စတုတ်စီးတီးနဲ့ကွင်းပိတ်ခြေစမ်းပွဲမှာ ဂရင်းဝုဒ်ခြေစွမ်းပြဂိုးသွင်းခဲ့ပေမယ့် ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်ကြောင့် လိဂ်ပြိုင်ပွဲတွေခဏရပ်ဆိုင်းထားပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ စတုတ်စီးတီးအသင်းနဲ့ ကွင်းပိတ်ခြေစမ်းပွဲကစားခဲ့ပြီး

လူငယ်တိုက်စစ်မှူးဂရင်းဝုဒ် ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်း (၄-၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီအစမှာ ယူနိုက်တက်အသင်းအတွက်တောက်လျှောက်ခြေစွမ်းပြကစားနေပြီး ရာသီအဖွင့်(၃)ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပေမယ့်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ဟန်ဂေရီ၊ အန်ဒိုရာ၊ ပိုလန်တို့နဲ့ကစားမယ့်ပွဲတွေအတွက် လက်ရွေးစင်အသင်းလူစာရင်းမှာ ဂရင်းဝုဒ်ကို မရွေးချယ်ခဲ့ပါဘူး။

စတုတ်စီးတီးနဲ့ပွဲမှာ လက်ထောက်နည်းပြကာရစ်က တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပွဲထွက်ကစားသမားတွေအဖြစ် ဂိုး-ဟီတန်၊ နောက်တန်း-ဒါလော့တ်၊ ဖီးလ်ဂျုံးစ်၊ မန်ဂီ၊ အယ်လ်ဗာရိုဖာနန်ဒက်စ်၊ ကွင်းလယ်-မာတစ်၊ ဗန်ဒီဘိခ်၊ ဟာနီဘယ်လ်၊ ရှေ့တန်း-မာတာ၊ ဂရင်းဝုဒ်၊ ကာဗာနီတို့ကို အသုံးပြုခဲ့ပါတယ်။

ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီးတဲ့နောက် ဒီရာသီအစမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့ နောက်ခံလူဖီးလ်ဂျုံးစ်ဟာ ပြီးခဲ့တဲ့လအစောပိုင်းက ဘန်လေနဲ့ကွင်းပိတ်ခြေစမ်းပွဲမှာ မိနစ်(၃၀)လောက်ပါဝင်ကစားခဲ့သလို အခုစတုတ်စီးတီးနဲ့ပွဲမှာလည်း ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့နှစ်၊ နွေရာသီက ရီးယဲလ်အသင်းကနေပြောင်းရွှေ့ခဲ့သူ အသက်(၁၈)နှစ်အရွယ် ဘယ်နောက်ခံကစားသမားအယ်လ်ဗာရိုဖာနန်ဒက်စ်ဟာ အခုပွဲမှာ အတိုင်းအတာတစ်ခုအထိခြေစွမ်းပြကစားခဲ့ပြီး

ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲမှမကစားရသေးတဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ကလည်း ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ကိုဗစ်ရောဂါကန့်သတ်ချက်တွေကြောင့် ဥရုဂွေးလက်ရွေးစင်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူ ၀ါရင့်တိုက်စစ်မှူးကာဗာနီဟာ တိုက်စစ်မှာဂရင်းဝုဒ်နဲ့တွဲဖက်ကစားခဲ့ပြီး သူ့ရဲ့ဖရီးကစ်ကန်ချက်က တိုင်ထိထွက်သွားလို့ နစ်နာခဲ့ရပါတယ်။

ကြံ့ခိုင်မှုပြည့်ဝလာအောင် ကြိုးစားနေတဲ့ တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်၊ ဂိုးသမားဟန်ဒါဆင်နဲ့ နောက်ခံလူတဲလက်စ်ကိုကတော့ အခုပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲတွေအပြီး ပြန်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)အဖြစ် စက်တင်ဘာ(၁၁)ရက်ကျရင် နယူးကာဆယ်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာလက်ခံကစားရမှာဖြစ်ပြီး နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို ပွဲထွက်ကစားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စတုတ္စီးတီးနဲ႔ကြင္းပိတ္ေျခစမ္းပြဲမွာ ဂရင္းဝုဒ္ေျခစြမ္းျပဂိုးသြင္းခဲ့ေပမယ့္ ရႈံးပြဲႀကဳံေတြ႕ခဲ့ရတဲ့ ယူႏိုက္တက္

