
နယူးကာဆယ္အသင္းဟာ စတိဗ္ဘရုစ္ကို နည္းျပသစ္အျဖစ္ခန္႔အပ္လိုက္ၿပီး ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တယ္လို႔ မၾကာေသးခင္ဘဲ အတည္ျပဳေၾကညာလိုက္ပါတယ္။ စတိဗ္ဘရုစ္ ဟာၿပီးခဲ့တဲ႔တနလၤာေန႔ကတည္းက ရွက္ဖီး၀မ္းစ္ေဒး နည္းျပရာထူးကေနႏုတ္ထြက္ၿပီးတဲ႔ေနာက္ နယူးကာဆယ္နဲ႔ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ခဲ့သူပါ။
သူ႔ကိုေခၚယူဖို႔အတြက္ နယူးကာဆယ္ဟာ ရွက္ဖီး၀မ္းစ္ေဒးကိုေလ်ာ္ေၾကးေပါင္ ၄ သန္းေပးခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဆန္းဒါးလန္းနည္းျပေဟာင္းျဖစ္တဲ႔ စတိဗ္ဘရုစ္ဟာ နယူးကာဆယ္အသင္းပရိသတ္တစ္ဦးျဖစ္ၿပီး အခုလိုသူအားေပးတဲ႔အသင္းကို တာ၀န္ယူရတဲ႔အတြက္အရမး္ေက်နပ္မိတယ္လို႔ ဆိုပါတယ္။
အသက္ ၅၈ ႏွစ္ရွိၿပီျဖစ္တဲ႔ စတိဗ္ဘရုစ္ဟာ သူ႔နဲ႔ကာလရွည္ၾကာလက္တြဲဖူးခဲ့တဲ႔သူေတြျဖစ္တဲ႔ စတိဗ္အက္နယူးနဲ႔ စတီဖင္ကလီးမန္႔စ္တို႔ကို လက္ေထာက္နည္းျပေတြအျဖစ္ေခၚယူခဲ့တယ္လို႔လည္းသိရပါတယ္။ အခုလိုမ်ဳိးအေတြ႔အႀကံဳရင့္က်က္တဲ႔ ဘရုစ္ကိုေခၚယူႏိုင္ခဲ့လို႔ ကလပ္ပိုင္ရွင္ မိုက္အက္ရွ္ေလကလည္း ၀မး္သာေနတယ္လို႔ မန္ေနဂ်င္းဒါရိုက္တာ လီခ်ာေနးကေျပာပါတယ္။
စတိဗ္ဘရုစ္က”က်ြန္ေတာ္႔ရဲ႕ငယ္ဘ၀အားေပးတဲ႔ နယူးကာဆယ္အသင္းရဲ႕နည္းျပအျဖစ္ခန္႔အပ္ခံခဲ့ရတာဟာ သိပ္ကိုေက်နပ္စရာျဖစ္သလို ဂုဏ္ယူစရာလည္းျဖစ္ပါတယ္။ ဒီအသင္းဟာက်ြန္ေတာ္႔အေဖရဲ႕အသင္းလည္းျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ က်ြန္ေတာ္႔အတြက္ေရာ မိသားစုအတြက္ပါသိပ္ကိုထူးျခားပါတယ္။
ဒီအသင္းကိုတာ၀န္ယူရတာဟာ စိန္ေခၚမႈျဖစ္ေပမယ္႔ က်ြန္ေတာ္႔ရဲ႕နည္းျပအဖြဲ႔ေတြနဲ႔အတူ ဒါကိုရင္ဆိုင္ဖို႔ အစဥ္သင့္ပါဘဲ” လို႔ေျပာသြားပါတယ္။ စတိဗ္ဘရုစ္ဟာ အသင္းေပါင္းမ်ားစြာကို တာ၀န္ယူခဲ့တဲ႔အနက္ ဘာမင္ဂမ္အသင္းကိုအခ်ိန္အၾကာဆုံးတာ၀န္ယူခဲ့ၿပီး ၆ ႏွစ္ၾကာျမင့္ခဲ့ကာ သူ႔နည္းျပဘ၀ရဲ႕အေကာင္းဆုံးအခိုက္အတန္႔ေတြကိုလည္း ရရွိခဲ့တယ္လို႔ သိရပါတယ္။
Unicode
