M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လစ်သူယေးနီးယား 🆚 ဘူလ်ဂေးရီးယား
လစ်သူယေးနီးယားက အမှတ်မရသေးသလို ဒီနှစ်ထဲကစားတဲ့ ပြိုင်ပွဲစုံ ၉ပွဲဆက်ရှုံးထားတာပါ။
ဘူလ်ဂေးရီးယားက နောက်ဆုံး ၂ပွဲမှာ ၄မှတ်ရခဲ့တာမို့ အုပ်စုဒုတိယရရေးမျှော်လင့်ချက် အနည်းငယ်ရှင်သန်လာတယ်။
ဘူလ်ဂေးရီးယားဟာ နောက်ဆုံး ကစားတဲ့ခြေစမ်းပွဲမှာလည်း ဂျော်ဂျီယာကိုဂိုးပြတ်နိုင်ခဲ့တာပါ။
ဘူလ်ဂေးရီးယား နိုင်ပွဲဆက်မယ်။
ကာဇက်စတန် 🆚 ဘော့စနီးယား
အုပ်စု(D) မှာ ၂သင်းစလုံး ၃မှတ်စီသာရသေးပေမယ့် ဒုတိယနေရာက ယူကရိန်းနဲ့ ၂မှတ်သာကွာတာမို့ မျှော်လင့်ချက်မကုန်သေးပါဘူး။
ဒါကြောင့် နိုင်ပွဲစရဖို့ ၂သင်းစလုံး တိုက်စစ်ဖွင့်ကစားပါလိမ့်မယ်။
ဘော့စနီးယားမြေမှာကတည်းက ၂-၂ က စားနိုင်ခဲ့တဲ့ကာဇက်စတန် အိမ်ကွင်းမှာလည်း ဂိုးရဖို့သေချာပါတယ်။
ဂိုးအပေါ် အကြိုက်ဆုံးပါပဲ။
အဇာဘိုင်ဂျန် 🆚 အိုင်ယာလန်
၂သင်းစလုံးမျှော်လင့်ချက်မရှိတော့ဘဲ ဂုဏ်သိက္ခာ အတွက်သာ ကစားရမှာပါ။
အဇာဘိုင်ဂျန်က အိမ်ကွင်းဆိုရင် ခံစစ်ကစားပုံအမှားနည်းပါတယ်။
အိုင်ယာလန်ကလည်း ၁ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲက ခပ်ရှားရှားပါ။
ဂိုးပေါင်းဈေး ၂+၂၀ ကလည်းပါးလွန်းတာမို့ ဂိုးအောက်ရွေးမယ်။
ဂျော်ဂျီယာ 🆚 ဂရိ
ဂျော်ဂျီယာ ခြေပျက်သွားပါတယ်။
ဘူလ်ဂေးရီးယားလိုတိုက်စစ်အားနည်းတဲ့အသင်းကိုတောင် ၄ဂိုးပေးခဲ့ရပြီး နောက်ဆုံးအိမ်ကွင်း ၅ပွဲမှာလည်း ၄ပွဲရှုံးခဲ့ပါတယ်။
ဂရိကပြိုင်ပွဲစုံနောက်ဆုံး ၁၃ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို ၈ပွဲဆက်လည်းဂိုးသွင်းနိုင်ခဲ့တယ်။
ဆွီဒင်နဲ့ အုပ်စုဒုတိယနေရာလုရမယ့် ဂရိ နိုင်ပွဲဆက်မှာပါ။
ဆွီဒင် 🆚 ကိုဆိုဗို
ဆွီဒင်က စပိန်နဲ့ ၄မှတ်ပြတ်နေပေမယ့် ၂ပွဲလျော့ကစားထားလို့ပါ။
ဆွီဒင်ဟာ အိမ်ကွင်းဆို အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်တယ်ဆိုတာ စပိန်ကိုနိုင်ခဲ့တာသက်သေပါပဲ။
အီဆက်ခ်၊ ဖော့စ်ဘတ်၊ ကူလူဆက်ဗ်စကီး၊ အက်ခ်ဒယ်၊ လင်းဒလော့ဖ်တို့နဲ့ ဆွီဒင်စုဖွဲ့မှုကတောင့်တင်းပါတယ်။
