
photo-dailymail
photo-brfootball
စပါးကြယ်ပွင့်ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားက သူ့ရဲ့၃ ပတ်ကြာစစ်မှုထမ်းကာလပြီးဆုံးသွားခဲ့ပြီဖြစ်သလို အဲဒီက အခြေခံစစ်ရေးလေ့ကျင့်ခန်းမှာလည်း သင်တန်းသား ၁၅၇ ယောက်ကြားထဲမှာ ထိပ်တန်းစွမ်းဆောင်နိုင်သူအဖြစ် ဆုတစ်ခုလည်း ရရှိခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်နားသွားချိန် ပြီးခဲ့တဲ့လမှာ ဇာတိနိုင်ငံကိုပြန်သွားပြီး သူစစ်မှုထမ်းစရာရှိတာကို ပြီးဆုံးအောင်လုပ်ခဲ့တာပါ။
photo-brfootball
တောင်ကိုရီးယားမှာက အရွယ်ရောက်ပြီး အမျိုးသားတိုင်း ၂ နှစ်ကြာ စစ်မှုထမ်းရပါတယ်။ ဆွန်ဟောင်မင်ကတော့ ၂၀၁၈ က အာရှအားကစားပြိုင်ပွဲမှာ ဘောလုံးကနေ တောင်ကိုရီးယားအတွက် ရွှေတံဆိပ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ချွင်းချက်အနေနဲ့ ၂ နှစ်အစား ၃ ပတ်ကြာသာ စစ်မှုထမ်းခဲ့ရတာပါ။
photo-brfootball
ဆွန်ဟောင်မင်အပါအဝင် စစ်သင်တန်းသားတွေဟာ မျက်ရည်ယိုဗုံးတွေနဲ့ စမ်းသပ်ခံခဲ့ရသလို တောင်တက်လေ့ကျင့်ခန်းတွေလည်းလုပ်ခဲ့ရပြီး သေနတ်ပစ်လေ့ကျင့်မှုတွေပါ ပြုလုပ်ခဲ့ရတာပါ။ ဆွန်ဟောင်မင်ဟာ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုမှာ အမှတ်ပြည့် ၁၀၀ ရခဲ့ပြီး ဘာသာရပ်အားလုံးမှာ အဆင့်ကောင်းခဲ့ကာ အဲဒီထဲမှာ သေနတ်ပစ်လေ့ကျင့်ခန်းက ပစ်မှတ်ထိမှုမှာလည်း ၁၀ ချက်မှာ ၁၀ ချက်စလုံးမှန်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ အကောင်းဆုံးစွမ်းဆောင်နိုင်ဆု ၅ ဆုထဲက Pilsung ဆိုတဲ့ ဆုကို ရရှိခဲ့တာပါ။
[Zawgyi]
စစ္မႈထမ္းၿပီးဆုံးခဲ့သလုိ ထိပ္တန္းဆုတစ္ခုလည္း ရယူႏိုင္ခဲ့တဲ့ ဆြန္ေဟာင္မင္
စပါးၾကယ္ပြင့္ဆြန္ေဟာင္မင္ဟာ ေတာင္ကိုရီးယားက သူ႔ရဲ႕၃ ပတ္ၾကာစစ္မႈထမ္းကာလၿပီးဆုံးသြားခဲ့ၿပီျဖစ္သလုိ အဲဒီက အေျခခံစစ္ေရးေလ့က်င့္ခန္းမွာလည္း သင္တန္းသား ၁၅၇ ေယာက္ၾကားထဲမွာ ထိပ္တန္းစြမ္းေဆာင္ႏိုင္သူအျဖစ္ ဆုတစ္ခုလည္း ရရွိခဲ့ပါတယ္။ ဆြန္ေဟာင္မင္ဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလုံးပြဲေတြရပ္နားသြားခ်ိန္ ၿပီးခဲ့တဲ့လမွာ ဇာတိႏိုင္ငံကိုျပန္သြားၿပီး သူစစ္မႈထမ္းစရာရွိတာကို ၿပီးဆုံးေအာင္လုပ္ခဲ့တာပါ။
ေတာင္ကိုရီးယားမွာက အရြယ္ေရာက္ၿပီး အမ်ိဳးသားတိုင္း ၂ ႏွစ္ၾကာ စစ္မႈထမ္းရပါတယ္။ ဆြန္ေဟာင္မင္ကေတာ့ ၂၀၁၈ က အာရွအားကစားၿပိဳင္ပြဲမွာ ေဘာလုံးကေန ေတာင္ကိုရီးယားအတြက္ ေရႊတံဆိပ္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့လို႔ ခၽြင္းခ်က္အေနနဲ႔ ၂ ႏွစ္အစား ၃ ပတ္ၾကာသာ စစ္မႈထမ္းခဲ့ရတာပါ။
ဆြန္ေဟာင္မင္အပါအ၀င္ စစ္သင္တန္းသားေတြဟာ မ်က္ရည္ယိုဗုံးေတြနဲ႔ စမ္းသပ္ခံခဲ့ရသလုိ ေတာင္တက္ေလ့က်င့္ခန္းေတြလည္းလုပ္ခဲ့ရၿပီး ေသနတ္ပစ္ေလ့က်င့္မႈေတြပါ ျပဳလုပ္ခဲ့ရတာပါ။ ဆြန္ေဟာင္မင္ဟာ စိတ္ပိုင္းဆုိင္ရာစစ္ေဆးမႈမွာ အမွတ္ျပည့္ ၁၀၀ ရခဲ့ၿပီး ဘာသာရပ္အားလုံးမွာ အဆင့္ေကာင္းခဲ့ကာ အဲဒီထဲမွာ ေသနတ္ပစ္ေလ့က်င့္ခန္းက ပစ္မွတ္ထိမႈမွာလည္း ၁၀ ခ်က္မွာ ၁၀ ခ်က္စလုံးမွန္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူဟာ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ဆု ၅ ဆုထဲက Pilsung ဆုိတဲ့ ဆုကို ရရွိခဲ့တာပါ။