
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းတိုက်စစ်မှူးလူကာကူဟာ ဗီလာအသင်းကို (၃-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်နှစ်ဂိုးသွင်းယူခဲ့ပြီး
ဒါဟာ ချယ်လ်ဆီးကစားသမားဘဝတစ်လျှောက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံးအကြိမ်ဂိုးသွင်းခဲ့တာပဲဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ပထမအကြိမ်ကစားခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း
ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၁၀)ပွဲ၊ ပြိုင်ပွဲစုံ(၁၅)ပွဲသာကစားခဲ့ရတဲ့ လူကာကူဟာ ဂိုးပေါက်ကန်သွင်းချက်(၂၂)ကြိမ်ရှိခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ
အခု အသင်းဆီပြန်လည်ပြောင်းရွှေ့ခဲ့ချိန်မှာတော့ ခြေစွမ်းပြနေပြီး အာဆင်နယ်နဲ့ပွဲမှာတစ်ဂိုး၊ အခု ဗီလာနဲ့ပွဲမှာနှစ်ဂိုးသွင်းယူခဲ့တာပါ။
ဒါ့အပြင် လူကာကူဟာ တစ်ချိန်တုန်းက သူကျရှုံးခဲ့တဲ့စတမ်းဖို့ဘရစ်ချ်တစ်ကျော့ပြန်ခရီးမှာ ပုံစံကောင်းတွေပြသနေသလို
ချယ်လ်ဆီးကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ(၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဗီလာနဲ့ပွဲမှာ လူကာကူ၊ ကိုဗာဆစ် တို့ရဲ့ဂိုးတွေနဲ့အတူ ချယ်လ်ဆီးအသင်းနိုင်ပွဲရယူခဲ့ပြီး အခုနိုင်ပွဲက သူတို့အတွက် ပရီးမီးယားလိဂ်ပွဲ(၆၀၀)ပြည့်နိုင်ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၆၀၀)နဲ့အထက်ရယူခဲ့တာက ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်နှစ်သင်းပဲရှိသေးပြီး မန်ချက်စတာယူနိုက်တက်အသင်းက နိုင်ပွဲ(၆၉၀)အထိရရှိထားတာဖြစ်ပါတယ်။
ဗီလာနဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့တဲ့အပြင် လူကာကူရဲ့အဖွင့်ဂိုးအတွက်ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူကိုဗာဆစ်ဟာ ချယ်လ်ဆီးကစားသမားဘဝ
ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ပထမဆုံးအကြိမ် ဂိုးသွင်း/ဂိုးဖန်တီးမှုပြုလုပ်ခဲ့တာဖြစ်ပြီး အရင်တုန်းက အင်တာမီလန်(ဆာဆူအိုလို-၂၀၁၄)၊
ရီးယဲလ်(ဆိုစီဒက်-၂၀၁၇)အသင်းတွေမှာကစားခဲ့ချိန်ကလည်း တစ်ပွဲတည်း ဂိုးသွင်း/ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ ဗီလာပွဲဟာ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး
အဆုံးသတ် ပို သေချာတဲ့အသင်းက အနိုင်ရရှိသွားတယ်လို့ပဲဆိုရမှာပါ။
ဂိုးသွင်းစွမ်းရည် ကွာခြားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ဗီလာအသင်းကို စတမ်းဘရက်ဖို့ဒ်ချ် မှာ ဂိုးပြတ်နိုင်ပွဲနဲ့ အနိုင်ရခဲ့ပါတယ်။
ချယ်လ်ဆီး ဂိုးသမား မန်ဒီရဲ့ လက်စွမ်းပြမှုတွေကြောင့်လည်း ဒီနေ့ပွဲမှာ ဗီလာ အသင်းရှုံးပွဲကြုံခဲ့ရတယ်လို့လည်း ဆိုနိုင်ပေမယ့်
ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့ပြီး တိကျတဲ့ အဆုံးသတ်ဂိုးသွင်းနိုင်မှု အားနည်းချက်ကြောင့်သာ ဗီလာဟာ ချေပဂိုး တဂိုးတောင် မရရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းကတော့ တပွဲလုံး ဖိဖိစီးစီး ကြိုးစား ကစားသွားခဲ့ပြီး ကစားအားကျသွားတဲ့ အချိန်တွေမှာတောင် တယောက်ရဲ့ အားနည်းချက်ကို ၊
တယောက်က ပြန်လည် ဖာထေးပေးခဲ့ပြီး အသင်းလိုက် စိတ်ဓာတ်နဲ့ ချန်ပီယံအသင်းတစ်သင်းရဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။
ဒီနေ့ပွဲမှာ သွင်းဂိုး(၂)ဂိုး ရခဲ့တဲ့ လူကာကူ ကတော့ ရွှေဖိနပ်ဆု ရဖို့ အတွက် ရေပန်းအစားဆုံး ကစားသမား သုံးဦးထဲက တဦး ဖြစ်လာခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ လူကာကူ ပထမဆုံးအႀကိမ္ဂိုးသြင္းခဲ့ၿပီး ပရီးမီးယားလိဂ္ႏိုင္ပြဲ(၆၀၀)ျပည့္ခဲ့တဲ့ခ်ယ္လ္ဆီး