ကိုဆိုဗို အညံ့ကြီးမဟုတ်ပေမယ့် အမှတ်လိုနေတဲ့ဆွီဒင် ၂ဂိုးပြတ်ဖို့ရှိတယ်။
ဖင်လန် 🆚 ယူကရိန်း
ဖင်လန်မြေမှာတောင် ယူကရိန်းက =၃၅ ပေးထားရတယ်။
နောက်ဆုံး ၈ပွဲမှာ ၆ပွဲဂိုးမသွင်းနိုင်တဲ့ ဖင်လန် ခြေစွမ်းကိုကြည့်ရင်တော့ ယူကရိန်းကပြန်ပေးထားရတာ သိပ်တော့မဆန်းပါဘူး။
ယူကရိန်းကလည်း ယာယီနည်းပြ ပီထရာကော့ဗ်ကိုင်ခဲ့တဲ့ ၃ပွဲလုံး သရေကျခဲ့တာပါ။
ဘော်ဒီမှန်းရခက်တာမို့ ဂိုးအောက်ရွေးတာစိတ်ချရပါမယ်။
စကော့တလန် 🆚 အစ္စရေး
အုပ်စု(F) ဒုတိယနေရာလုပွဲပါ။ ၂ပွဲဆက်နိုင်ခဲ့တာမို့ စကော့တလန် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါပြီ။
ဒါပေမဲ့ နောက်ဆုံး ၇ပွဲမှာ ၄ဂိုးသာသွင်းနိုင်ခဲ့တဲ့တိုက်စစ်ကတော့ လုံးဝအားရစရာမရှိဘူး။
အစ္စရေးက ဒိန်းမတ်ကို ၅ဂိုးပြတ်ရှုံးပေမယ့် စကော့တလန်ထက်တိုက်စစ်ပိုကောင်းတယ်။ အစ္စရေးနဲ့ပဲစွန့်စားမယ်။
လူဇင်ဘတ် 🆚 ဆားဘီးယား
ပေါ်တူဂီနဲ့ ၂မှတ်သာကွာတာမို့ ဆားဘီးယား အုပ်စုဗိုလ်ဖြစ်ဖို့မျှော်လင့်နိုင်ဆဲပါ။
ဆားဘီးယားတိုက်စစ်ကပေါ်တူဂီထက်တောင်ပိုကောင်းပြီး မီထရိုဗစ်တစ်ဦးတည်း ၇ဂိုးသွင်းထားတယ်။
ဂျိုဗစ်၊ ဗလာဟိုဗစ်၊ တာဒစ်။ ကော့စတစ်၊ ဆာဗစ်တို့နဲ့ ဆားဘီယားစုဖွဲ့မှုကလည်းတောင့်တင်းလွန်းပါတယ်။
ဆားဘီးယားအပေါ်စုံရွေးရင် ၂ကျပ်ကွက်ရနိုင်တယ်။
ဆွစ်ဇာလန် 🆚 မြောက်အိုင်ယာလန်
ပ-အကျော့ မြောက်အိုင်ယာလန်မြေမှာ ဆွစ်ဇာလန်သရေသာရခဲ့သလို နောက်ဆုံး ၂ပွဲဆက်လည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။
မြောက်အိုင်ယာလန်က နောက်ဆုံး၆ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို ဂိုးမပေးရတာလည်း ၄ပွဲရှိခဲ့တယ်။
ဆွစ်ဇာလန်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၆ပွဲမှာလည်း မြောက်အိုင်ယာလန် ဂိုးပြတ်ရှုံးတာမရှိခဲ့ဘူး။
မြောက်အိုင်ယာလန် ဂိုးပြတ်မရှုံးနိုင်ဘူး။
ဖာရိုးကျွန်းစု 🆚 သြစတြီးယား
၂ပွဲဆက်ရှုံးခဲ့တဲ့ သြစတြီးယား ပြန်နိုးထရမယ့်ပွဲပါ။ စကော့တလန်နဲ့ ၄မှတ်၊ အစ္စရေးနဲ့ ၃မှတ်ပြတ်နေတာမို့ အမှားမခံတော့ဘူး။
