“စစ်မှန်တဲ့ချန်ပီယံဆိုတာ ဘယ်တော့မှ အရှုံးမပေးဘူး”လို့ စီရော်နယ်လ်ဒို ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်း ဒီရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကနေ မထင်မှတ်ဘဲထွက်ခဲ့ရတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စီရော်နယ်လ်ဒိုက “စစ်မှန်တဲ့ ချန်ပီယံဆိုတာ ဘယ်တော့မှ အရှုံးမပေးဘူး”ဆိုတဲ့စကားနဲ့ သူ့အပေါ်ဝေဖန်ပြစ်တင်နေတဲ့သူတွေကို တုံ့ပြန်လိုက်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့မှာ ပေါ်တိုအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့်လည်း အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲကထွက်ခဲ့ရသလို ဒုတိယအကျော့ပွဲတုန်းက ပေါ်တိုအသင်းသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးမှာ ခံစစ်တံတိုင်းအဖြစ် Cover လုပ်နေတဲ့ စီရော်နယ်လ်ဒိုက ဘောလုံးကို ကာကွယ်ဖို့မကြိုးစားခဲ့ဘဲ နောက်ကျောလှည့်ပြီး ခုန်ခဲ့တာကြောင့် အဲဒီဖြစ်ရပ်အတွက် ဝေဖန်ခံနေရတဲ့အပြင် သူဟာ ပေါ်တိုနဲ့ကစားခဲ့တဲ့ နှစ်ပွဲစလုံးခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်း စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေသာမက အသင်းဟောင်းရီးယဲလ်ဆီ ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် အောင်မြင်မှုတွေရယူနိုင်ပေးဖို့ကိုပဲ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ Instagram မှာ လေ့ကျင့်ခန်းဆင်းနေတဲ့ဓာတ်ပုံနဲ့အတူ “ဘဝမှာ ကျရှုံးခဲ့တဲ့အကြိမ်တွေထက် ပိုပြီးအရေးပါတာက ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ အလျင်အမြန် ပြန်ရုန်းထနိုင်ဖို့ပါပဲ။ စစ်မှန်တဲ့ချန်ပီယံဆိုတာ ဘယ်တော့မှအရှုံးမပေးတတ်ပါဘူး။ အခု ကျွန်တော်တို့ဟာ ကာဂလီယာရီနဲ့ကစားမယ့် စီးရီးအေပွဲ၊ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲအပါအဝင် ဒီရာသီမှာ ဖြစ်နိုင်ခြေရှိသမျှ အောင်မြင်မှုတွေ ရယူဖို့ပဲ အာရုံစိုက်ထားပါတယ်။

အတိတ်ဆိုတာက ပြတိုက်ထဲမှာပဲ ကျန်ခဲ့ပါပြီ။ သမိုင်းကြောင်းဆိုတာ ဖျောက်ဖျက်လို့မရပေမယ့် နေ့စဉ်နေ့တိုင်းမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ အသင်းလိုက်စိတ်ဓာတ်၊ မဆုတ်မနစ်ကြိုးပမ်းမှုတွေနဲ့ ဒီထက်ပို ကြိုးစားအားထုတ်ပြီးတော့ သမိုင်းသစ်တွေ ရေးထိုးသွားဖို့လိုပါတယ်။ အဲဒီအချက်ကို နားမလည်တဲ့သူတွေအတွက်ကတော့ အောင်မြင်ကျော်ကြားမှုတွေကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူဖို့အတွက် ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိ ရယူခဲ့သူ စီရော်နယ်လ်ဒိုကို ၂၀၁၈ ခုနှစ်မှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၈)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝမှာ အေဂျက်စ် (ကွာတားဖိုင်နယ်)၊ လိုင်ယွန် (ရှုံးထွက် ၁၆ သင်းအဆင့်)၊ ပေါ်တို (ရှုံးထွက် ၁၆သင်းအဆင့်)တို့ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရတာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ သူ့အပေါ် ဝေဖန်မှုတွေကို ချေဖျက်ပြဖို့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့လိုအပ်နေပြီလို့ ပြောရမှာပဲဖြစ်ပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“စစ္မွန္တဲ့ခ်န္ပီယံဆိုတာ ဘယ္ေတာ့မွ အရႈံးမေပးဘူး”လို႔ စီေရာ္နယ္လ္ဒို ႀကဳံးဝါး

