြိမ်ကိုပါအမေရိကဖလား၊ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအဓိကဆုဖလားတွေရယူနိုင်ခဲ့လို့ ဘာစီလိုနာအသင်းနဲ့လမ်းခွဲခဲ့ရတဲ့အတွက် ဝမ်းနည်းစရာကောင်းခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတွေအရ စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဆင်နွှဲခဲ့လို့ PSG အသင်းက သူ့ကို အားလပ်ရက်ထပ်ဆောင်းပေးခဲ့ပြီး အခုအချိန်အထိ အသင်းနဲ့ေ့လကျင့်ခန်းမဆင်းနိုင်သေးပါဘူး။
တစ်ခုရှိတာကတော့ မက်ဆီဟာ အသင်းသစ်အတွက် အမြန်ဆုံးပါဝင်ကစားနိုင်ဖို့ စိတ်အားထက်သန်နေသလို နည်းပြပိုချက်တီနိုကလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို ချက်ချင်းအသုံးပြုချင်နေတာကြောင့် စနေနေ့ကျရင် စထရာဘိုးနဲ့ကစားမယ့်ပွဲမှာ မက်ဆီကို အရန်စာရင်းမှာထည့်သွင်းသွားဖို့ရှိနေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စေနညမွာကစားမယ့္ စထရာဘိုးနဲ႔ျပင္သစ္လီဂူးပြဲမွာ PSG အတြက္ မက္ဆီပြဲထြက္ကစားမွာလား?
အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမား မက္ဆီဟာ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းနဲ႔တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး အသင္းအတြက္ပါဝင္ကစားတာကို တစ္ကမာၻလုံးက ပရိသတ္ေတြဟာေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းေနၾကတာျဖစ္ပါတယ္။ PSG အသင္းဟာ အခုလာမယ့္စေနညမွာ စထရာဘိုးနဲ႔ျပင္သစ္လီဂူးပြဲစဥ္(၂)အျဖစ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး မက္ဆီကလည္း သူ႔အသင္းသစ္အတြက္ အျမန္ဆုံးပါဝင္ကစားလိုေနေပမယ့္ အဲဒီပြဲမွာေတာ့ မက္ဆီကို ျမင္ေတြ႕ရဖို႔က သိပ္မျဖစ္ႏိုင္ေသးပါဘူး။
မေန႔ကျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ မက္ဆီက “ဘာစီလိုနာအသင္းနဲ႔လမ္းခြဲခဲ့ရတာက အရမ္းခက္ခဲတယ္ဆိုတာ လူတိုင္းအသိပါပဲ။ ဒါေပမဲ့ PSG အသင္းဆီေျပာင္းေ႐ႊ႕ခြင့္ရခဲ့လို႔ ေပ်ာ္႐ႊင္မိၿပီး အသင္းေဖာ္သစ္ေတြနဲ႔ဆုံေတြ႕ဖို႔ အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းဖို႔အတြက္ မေစာင့္ႏိုင္ေတာ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ၂၀၂၀-၂၁ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္းနဲ႔ စပိန္ဘုရင့္ဖလားရယူခဲ့သလို အာဂ်င္တီးနားအသင္းအတြက္လည္း ႏွစ္ေပါင္း(၂၀)ေက်ာ္အၾကာမွာ ပထမဆုံးအႀကိမ္ကိုပါအေမရိကဖလား၊ သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအဓိကဆုဖလားေတြရယူႏိုင္ခဲ့လို႔ ဘာစီလိုနာအသင္းနဲ႔လမ္းခြဲခဲ့ရတဲ့အတြက္ ဝမ္းနည္းစရာေကာင္းခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈေတြအရ စိတ္ေက်နပ္စရာေကာင္းခဲ့ပါတယ္။
မက္ဆီဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိကဖလားၿပိဳင္ပြဲဆင္ႏႊဲခဲ့လို႔ PSG အသင္းက သူ႔ကို အားလပ္ရက္ထပ္ေဆာင္းေပးခဲ့ၿပီး အခုအခ်ိန္အထိ အသင္းနဲ႔ေ့လက်င့္ခန္းမဆင္းႏိုင္ေသးပါဘူး။ တစ္ခုရွိတာကေတာ့ မက္ဆီဟာ အသင္းသစ္အတြက္ အျမန္ဆုံးပါဝင္ကစားႏိုင္ဖို႔ စိတ္အားထက္သန္ေနသလို နည္းျပပိုခ်က္တီႏိုကလည္း ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးကို ခ်က္ခ်င္းအသုံးျပဳခ်င္ေနတာေၾကာင့္ စေနေန႔က်ရင္ စထရာဘိုးနဲ႔ကစားမယ့္ပြဲမွာ မက္ဆီကို အရန္စာရင္းမွာထည့္သြင္းသြားဖို႔ရွိေနပါၿပီ။