အာနူတိုဗစ်အပါအဝင် သြစတြီးယားမှာ အဓိကကစားသမားအချို့ဒဏ်ရာ ရနေပေမယ့် သြစတြီးယားစုဖွဲ့မှုက ဖာရိုးကျွန်းစုထက်အများကြီးတောင့်တင်းဆဲပါ။
သြစတြီးယား အပေါ်စုံကြိုက်တယ်။
မော်လ်ဒိုဗာ 🆚 ဒိန်းမတ်
အုပ်စု ၆ပွဲလုံးနိုင်ထားတဲ့ဒိန်းမတ်က ခြေစစ်ပွဲအောင်ဖို့ လက်တစ်ကမ်းသာလိုပါတော့တယ်။
တစ်ပွဲပျမ်းမျှ ၃.၆၇ဂိုးသွင်းထားတဲ့ဒိန်းမတ်တိုက်စစ်ကလည်း နယ်သာလန်ပြီးရင် ဂိုးသွင်းအကောင်းဆုံးပါပဲ။
ပ-ကျော့ အိမ်ကွင်းမှာရခဲ့တဲ့ ၈ဂိုးပြတ်နိုင်ပွဲမျိုးပြန်မရရတောင် ဒိန်းမတ်အနိုင်က ၃ဂိုးနဲ့အထက်ရှိမှာပါ။
အန်ဒိုရာ 🆚 အင်္ဂလန်
အင်္ဂလန်ရဲ့ပွဲထွက်စာရင်းထွက်လာပြီးမှ စဉ်းစားသင့်တဲ့ပွဲပါ။
အန်ဒိုရာရဲ့အိမ်ကွင်း Estadi Nacional က မြက်ခင်းတုကွင်းဖြစ်တာမို့ အဓိက ကစားသမားတွေ ဒဏ်ရာရတာကိုရှောင်နိုင်အောင် အရန်တွေနဲ့ပွဲထွက်
လာဖွယ်ရှိတယ်။ လက်ရှိမှာတော့ အင်္ဂလန်ရဲ့ဖွင့်လှစ်မှုက ၃-၉၀/၄+၁၀ ဖြစ်နေဆဲပါ။
အင်္ဂလန်တစ်သင်းတည်းဂိုးသွင်းမှာမို့ ဂိုးအောက် စွန့်စားရွေးသင့်တယ်။
ဟန်ဂေရီ 🆚 အယ်ဘေးနီးယား
ဒီပွဲကလည်း အုပ်စုဒုတိယနေရာလုပွဲပါပဲ။ စက်တင်ဘာခြေစမ်းပွဲ ၃ပွဲမှာ အန်ဒိုရာကိုသာနိုင်ခဲ့တာမို့ ဟန်ဂေရီ အဆင့် ၄ရောက်သွားတယ်။
ဒါပေမဲ့ အယ်ဘေးနီးယားနဲ့ ၂မှတ်၊ ပိုလန်နဲ့ ၁မှတ်သာကွာတာပါ။
အယ်ဘေးနီးယားက အဝေးကွင်းသိပ်မစွံပါဘူး။ ဟန်ဂေရီရှုံးကြွေးပြန်ဆပ်နိုင်ပါလိမ့်မယ်။
ပိုလန် 🆚 ဆန်မာရီနို
ဒီပွဲမှာတော့ ပိုလန် ဘယ်နှဂိုးသွင်းမလဲဆိုတာပဲ စဉ်းစားရမှာပါ။ လက်ရှိဖွင့်လှစ်မှုအရတော့ ပိုလန် ၆ဂိုးပြတ်နိုင်မှကြေးအောင်ပါလိမ့်မယ်။
ဆန်မာရီနိုမြေမှာတောင် ၇-၁နဲ့နိုင်ခဲ့တာ အိမ်ကွင်းမှာလည်း ဂိုးဒါဇင်ဝက် မသွင်းနိုင်စရာအကြောင်းမရှိပါဘူး။ ပိုလန်ကိုပဲယုံကြည်ရမယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စနေညကို ဥရောပဇုန်ခြေစစ်ပွဲတွေနဲ့ဖြတ်သန်းမယ် (ကောင်းပိုင်)
ဂျော်ဂျီယာ 🆚 ဂရိ
ဆွီဒင် 🆚 ကိုဆိုဗို
ဖင်လန် 🆚 ယူကရိန်း
စကော့တလန် 🆚 အစ္စရေး
လူဇင်ဘတ် 🆚 ဆားဘီးယား
မော်လ်ဒိုဗာ 🆚 ဒိန်းမတ်
အန်ဒိုရာ 🆚 အင်္ဂလန်
ဟန်ဂေရီ 🆚 အယ်ဘေးနီးယား
ပိုလန် 🆚 ဆန်မာရီနို