
Photo Credit ; Getty Images
Photo Credit ; Getty Images
လက္စတာအသင္းကြင္းလယ္လူ မက္ဒီဆင္က စတမ္းဖု႔ိဒ္ဘရစ္ခ်္မွာ ကစားခဲ့တဲ့ပြဲမွာ မိမိတုိ႔အသင္းအေနနဲ႔ အိမ္ရွင္ခ်ဲလ္ဆီးအသင္းကို အႏိုင္ရရွိခဲ့သင့္တယ္လုိ႔ ယုံၾကည္မိေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။
Photo Credit ; PA
ခ်ဲလ္ဆီးနည္းျပသစ္ ဖရန္႔လမ္းပတ္ရဲ႕ပထမဆုံးပြဲမွာ အိမ္ရွင္အသင္းက ၇မိနစ္အၾကာမွာပဲ ေမဆင္ေမာင့္ရဲဲ႕ဂုိးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ လက္စတာအသင္းကို လႊမ္းမုိးကစားႏိုင္ဖုိ႔ ႐ုန္းကန္ခဲ့ရပါတယ္။
Photo Credit ; Getty Images
နည္းျပေရာ့ဂ်ာရဲ႕ လက္စတာအသင္းဟာ ဒုတိယပိုင္းမွာ ကစားပုံအေတာ္ေလးေကာင္းမြန္လာၿပီး ေမဆင္ေမာင့္ရဲ႕အဖြင့္ဂိုးမွာ အမွားက်ဴးလြန္မိခဲ့တဲ့ ကြင္းလယ္လူ အန္ဒီဒီက မက္ဒီဆင္ရဲ႕ေထာင့္ကန္ေဘာကေန ေခါင္းတုိက္သြင္းယူႏိုင္ခဲ့လု႔ိ ေခ်ပဂိုးရရွိခဲ့ပါတယ္။
Photo Credit ; AP
လက္စတာအသင္းဟာ ခ်ဲလ္ဆီးကို ဖိအားေပးကစားႏိုင္ခဲ့ၿပီး အမွတ္ျပည့္ရရွိေစႏိုင္တဲ့အပိုင္အခြင့္အေရးေတြအမ်ားအျပားဖန္တီးႏိုင္ခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ဘဲ မက္ဒီဆင္ကိုယ္တိုင္လည္း ၈ကိုက္အကြာကေန လြတ္လြတ္ကၽြတ္ကၽြတ္ကန္သြင္းခြင့္ရတာ ဂိုးဘားေပၚ ေက်ာ္သြားပါတယ္။
Photo Credit ; AP
တုိက္စစ္မွဴးဗာဒီလည္း အပိုင္အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့ရၿပီး အဂၤလန္ယူ-၂၁ လက္ေရြးစင္ မက္ဒီဆင္က မိမိတုိ႔အသင္းအေနနဲ႔ ထုိက္တန္တဲ့ႏိုင္ပဲြနဲ႔အတူ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ျပန္လာခဲ့သင့္ေၾကာင္း စိတ္ပ်က္လက္ပ်က္ဆုိပါတယ္။
Photo Credit ; Reuters
”ကၽြန္ေတာ္တု႔ိစိတ္ပ်က္လက္ပ်က္ျဖစ္သြားလုိ႔ ဒူးေတြေထာက္ခဲ့ၾကတာ ခင္ဗ်ားလည္း ျမင္မွာပါ။ ကၽြန္ေတာ္တုိ႔အသင္း အခြင့္အေရးအမ်ားႀကီးဖန္တီးႏိုင္ခဲ့ၿပီး ကၽြန္ေတာ္ကိုယ္တိုင္လည္းအပါအ၀င္ပါ။ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ဒီလုိကစားႏိုင္ၿပီဆုိရင္ ဂိုးေတာ့သြင္းႏိုင္မယ္လုိ႔ ခံစားမိမွာပါ”
Photo Credit ; Reuters
”ကၽြန္ေတာ္တုိ႔အားလုံး ဒီပြဲကို ျပန္ၾကည့္ျဖစ္မွာေသခ်ာၿပီး အမွတ္ျပည့္မရခ့ဲလုိ႔လည္း စိတ္ပ်က္မိပါတယ္”လုိ႔ မက္ဒီဆင္က ေျပာပါတယ္။
Photo Credit
ေနာက္ၿပီး မက္ဒီဆင္ဟာ ႏုိင္ဂ်ီးရီးယားလက္ေရြးစင္ အန္ဒီဒီကိုလည္း ခ်ီးက်ဴးသြားပါတယ္။ ”အန္ဒီဒီရဲ႕တု႔ံျပန္ပုံကေတာ့ အံ့အားသင့္စရာေကာင္းလွပါတယ္”လုိ႔ မက္ဒီဆင္က ဆုိပါတယ္။
Photo Credit ; PA
