စတီဗင် ဂျာရတ်ရဲ့ ရိန်းဂျားစ် အသင်း ချန်ပီယံလိဂ် ကနေ နှုတ်ဆက်ခဲ့ရပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာရတ် ရဲ့ ရိန်းဂျားစ် အသင်းဟာ အခုရက်ပိုင်း အတွင်းမှာတော့ ရလဒ်တွေ ဆက်တိုက် ဆိုးဝါးလျှက် ရှိနေပါတယ်။

ဒီတစ်ပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒန်ဒီး ယူနိုက်တက် အသင်းကို ရှုံးနိမ့်ပြီး ၊ ပြည်တွင်း လိဂ် ပွဲ 40 ဆက် ရှုံးပွဲမရှိ စံချိန်က ရပ်တန့်သွားခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း ဆွီဒင်ကလပ် မဲလ်မိုအသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ နှုတ်ဆက်လိုက် ရပါတယ်။

ရိန်းဂျားစ်ဟာ ဆွီဒင် မှာ ကစားခဲ့တဲ့ ပထမ အကျော့ပွဲစဉ်မှာ 2-1 ရလဒ် နဲ့ ရှုံးနိမ့်ထားခဲ့တာကြောင့် ၊ မနေ့ညက အိမ်ကွင်း ပွဲစဉ်မှာတော့ သေသေချာချာ ပြင်ဆင်လာခဲ့ ပါတယ်။ဒါပေမယ့်လည်း ကြိုးစားမှုတွေက အရာမထင်ခဲ့ပါဘူး။

ရိန်းဂျားစ်အသင်းဟာ ပထမပိုင်း၄၅မိနစ်ကို ကောင်းစွာ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး မိုရီလော့စ်က နှစ်ကျော့ပေါင်း၂-၂ဖြစ်အောင် ဂိုးသွင်းနိုင်ခဲ့သလို ပထမပိုင်းပြီးခါနီးမှာ မဲလ်မိုအသင်းကွင်းလယ်လူ ဘွန်နီ နှစ်ဝါတစ်နီဖြင့် အထုတ်ခံလိုက်ရလို့ အိမ်ရှင်အသင်း အနိုင်ဂိုးတွေ ရတော့မယ်လို့ ထင်မှတ်ခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်းမှာ ရိန်းဂျားစ်အသင်းက အံ့အားသင့်ဖွယ် ကစားအားကျသွားသလို မဲလ်မိုအသင်းက ကစားအားပြန်တက်လာပြီး ဂိုးတွေပြန်သွင်းခဲ့ပါတယ်။

၁၀ယောက်ကျန်မဲလ်မိုအသင်းက ၅၃မိနစ် နှင့် ၅၈ မိနစ်တွေမှာ ဆက်တိုက်ဂိုးသွင်းပြီး ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ပွဲပြီးခါနီးတွေမှာ ရိန်းဂျားစ် ပြန်ဖိကစားပေမယ့် လိုက်မမီတော့ကာ နှစ်ကျော့ပေါင်း ၄-၂ဂိုးဖြင့် ရှုံးကာ ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပါတယ်။

ချန်ပီယံလိဂ် တတိယ အဆင့်မှာပဲ နှုတ်ဆက်လိုက်ရတဲ့ အသင်းတွေဟာ ယူရို ပါလိဂ် Play-Off အဆင့် ပွဲစဉ်ကို ကစားခွင့် ရရှိမှာ ဖြစ်ပြီး ၊ အနိုင်ရရှိခဲ့ပါက ယူရို ပါလိဂ် အုပ်စု အဆင့်ကို တက်လှမ်းခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

ရိန်းဂျားစ် အသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ရမှုကြောင့် ပေါင်သန်း၃၀ခန့်ထိခိုက် နစ်နာသွားဖွယ် ရှိနေပါတယ်။

အထူးသဖြင့် ကိုဗစ်ကြောင့် ဘဏ္ဍရေးထိခိုက်နေတဲ့ကာလမှာ အဆိုပါရလဒ်က ရိန်းဂျားစ်အတွက် နစ်နာဆုံးရှုံးမှု ဖြစ်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စတီဗင္ ဂ်ာရတ္ရဲ႕ ရိန္းဂ်ားစ္ အသင္း ခ်န္ပီယံလိဂ္ ကေန ႏႈတ္ဆက္ခဲ့ရၿပီ

