စတာလင်းပေါင်ကြားထဲကနေဘောလုံးထည့်ပြီး(nutmeg) ပညာပြခဲ့တဲ့မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ မနေ့ညတုန်းကပီအက်စ်ဂျီကို အိမ်ကွင်းမှာ ၂-၁ နဲ့အနိုင်ရခဲ့ပေမယ့် မက်ဆီရဲ့ပညာပြမှုကြောင့် စတာလင်းတစ်ယောက်အနည်းငယ်အရှက်ရခဲ့ပုံရှိတယ်လို့ သိရပါတယ်။

ဒီပွဲဟာချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲဖြစ်ပြီး ပီအက်စ်ဂျီကိုပြောင်းပြီးနောက် မက်ဆီအတွက် အင်္ဂလန်မြေကပထမဆုံးပွဲဖြစ်သလို သူ့နည်းပြဟောင်း ဂွာဒီယိုလာနဲ့ထိပ်တိုက်ပြန်တွေ့တဲ့ပွဲလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နွေရာသီက ၁၇ နှစ်ကြာနေခဲ့တဲ့ဘာစီလိုနာကိုစွန့်ခွာပြီး ပြင်သစ်မြေကိုရောက်ရှိလာတာဖြစ်ပါတယ်။

သူဟာပီအက်စ်ဂျီမှာထင်သလောက်ခြေစွမ်းမပြနိုင်သေးပေမယ့် သူ့အစွမ်းအစနဲ့ဘောလုံးအရည်အသွေးကိုတော့ထုတ်ပြနိုင်ခဲ့ပါတယ်။

မနေ့ညကပွဲမှာအသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြိုင်ဘက်ကစားသမားစတာလင်းရဲ့ပေါင်ကြားထဲကနေဘောလုံးထုတ်ပြီးလှည့်ဖျားနိုင်ခဲ့တာပါ။

ဒါမျိုးပြုလုပ်မှုကို nutmeg လို့ခေါ်ပြီး ကစားသမားအချင်းချင်းအရှက်ရစေတဲ့ လှည့်ဖျားမှုတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ကွင်းလယ်စက်ဝိုင်းအတွင်းရှိနေတဲ့ မက်ဆီဟာကစားဖော်နေမာဆီကနေဘောလုံးရရှိခဲ့ပြီးနောက်

ဇင်ချန်ကို ကိုလှည့်ထွက်ခဲ့တဲ့အပြင် ဘောလုံးလာလုတဲ့စတာလင်းကိုလည်းပေါင်ကြားထဲကနေထုတ်ပြီးလှည့်စားခဲ့တာပါ။

ဒီလှည့်ဖျားမှုဟာစက္ကန့်ပိုင်းအတွင်းဖြစ်သလိုဂိုးရရှိစေတဲ့အထိ မဖြစ်ခဲ့ပေမယ့်လိုအပ်လာရင်သူ့မှာအစွမ်းအစဘယ်လောက်ရှိသလဲဆိုတာကို မက်ဆီပြသခဲ့ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

မက်ဆီရဲ့ဒီလိုအလုပ်ခံရသူတွေထဲမှာ စတာလင်းကပထမဆုံးတော့မဟုတ်သလို စတာလင်းအတွက်လည်းဘာထူးခြားမှုမှမရှိခဲ့ပေမယ့် နည်းနည်းတော့ရှက်စရာဖြစ်ခဲ့တယ်လို့ယူဆနေကြပါတယ်။

ဒါကြောင့်လည်း မက်ဆီရဲ့ nutmeg လုပ်ပြမှုကိုအွန်လိုင်းပေါ်မှာချီးကျူးမှုတွေရှိနေကြပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာအိမ်ရှင်မန်စီးတီးကိုခြေစွမ်းခြင်းမယှဥ်နိုင်ခဲ့သလို ရလဒ်ပိုင်းလည်းရှုံးနိမ့်ခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့်မန်စီးတီးဟာ ပထမအကျော့ကအရှုံးကိုချေဖျက်နိုင်ခဲ့သလို အုပ်စုဗိုလ်စွဲဖို့လည်းသေချာသွားပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စတာလင္းေပါင္ၾကားထဲကေနေဘာလုံးထည့္ၿပီး(nutmeg) ပညာျပခဲ့တဲ့မက္ဆီ