Unicode
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို အနိုင်မရခဲ့လို့ မက်ဒီဆင် စိတ်ပျက်လက်ပျက်ဖြစ်သွား
လက်စတာအသင်းကွင်းလယ်လူ မက်ဒီဆင်က စတမ်းဖု့ိဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ မိမိတို့အသင်းအနေနဲ့ အိမ်ရှင်ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့သင့်တယ်လို့ ယုံကြည်မိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်ရဲ့ပထမဆုံးပွဲမှာ အိမ်ရှင်အသင်းက ၇မိနစ်အကြာမှာပဲ မေဆင်မောင့်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လက်စတာအသင်းကို လွှမ်းမိုးကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
နည်းပြရော့ဂျာရဲ့ လက်စတာအသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံအတော်လေးကောင်းမွန်လာပြီး မေဆင်မောင့်ရဲ့အဖွင့်ဂိုးမှာ အမှားကျူးလွန်မိခဲ့တဲ့ ကွင်းလယ်လူ အန်ဒီဒီက မက်ဒီဆင်ရဲ့ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လု့ိ ချေပဂိုးရရှိခဲ့ပါတယ်။
လက်စတာအသင်းဟာ ချဲလ်ဆီးကို ဖိအားပေးကစားနိုင်ခဲ့ပြီး အမှတ်ပြည့်ရရှိစေနိုင်တဲ့အပိုင်အခွင့်အရေးတွေအများအပြားဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ မက်ဒီဆင်ကိုယ်တိုင်လည်း ၈ကိုက်အကွာကနေ လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရတာ ဂိုးဘားပေါ် ကျော်သွားပါတယ်။
တိုက်စစ်မှူးဗာဒီလည်း အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ရပြီး အင်္ဂလန်ယူ-၂၁ လက်ရွေးစင် မက်ဒီဆင်က မိမိတို့အသင်းအနေနဲ့ ထိုက်တန်တဲ့နိုင်ပွဲနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ပြန်လာခဲ့သင့်ကြောင်း စိတ်ပျက်လက်ပျက်ဆိုပါတယ်။
”ကျွန်တော်တု့ိစိတ်ပျက်လက်ပျက်ဖြစ်သွားလို့ ဒူးတွေထောက်ခဲ့ကြတာ ခင်ဗျားလည်း မြင်မှာပါ။ ကျွန်တော်တို့အသင်း အခွင့်အရေးအများကြီးဖန်တီးနိုင်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်းအပါအဝင်ပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဒီလိုကစားနိုင်ပြီဆိုရင် ဂိုးတော့သွင်းနိုင်မယ်လို့ ခံစားမိမှာပါ”
”ကျွန်တော်တို့အားလုံး ဒီပွဲကို ပြန်ကြည့်ဖြစ်မှာသေချာပြီး အမှတ်ပြည့်မရခဲ့လို့လည်း စိတ်ပျက်မိပါတယ်”လို့ မက်ဒီဆင်က ပြောပါတယ်။
နောက်ပြီး မက်ဒီဆင်ဟာ နိုင်ဂျီးရီးယားလက်ရွေးစင် အန်ဒီဒီကိုလည်း ချီးကျူးသွားပါတယ်။ ”အန်ဒီဒီရဲ့တုံ့ပြန်ပုံကတော့ အံ့အားသင့်စရာကောင်းလှပါတယ်”လို့ မက်ဒီဆင်က ဆိုပါတယ်။