ဂ်ာရတ္ ရဲ႕ ရိန္းဂ်ားစ္ အသင္းဟာ အခုရက္ပိုင္း အတြင္းမွာေတာ့ ရလဒ္ေတြ ဆက္တိုက္ ဆိုးဝါးလွ်က္ ရွိေနပါတယ္။ ဒီတစ္ပတ္မွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဒန္ဒီး ယူႏိုက္တက္ အသင္းကို ရႈံးနိမ့္ၿပီး ၊ ျပည္တြင္း လိဂ္ ပြဲ 40 ဆက္ ရႈံးပြဲမရွိ စံခ်ိန္က ရပ္တန႔္သြားခဲ့ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ မွာလည္း ဆြီဒင္ကလပ္ မဲလ္မိုအသင္းကို ႏွစ္ေက်ာ့စလုံး ရႈံးနိမ့္ကာ ၿပိဳင္ပြဲ ကေန ႏႈတ္ဆက္လိုက္ ရပါတယ္။

ရိန္းဂ်ားစ္ဟာ ဆြီဒင္ မွာ ကစားခဲ့တဲ့ ပထမ အေက်ာ့ပြဲစဥ္မွာ 2-1 ရလဒ္ နဲ႔ ရႈံးနိမ့္ထားခဲ့တာေၾကာင့္ ၊ မေန႔ညက အိမ္ကြင္း ပြဲစဥ္မွာေတာ့ ေသေသခ်ာခ်ာ ျပင္ဆင္လာခဲ့ ပါတယ္။ဒါေပမယ့္လည္း ႀကိဳးစားမႈေတြက အရာမထင္ခဲ့ပါဘူး။

ရိန္းဂ်ားစ္အသင္းဟာ ပထမပိုင္း၄၅မိနစ္ကို ေကာင္းစြာ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၿပီး မိုရီေလာ့စ္က ႏွစ္ေက်ာ့ေပါင္း၂-၂ျဖစ္ေအာင္ ဂိုးသြင္းႏိုင္ခဲ့သလို ပထမပိုင္းၿပီးခါနီးမွာ မဲလ္မိုအသင္းကြင္းလယ္လူ ဘြန္နီ ႏွစ္ဝါတစ္နီျဖင့္ အထုတ္ခံလိုက္ရလို႔ အိမ္ရွင္အသင္း အႏိုင္ဂိုးေတြ ရေတာ့မယ္လို႔ ထင္မွတ္ခဲ့တာပါ။

ဒါေပမယ့္ ဒုတိယပိုင္းမွာ ရိန္းဂ်ားစ္အသင္းက အံ့အားသင့္ဖြယ္ ကစားအားက်သြားသလို မဲလ္မိုအသင္းက ကစားအားျပန္တက္လာၿပီး ဂိုးေတြျပန္သြင္းခဲ့ပါတယ္။ ၁၀ေယာက္က်န္မဲလ္မိုအသင္းက ၅၃မိနစ္ ႏွင့္ ၅၈ မိနစ္ေတြမွာ ဆက္တိုက္ဂိုးသြင္းၿပီး ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။

ပြဲၿပီးခါနီးေတြမွာ ရိန္းဂ်ားစ္ ျပန္ဖိကစားေပမယ့္ လိုက္မမီေတာ့ကာ ႏွစ္ေက်ာ့ေပါင္း ၄-၂ဂိုးျဖင့္ ရႈံးကာ ခ်န္ပီယံလိဂ္ကေန ထြက္လိုက္ရပါတယ္။

ခ်န္ပီယံလိဂ္ တတိယ အဆင့္မွာပဲ ႏႈတ္ဆက္လိုက္ရတဲ့ အသင္းေတြဟာ ယူ႐ို ပါလိဂ္ Play-Off အဆင့္ ပြဲစဥ္ကို ကစားခြင့္ ရရွိမွာ ျဖစ္ၿပီး ၊ အႏိုင္ရရွိခဲ့ပါက ယူ႐ို ပါလိဂ္ အုပ္စု အဆင့္ကို တက္လွမ္းခြင့္ ရရွိသြားမွာ ျဖစ္ပါတယ္။

ရိန္းဂ်ားစ္ အသင္းဟာ ခ်န္ပီယံလိဂ္ကေန ထြက္ရမႈေၾကာင့္ ေပါင္သန္း၃၀ခန္႔ထိခိုက္ နစ္နာသြားဖြယ္ ရွိ​ေနပါတယ္။ အထူးသျဖင့္ ကိုဗစ္ေၾကာင့္ ဘ႑ေရးထိခိုက္ေနတဲ့ကာလမွာ အဆိုပါရလဒ္က ရိန္းဂ်ားစ္အတြက္ နစ္နာဆုံးရႈံးမႈ ျဖစ္လာႏိုင္ပါတယ္။