မန္စီးတီးအသင္းဟာ မေန႔ညတုန္းကပီအက္စ္ဂ်ီကို အိမ္ကြင္းမွာ ၂-၁ နဲ႔အႏိုင္ရခဲ့ေပမယ့္ မက္ဆီရဲ႕ပညာျပမႈေၾကာင့္ စတာလင္းတစ္ေယာက္အနည္းငယ္အရွက္ရခဲ့ပုံရွိတယ္လို႔ သိရပါတယ္။

ဒီပြဲဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲျဖစ္ၿပီး ပီအက္စ္ဂ်ီကိုေျပာင္းၿပီးေနာက္ မက္ဆီအတြက္ အဂၤလန္ေျမကပထမဆုံးပြဲျဖစ္သလို သူ႔နည္းျပေဟာင္း ဂြာဒီယိုလာနဲ႔ထိပ္တိုက္ျပန္ေတြ႕တဲ့ပြဲလည္းျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့ေႏြရာသီက ၁၇ ႏွစ္ၾကာေနခဲ့တဲ့ဘာစီလိုနာကိုစြန႔္ခြာၿပီး ျပင္သစ္ေျမကိုေရာက္ရွိလာတာျဖစ္ပါတယ္။

သူဟာပီအက္စ္ဂ်ီမွာထင္သေလာက္ေျခစြမ္းမျပႏိုင္ေသးေပမယ့္ သူ႔အစြမ္းအစနဲ႔ေဘာလုံးအရည္အေသြးကိုေတာ့ထုတ္ျပႏိုင္ခဲ့ပါတယ္။ မေန႔ညကပြဲမွာအသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပိဳင္ဘက္ကစားသမားစတာလင္းရဲ႕ေပါင္ၾကားထဲကေနေဘာလုံးထုတ္ၿပီးလွည့္ဖ်ားႏိုင္ခဲ့တာပါ။

ဒါမ်ိဳးျပဳလုပ္မႈကို nutmeg လို႔ေခၚၿပီး ကစားသမားအခ်င္းခ်င္းအရွက္ရေစတဲ့ လွည့္ဖ်ားမႈတစ္ခုအျဖစ္သတ္မွတ္ထားၾကပါတယ္။ ပြဲခ်ိန္ ၆ မိနစ္မွာ ကြင္းလယ္စက္ဝိုင္းအတြင္းရွိေနတဲ့ မက္ဆီဟာကစားေဖာ္ေနမာဆီကေနေဘာလုံးရရွိခဲ့ၿပီးေနာက္ ဇင္ခ်န္ကို ကိုလွည့္ထြက္ခဲ့တဲ့အျပင္ ေဘာလုံးလာလုတဲ့စတာလင္းကိုလည္းေပါင္ၾကားထဲကေနထုတ္ၿပီးလွည့္စားခဲ့တာပါ။

ဒီလွည့္ဖ်ားမႈဟာစကၠန႔္ပိုင္းအတြင္းျဖစ္သလိုဂိုးရရွိေစတဲ့အထိ မျဖစ္ခဲ့ေပမယ့္လိုအပ္လာရင္သူ႔မွာအစြမ္းအစဘယ္ေလာက္ရွိသလဲဆိုတာကို မက္ဆီျပသခဲ့ျခင္းျဖစ္တယ္လို႔ ဆိုၾကပါတယ္။

မက္ဆီရဲ႕ဒီလိုအလုပ္ခံရသူေတြထဲမွာ စတာလင္းကပထမဆုံးေတာ့မဟုတ္သလို စတာလင္းအတြက္လည္းဘာထူးျခားမႈမွမရွိခဲ့ေပမယ့္ နည္းနည္းေတာ့ရွက္စရာျဖစ္ခဲ့တယ္လို႔ယူဆေနၾကပါတယ္။

ဒါေၾကာင့္လည္း မက္ဆီရဲ႕ nutmeg လုပ္ျပမႈကိုအြန္လိုင္းေပၚမွာခ်ီးက်ဴးမႈေတြရွိေနၾကပါတယ္။ ဒီပြဲမွာ ပီအက္စ္ဂ်ီအသင္းဟာအိမ္ရွင္မန္စီးတီးကိုေျခစြမ္းျခင္းမယွဥ္ႏိုင္ခဲ့သလို ရလဒ္ပိုင္းလည္းရႈံးနိမ့္ခဲ့ပါတယ္။ အခုႏိုင္ပြဲေၾကာင့္မန္စီးတီးဟာ ပထမအေက်ာ့ကအရႈံးကိုေခ်ဖ်က္ႏိုင္ခဲ့သလို အုပ္စုဗိုလ္စြဲဖို႔လည္းေသခ်ာသြားၿပီျဖစ္ပါတယ္။