ခ်ယ္လ္ဆီးအသင္းတိုက္စစ္မႉးလူကာကူဟာ ဗီလာအသင္းကို (၃-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ႏွစ္ဂိုးသြင္းယူခဲ့ၿပီး
ဒါဟာ ခ်ယ္လ္ဆီးကစားသမားဘဝတစ္ေလွ်ာက္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပထမဆုံးအႀကိမ္ဂိုးသြင္းခဲ့တာပဲျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းအတြက္ ပထမအႀကိမ္ကစားခဲ့တဲ့ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ စုစုေပါင္း(၁၀)ပြဲ၊ ၿပိဳင္ပြဲစုံ(၁၅)ပြဲသာကစားခဲ့ရတဲ့ လူကာကူဟာ
ဂိုးေပါက္ကန္သြင္းခ်က္(၂၂)ႀကိမ္ရွိခဲ့ေပမယ့္ တစ္ဂိုးမွမသြင္းႏိုင္ခဲ့ဘဲ အခု အသင္းဆီျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာေတာ့ ေျခစြမ္းျပေနၿပီး အာဆင္နယ္နဲ႔ပြဲမွာတစ္ဂိုး၊ အခု ဗီလာနဲ႔ပြဲမွာႏွစ္ဂိုးသြင္းယူခဲ့တာပါ။
ဒါ့အျပင္ လူကာကူဟာ တစ္ခ်ိန္တုန္းက သူက်ရႈံးခဲ့တဲ့စတမ္းဖို႔ဘရစ္ခ်္တစ္ေက်ာ့ျပန္ခရီးမွာ ပုံစံေကာင္းေတြျပသေနသလို
ခ်ယ္လ္ဆီးကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ အိမ္ကြင္းမွာ(၂)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။
ဗီလာနဲ႔ပြဲမွာ လူကာကူ၊ ကိုဗာဆစ္ တို႔ရဲ႕ဂိုးေတြနဲ႔အတူ ခ်ယ္လ္ဆီးအသင္းႏိုင္ပြဲရယူခဲ့ၿပီး အခုႏိုင္ပြဲက သူတို႔အတြက္ ပရီးမီးယားလိဂ္ပြဲ(၆၀၀)ျပည့္ႏိုင္ပြဲအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲ(၆၀၀)နဲ႔အထက္ရယူခဲ့တာက ခ်ယ္လ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္ႏွစ္သင္းပဲရွိေသးၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက ႏိုင္ပြဲ(၆၉၀)အထိရရွိထားတာျဖစ္ပါတယ္။
ဗီလာနဲ႔ပြဲမွာ တစ္ဂိုးသြင္းခဲ့တဲ့အျပင္ လူကာကူရဲ႕အဖြင့္ဂိုးအတြက္ဖန္တီးေပးခဲ့တဲ့ ကြင္းလယ္လူကိုဗာဆစ္ဟာ ခ်ယ္လ္ဆီးကစားသမားဘဝ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ ပထမဆုံးအႀကိမ္ ဂိုးသြင္း/ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး အရင္တုန္းက အင္တာမီလန္(ဆာဆူအိုလို-၂၀၁၄)၊ ရီးယဲလ္(ဆိုစီဒက္-၂၀၁၇)အသင္းေတြမွာကစားခဲ့ခ်ိန္ကလည္း တစ္ပြဲတည္း ဂိုးသြင္း/ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ခ်ယ္လ္ဆီးနဲ႔ ဗီလာပြဲဟာ အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔ အေတာ္ေလးကို အႀကိတ္အနယ္ ရွိခဲ့ၿပီး အဆုံးသတ္ ပို ေသခ်ာတဲ့အသင္းက အႏိုင္ရရွိသြားတယ္လို႔ပဲဆိုရမွာပါ။ ဂိုးသြင္းစြမ္းရည္ ကြာျခားခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ ဗီလာအသင္းကို စတမ္းဘရက္ဖို႔ဒ္ခ်္ မွာ ဂိုးျပတ္ႏိုင္ပြဲနဲ႔ အႏိုင္ရခဲ့ပါတယ္။
ခ်ယ္လ္ဆီး ဂိုးသမား မန္ဒီရဲ႕ လက္စြမ္းျပမႈေတြေၾကာင့္လည္း ဒီေန႔ပြဲမွာ ဗီလာ အသင္းရႈံးပြဲႀကဳံခဲ့ရတယ္လို႔လည္း ဆိုႏိုင္ေပမယ့္ ဂိုးသြင္းခြင့္ အေျမာက္အျမား ဖန္တီးႏိုင္ခဲ့ၿပီး တိက်တဲ့ အဆုံးသတ္ဂိုးသြင္းႏိုင္မႈ အားနည္းခ်က္ေၾကာင့္သာ ဗီလာဟာ ေခ်ပဂိုး တဂိုးေတာင္ မရရွိခဲ့တာပါ။
ခ်ယ္လ္ဆီးအသင္းကေတာ့ တပြဲလုံး ဖိဖိစီးစီး ႀကိဳးစား ကစားသြားခဲ့ၿပီး ကစားအားက်သြားတဲ့ အခ်ိန္ေတြမွာေတာင္ တေယာက္ရဲ႕ အားနည္းခ်က္ကို ၊ တေယာက္က ျပန္လည္ ဖာေထးေပးခဲ့ၿပီး အသင္းလိုက္ စိတ္ဓာတ္နဲ႔ ခ်န္ပီယံအသင္းတစ္သင္းရဲ႕ ေျခစြမ္းကို ျပသခဲ့ပါတယ္။
ဒီေန႔ပြဲမွာ သြင္းဂိုး(၂)ဂိုး ရခဲ့တဲ့ လူကာကူ ကေတာ့ ေ႐ႊဖိနပ္ဆု ရဖို႔ အတြက္ ေရပန္းအစားဆုံး ကစားသမား သုံးဦးထဲက တဦး ျဖစ္လာခဲ့ပါတယ္။