
Photo Credit
Photo Credit
ဘိုင်ယန်မြူးနစ်ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ချဲလ်ဆီးကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူနိုင်အောင် ယုံနိုင်စရာမရှိတဲ့ လျင်မြန်မှုနဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
Photo Credit
ဘိုင်ယန်ဟာ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပ-အကျော့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ ပိုမိုနီးစပ်သွားပါတယ်။
Photo Credit
ကနေဒါနိုင်ငံသား ဒေးဗီးစ်ဟာ ပွဲချိန် ၇၅ မိနစ်မှာ သွင်းယူသွားတဲ့ လီဝန်ဒေါစကီးရဲ့ဂိုးအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဘယ်တောင်ပံတစ်လျှောက် ချဲလ်ဆီးကစားသမားတွေကို အနောက်မှာ ချန်ထားရစ်ကာ ဂိုးရှေ့မှာအသင့်ရှိနေတဲ့ လီဝန်ဒေါစကီးထံ ထိုးပေးခဲ့တာဖြစ်ပါတယ်။
Photo Credit
ဒေးဗီးစ်ရဲ့မြန်နှုန်းမြင့်ကစားဟန်ကို လူမှုမီဒီယာမှာ ပရိသတ်တွေက အသီးသီးချီးကျူးရေးသားခဲ့ပါတယ်။ ”မေဆင်မောင့်က အရင်ရောက်တာကို ဒေးဗီးစ်က ရအောင် ယူသွားနိုင်သေးတယ်”
I will say it again.
Alphonso Davies is what Americans think Pulisic is. pic.twitter.com/jxpSMN8gS5— Romans 8:18 (@TeoZapata) February 25, 2020
Video Credit
”အယ်လ်ဖွန်ဆိုဒေးဗီးစ်က ရပ်တန့်လို့မရတဲ့ကစားသမားပါ”။ ”လက်ရှိခြေစွမ်းအရဆိုရင်တော့ ဒေးဗီးစ်က ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူပဲ။ ကျွန်တော်ကြည့်တဲ့ပွဲတိုင်း သူ့ရဲ့ခြေစွမ်းက လုံးဝအမေးဇင်းပဲ”လို့ ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ကြပါတယ်။
Photo Credit
Zawgyi
စတမ်းဖို့ဒ်တံတားမှာ ဧည့်သည် ၁၉နှစ်သားလေး ဒေးဗီးစ်ရဲ့တစ်ကိုယ်တော်မျက်လှည့်ပွဲ