ႏိုင္ငံတကာပြဲစဥ္ရက္သတၱပတ္ေၾကာင့္ လိဂ္ၿပိဳင္ပြဲေတြခဏရပ္ဆိုင္းထားေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔က အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ စတုတ္စီးတီးအသင္းနဲ႔ ကြင္းပိတ္ေျခစမ္းပြဲကစားခဲ့ၿပီး လူငယ္တိုက္စစ္မႉးဂရင္းဝုဒ္ ေျခစြမ္းျပဂိုးသြင္းႏိုင္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္း (၄-၃)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ဒီရာသီအစမွာ ယူႏိုက္တက္အသင္းအတြက္ေတာက္ေလွ်ာက္ေျခစြမ္းျပကစားေနၿပီး ရာသီအဖြင့္(၃)ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ဟန္ေဂရီ၊ အန္ဒိုရာ၊ ပိုလန္တို႔နဲ႔ကစားမယ့္ပြဲေတြအတြက္ လက္ေ႐ြးစင္အသင္းလူစာရင္းမွာ ဂရင္းဝုဒ္ကို မေ႐ြးခ်ယ္ခဲ့ပါဘူး။ စတုတ္စီးတီးနဲ႔ပြဲမွာ လက္ေထာက္နည္းျပကာရစ္က တာဝန္ယူကိုင္တြယ္ခဲ့ၿပီး ပြဲထြက္ကစားသမားေတြအျဖစ္ ဂိုး-ဟီတန္၊ ေနာက္တန္း-ဒါေလာ့တ္၊ ဖီးလ္ဂ်ဳံးစ္၊ မန္ဂီ၊ အယ္လ္ဗာ႐ိုဖာနန္ဒက္စ္၊ ကြင္းလယ္-မာတစ္၊ ဗန္ဒီဘိခ္၊ ဟာနီဘယ္လ္၊ ေရွ႕တန္း-မာတာ၊ ဂရင္းဝုဒ္၊ ကာဗာနီတို႔ကို အသုံးျပဳခဲ့ပါတယ္။

ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီးတဲ့ေနာက္ ဒီရာသီအစမွာ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာတဲ့ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ ၿပီးခဲ့တဲ့လအေစာပိုင္းက ဘန္ေလနဲ႔ကြင္းပိတ္ေျခစမ္းပြဲမွာ မိနစ္(၃၀)ေလာက္ပါဝင္ကစားခဲ့သလို အခုစတုတ္စီးတီးနဲ႔ပြဲမွာလည္း ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ဒ့ါအျပင္ ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီက ရီးယဲလ္အသင္းကေနေျပာင္းေ႐ႊ႕ခဲ့သူ အသက္(၁၈)ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံကစားသမားအယ္လ္ဗာ႐ိုဖာနန္ဒက္စ္ဟာ အခုပြဲမွာ အတိုင္းအတာတစ္ခုအထိေျခစြမ္းျပကစားခဲ့ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ တစ္ပြဲမွမကစားရေသးတဲ့ ကြင္းလယ္လူဗန္ဒီဘိခ္ကလည္း ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

ကိုဗစ္ေရာဂါကန႔္သတ္ခ်က္ေတြေၾကာင့္ ဥ႐ုေဂြးလက္ေ႐ြးစင္အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရသူ ၀ါရင့္တိုက္စစ္မႉးကာဗာနီဟာ တိုက္စစ္မွာဂရင္းဝုဒ္နဲ႔တြဲဖက္ကစားခဲ့ၿပီး သူ႔ရဲ႕ဖရီးကစ္ကန္ခ်က္က တိုင္ထိထြက္သြားလို႔ နစ္နာခဲ့ရပါတယ္။ ႀကံ့ခိုင္မႈျပည့္ဝလာေအာင္ ႀကိဳးစားေနတဲ့ တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္၊ ဂိုးသမားဟန္ဒါဆင္နဲ႔ ေနာက္ခံလူတဲလက္စ္ကိုကေတာ့ အခုပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္အသင္းဟာ ႏိုင္ငံတကာပြဲေတြအၿပီး ျပန္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲစဥ္(၄)အျဖစ္ စက္တင္ဘာ(၁၁)ရက္က်ရင္ နယူးကာဆယ္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာလက္ခံကစားရမွာျဖစ္ၿပီး နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒို ပြဲထြက္ကစားဖို႔ရွိေနပါၿပီ။