စတိဗ်ဘရုစ်ကို ၃ နှစ်စာချုပ်နဲ့နည်းပြသစ်ခန့်လိုက်ပြီလို့ နယူးကာဆယ်အတြည်ပု
နယူးကာဆယ်အသင်းဟာ စတိဗ်ဘရုစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်တယ်လို့ မကြာသေးခင်ဘဲ အတည်ပြုကြေညာလိုက်ပါတယ်။ စတိဗ်ဘရုစ် ဟာပြီးခဲ့တဲ့တနင်္လာနေ့ကတည်းက ရှက်ဖီးဝမ်းစ်ဒေး နည်းပြရာထူးကနေနုတ်ထွက်ပြီးတဲ့နောက် နယူးကာဆယ်နဲ့ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့သူပါ။
သူ့ကိုခေါ်ယူဖို့အတွက် နယူးကာဆယ်ဟာ ရှက်ဖီးဝမ်းစ်ဒေးကိုလျော်ကြေးပေါင် ၄ သန်းပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ဆန်းဒါးလန်းနည်းပြဟောင်းဖြစ်တဲ့ စတိဗ်ဘရုစ်ဟာ နယူးကာဆယ်အသင်းပရိသတ်တစ်ဦးဖြစ်ပြီး အခုလိုသူအားပေးတဲ့အသင်းကို တာဝန်ယူရတဲ့အတွက်အရမ်းကျေနပ်မိတယ်လို့ ဆိုပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ စတိဗ်ဘရုစ်ဟာ သူ့နဲ့ကာလရှည်ကြာလက်တွဲဖူးခဲ့တဲ့သူတွေဖြစ်တဲ့ စတိဗ်အက်နယူးနဲ့ စတီဖင်ကလီးမန့်စ်တို့ကို လက်ထောက်နည်းပြတွေအဖြစ်ခေါ်ယူခဲ့တယ်လို့လည်းသိရပါတယ်။ အခုလိုမျိုးအတွေ့အကြုံရင့်ကျက်တဲ့ ဘရုစ်ကိုခေါ်ယူနိုင်ခဲ့လို့ ကလပ်ပိုင်ရှင် မိုက်အက်ရှ်လေကလည်း ဝမ်းသာနေတယ်လို့ မန်နေဂျင်းဒါရိုက်တာ လီချာနေးကပြောပါတယ်။
စတိဗ်ဘရုစ်က”ကျွန်တော့်ရဲ့ငယ်ဘဝအားပေးတဲ့ နယူးကာဆယ်အသင်းရဲ့နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာဟာ သိပ်ကိုကျေနပ်စရာဖြစ်သလို ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ဒီအသင်းဟာကျွန်တော့်အဖေရဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါသိပ်ကိုထူးခြားပါတယ်။
ဒီအသင်းကိုတာဝန်ယူရတာဟာ စိန်ခေါ်မှုဖြစ်ပေမယ့် ကျွန်တော့်ရဲ့နည်းပြအဖွဲ့တွေနဲ့အတူ ဒါကိုရင်ဆိုင်ဖို့ အစဉ်သင့်ပါဘဲ” လို့ပြောသွားပါတယ်။ စတိဗ်ဘရုစ်ဟာ အသင်းပေါင်းများစွာကို တာဝန်ယူခဲ့တဲ့အနက် ဘာမင်ဂမ်အသင်းကိုအချိန်အကြာဆုံးတာဝန်ယူခဲ့ပြီး ၆ နှစ်ကြာမြင့်ခဲ့ကာ သူ့နည်းပြဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။