ဂ်ဴဗင္တပ္စ္အသင္း ဒီရာသီခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကေန မထင္မွတ္ဘဲထြက္ခဲ့ရတဲ့အတြက္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စီေရာ္နယ္လ္ဒိုက “စစ္မွန္တဲ့ ခ်န္ပီယံဆိုတာ ဘယ္ေတာ့မွ အရႈံးမေပးဘူး”ဆိုတဲ့စကားနဲ႔ သူ႔အေပၚေဝဖန္ျပစ္တင္ေနတဲ့သူေတြကို တုံ႔ျပန္လိုက္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့မွာ ေပၚတိုအသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္လည္း အေဝးဂိုးစည္းမ်ဥ္းအရ ၿပိဳင္ပြဲကထြက္ခဲ့ရသလို ဒုတိယအေက်ာ့ပြဲတုန္းက ေပၚတိုအသင္းသြင္းယူခဲ့တဲ့ ဖရီးကစ္ဂိုးမွာ ခံစစ္တံတိုင္းအျဖစ္ Cover လုပ္ေနတဲ့ စီေရာ္နယ္လ္ဒိုက ေဘာလုံးကို ကာကြယ္ဖို႔မႀကိဳးစားခဲ့ဘဲ ေနာက္ေက်ာလွည့္ၿပီး ခုန္ခဲ့တာေၾကာင့္ အဲဒီျဖစ္ရပ္အတြက္ ေဝဖန္ခံေနရတဲ့အျပင္ သူဟာ ေပၚတိုနဲ႔ကစားခဲ့တဲ့ ႏွစ္ပြဲစလုံးေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ အဲဒီေနာက္ပိုင္း စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းက ထြက္ခြာေတာ့မယ္ဆိုတဲ့ သတင္းေတြသာမက အသင္းေဟာင္းရီးယဲလ္ဆီ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့ စီေရာ္နယ္လ္ဒိုကေတာ့ အဲဒီသတင္းေတြကို ျငင္းဆန္ခဲ့ၿပီး ဒီရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေအာင္ျမင္မႈေတြရယူႏိုင္ေပးဖို႔ကိုပဲ အျပည့္အဝအာ႐ုံစိုက္ထားတယ္လို႔ ဆိုခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ Instagram မွာ ေလ့က်င့္ခန္းဆင္းေနတဲ့ဓာတ္ပုံနဲ႔အတူ “ဘဝမွာ က်ရႈံးခဲ့တဲ့အႀကိမ္ေတြထက္ ပိုၿပီးအေရးပါတာက ျပင္းထန္တဲ့စိတ္ဓာတ္နဲ႔ အလ်င္အျမန္ ျပန္႐ုန္းထႏိုင္ဖို႔ပါပဲ။ စစ္မွန္တဲ့ခ်န္ပီယံဆိုတာ ဘယ္ေတာ့မွအရႈံးမေပးတတ္ပါဘူး။ အခု ကြၽန္ေတာ္တို႔ဟာ ကာဂလီယာရီနဲ႔ကစားမယ့္ စီးရီးေအပြဲ၊ ကိုပါအီတာလီယာဖလားဗိုလ္လုပြဲအပါအဝင္ ဒီရာသီမွာ ျဖစ္ႏိုင္ေျခရွိသမွ် ေအာင္ျမင္မႈေတြ ရယူဖို႔ပဲ အာ႐ုံစိုက္ထားပါတယ္။ အတိတ္ဆိုတာက ျပတိုက္ထဲမွာပဲ က်န္ခဲ့ပါၿပီ။ သမိုင္းေၾကာင္းဆိုတာ ေဖ်ာက္ဖ်က္လို႔မရေပမယ့္ ေန႔စဥ္ေန႔တိုင္းမွာ အခက္အခဲေတြကို ႀကံ့ႀကံ့ခံရင္ဆိုင္ႏိုင္မႈ၊ အသင္းလိုက္စိတ္ဓာတ္၊ မဆုတ္မနစ္ႀကိဳးပမ္းမႈေတြနဲ႔ ဒီထက္ပို ႀကိဳးစားအားထုတ္ၿပီးေတာ့ သမိုင္းသစ္ေတြ ေရးထိုးသြားဖို႔လိုပါတယ္။ အဲဒီအခ်က္ကို နားမလည္တဲ့သူေတြအတြက္ကေတာ့ ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ဘယ္ေတာ့မွ ပိုင္ဆိုင္ႏိုင္မွာ မဟုတ္ပါဘူး”လို႔ ေရးသားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဖလားကို ျပန္လည္ရယူဖို႔အတြက္ ကစားသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလားကို (၅)ႀကိမ္အထိ ရယူခဲ့သူ စီေရာ္နယ္လ္ဒိုကို ၂၀၁၈ ခုႏွစ္မွာ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၈၈)သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္ကစားသမားဘဝမွာ ေအဂ်က္စ္ (ကြာတားဖိုင္နယ္)၊ လိုင္ယြန္ (ရႈံးထြက္ ၁၆ သင္းအဆင့္)၊ ေပၚတို (ရႈံးထြက္ ၁၆သင္းအဆင့္)တို႔ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ကထြက္ခဲ့ရတာေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔အေပၚ ေဝဖန္မႈေတြကို ေခ်ဖ်က္ျပဖို႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ဖို႔လိုအပ္ေနၿပီလို႔ ေျပာရမွာပဲျဖစ္ပါေတာ့တယ္ . .