စစ်တမ်းအချက်အလက်တွေအရ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို သတ်မှတ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရိသတ်တွေကြားမှာ နှစ်တော်တော်ကြာငြင်းခုံခဲ့ရတဲ့ ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား(GOAT)က ဘယ်သူလဲဆိုတဲ့မေးခွန်းအတွက် အဖြေကို နာမည်ကျော် အောက်စ်ဖို့ဒ်တက္ကသိုလ်က သင်္ချာပညာရှင် ဒေါက်တာတွမ်ခရောဖို့ဒ်က အဖြေထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒေါက်တာတွမ်ခရောဖို့ဒ်ဟာ ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာအဖြေထုတ်နိုင်ဖို့အတွက် ခေတ်တစ်ခုစီတိုင်းမှာ ဂန္ထဝင်အဖြစ်သတ်မှတ်ခံရတဲ့ကစားသမားတွေရဲ့

ကလပ်အသင်းနဲ့နိုင်ငံတကာအဆင့်မှာ စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ပြီးတော့ အယ်လ်ဂိုရစ်သမ်နည်းအရ အဖြေရှာခဲ့တာပါ။

တွမ်ခရောဖို့ဒ်ရဲ့ တွက်ချက်မှုအရ အခု မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာသူ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား(GOAT)အဖြစ် သတ်မှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ သူ့ရဲ့အဓိကပြိုင်ဘက်မက်ဆီနဲ့ ဂန္ထဝင်ကစားသမားကြီးတွေဖြစ်တဲ့ ပီလီ၊ ပွတ်ရှ်ကပ်စ်၊ ဒီစတီဖာနို၊ မာရာဒိုနာတို့ကို ကျော်ဖြတ်ပြီးတော့ GOAT အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘောလုံးပွဲဝါသနာအိုးတစ်ယောက်ဖြစ်သူ ဒေါက်တာတွမ်ခရောဖို့ဒ်က ဒီစာရင်းမှာ Ballon d’Or ဆုကို အနည်းဆုံး(၂)ကြိမ်ရတဲ့သူ ဒါမှမဟုတ် ဆုစတင်ချီးမြှင့်ခဲ့တဲ့ ၁၉၅၆ ခုနှစ်မတိုင်ခင် ဘောလုံးသမိုင်းမှာဂန္ထဝင်အဖြစ်သတ်မှတ်ခံထားရတဲ့သူတွေကိုသာ ရွေးချယ်ပြီးတော့ အချက်(၇)ချက်နဲ့ဆုံးဖြတ်ရွေးချယ်ခဲ့တာဖြစ်ပြီး

UEFA coefficient သတ်မှတ်ချက်အလိုက် လိဂ်ပြိုင်ပွဲတွေမှာ အမှတ်ပေးဖလားရယူနိုင်ခဲ့တဲ့အကြိမ်၊ နိုင်ငံတကာအဆင့်မှာ ရယူခဲ့တဲ့ဆုဖလား(ကမ္ဘာ့ဖလားရရင် အမှတ်-၁၅၀၊ ယူရို ဒါမှမဟုတ် ကိုပါအမေရိကဖလားရရင် အမှတ်-၁၀၀၊ ရွှေဖိနပ်ဆုရရင် အမှတ်ပိုပေး)၊

ကလပ်အသင်းအတွက် သွင်းဂိုးအရေအတွက်၊ နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအရေအတွက်၊ Ballon d’Or ဆုရရှိတဲ့အကြိမ်

ဒါမှမဟုတ် အဲဒီစာရင်းမှာ စုစုပေါင်းအမှတ်ရရှိမှု၊ တစ်ဦးချင်းစံချိန်မှတ်တမ်း(ဥပမာ-ကလပ် ဒါမှမဟုတ် နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံးစံချိန်၊ ပြိုင်ပွဲတစ်ခုမှာ သွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့စံချိန်)၊

ကစားသမားတစ်ဦးချင်းစီရဲ့ သွင်းဂိုးတွေနဲ့ ကိုယ့်အသင်းကို တစ်ရာသီအတွင်းမှာ အောင်မြင်မှုရအောင်ကူညီပေးနိုင်မှုစတဲ့အချက်တွေကို အခြေခံပြီးမှ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ပထမအချက်မှာ စီရော်နယ်လ်ဒိုက တခြားဂန္ထဝင်တွေထက်အပြတ်အသတ်သာနေပြီး သူဟာ ဘောလုံးသမားဘဝတစ်လျှောက် မတူညီတဲ့ကလပ်(၃)သင်းနဲ့အတူ မတူညီတဲ့အမှတ်ပေးဖလား(၇)ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

ဒုတိယအချက်မှာတော့ ကမ္ဘာ့ဖလား(၂)ကြိမ်(၁၉၉၄၊၂၀၀၂)၊ ကိုပါအမေရိကဖလား(၂)ကြိမ်ရခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးရော်နယ်လ်ဒိုက အသာရခဲ့ပြီး တတိယအချက်မှာ ကလပ်အသင်းကစားသမားဘဝတစ်လျှောက် (၆၂၉)ပွဲကစား၊ (၆၂၅)ဂိုးအထိသွင်းယူခဲ့သူ ဟန်ဂေရီဂန္ထဝင်တိုက်စစ်မှူးပွတ်ရှ်ကပ်စ်က အသာရခဲ့ပါတယ်။

နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးအချက်မှာတော့ မကြာသေးခင်ကမှ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီးတော့ (၁၁၁)ဂိုးနဲ့စံချိန်တင်ခဲ့တဲ့ စီရော်နယ်လ်ဒိုကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။

ပဥ္စမသတ်မှတ်ချက်ဖြစ်တဲ့ Ballon d’Or ဆုရရှိတဲ့အကြိမ်ဒါမှမဟုတ် စုစုပေါင်းအမှတ်ရရှိမှုအများဆုံးစာရင်းမှာတော့ ထူးထူးခြားခြား ဘရာဇီးလ်ဂန္ထဝင်ပီလီက အသာရခဲ့ပြီး

ပီလီခေတ်တုန်းက Ballon d’Or ဆု မပေးသေးပေမယ့် အဲဒီအချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်အရ Ballon d’Or ဆုအတွက်အမှတ်ရရှိမှုဖြစ်နိုင်ခြေကို တွက်ချက်ခဲ့တာပါ။

ဆဋ္ဌမသတ်မှတ်ချက်မှာတော့ ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်အပါအဝင် မတူညီတဲ့သမိုင်းဝင်စံချိန်(၅)ခုအထိပိုင်ဆိုင်ထားတဲ့ စီရော်နယ်လ်ဒိုကပဲ တခြားဂန္ထဝင်တွေထက် ခေါင်းတစ်လုံးပိုသာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအချက်မှာ ဘာစီလိုနာဂန္ထဝင်တိုက်စစ်မှူးမက်ဆီဟာ အသင်းအတွက် လာလီဂါ(၁၀)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ်အထိရယူပေးခဲ့ပေမယ့် သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုကို မကျော်နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။

အဆုံးသတ်ရပ်တည်မှုအရ စီရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒေါက်တာတွမ်ခရောဖို့ဒ်က “ကျွန်တော်ဟာ ဘောလုံးဝါသနာအိုးတစ်ယောက်ဖြစ်လို့ ဘောလုံးသမိုင်းတစ်လျှောက် ဘယ်သူအကောင်းဆုံးလဲဆိုတာ သူငယ်ချင်းတွေနဲ့အမြဲငြင်းခုံခဲ့ရပါတယ်။

ကျွန်တော့်ရဲ့တွက်ချက်မှုအရ စီရော်နယ်လ်ဒိုက အကောင်းဆုံးဖြစ်ခဲ့ပေမယ့် တခြားကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်း မယုံနိုင်လောက်စရာပါပဲ။

အခုလိုတွက်ချက်ခဲ့ပေမယ့်လည်း ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဘယ်သူလဲဆိုတဲ့ မေးခွန်းအတွက် ငြင်းခုံမှုတွေက အမြဲရှိနေဦးမှာပါ”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စစ္တမ္းအခ်က္အလက္ေတြအရ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ စီေရာ္နယ္လ္ဒို သတ္မွတ္ခံရ

ပရိသတ္ေတြၾကားမွာ ႏွစ္ေတာ္ေတာ္ၾကာျငင္းခုံခဲ့ရတဲ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမား(GOAT)က ဘယ္သူလဲဆိုတဲ့ေမးခြန္းအတြက္ အေျဖကို နာမည္ေက်ာ္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္က သခ်ၤာပညာရွင္ ေဒါက္တာတြမ္ခေရာဖို႔ဒ္က အေျဖထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ ေဒါက္တာတြမ္ခေရာဖို႔ဒ္ဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားက ဘယ္သူလဲဆိုတာအေျဖထုတ္ႏိုင္ဖို႔အတြက္ ေခတ္တစ္ခုစီတိုင္းမွာ ဂႏၴဝင္အျဖစ္သတ္မွတ္ခံရတဲ့ကစားသမားေတြရဲ႕ ကလပ္အသင္းနဲ႔ႏိုင္ငံတကာအဆင့္မွာ စြမ္းေဆာင္ရည္ေတြကို ႏႈိင္းယွဥ္ၿပီးေတာ့ အယ္လ္ဂိုရစ္သမ္နည္းအရ အေျဖရွာခဲ့တာပါ။

တြမ္ခေရာဖို႔ဒ္ရဲ႕ တြက္ခ်က္မႈအရ အခု မန္ခ်က္စတာယူႏိုက္တက္အသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိလာသူ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမား(GOAT)အျဖစ္ သတ္မွတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္မက္ဆီနဲ႔ ဂႏၴဝင္ကစားသမားႀကီးေတြျဖစ္တဲ့ ပီလီ၊ ပြတ္ရွ္ကပ္စ္၊ ဒီစတီဖာႏို၊ မာရာဒိုနာတို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ GOAT အျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

ေဘာလုံးပြဲဝါသနာအိုးတစ္ေယာက္ျဖစ္သူ ေဒါက္တာတြမ္ခေရာဖို႔ဒ္က ဒီစာရင္းမွာ Ballon d’Or ဆုကို အနည္းဆုံး(၂)ႀကိမ္ရတဲ့သူ ဒါမွမဟုတ္ ဆုစတင္ခ်ီးျမႇင့္ခဲ့တဲ့ ၁၉၅၆ ခုႏွစ္မတိုင္ခင္ ေဘာလုံးသမိုင္းမွာဂႏၴဝင္အျဖစ္သတ္မွတ္ခံထားရတဲ့သူေတြကိုသာ ေ႐ြးခ်ယ္ၿပီးေတာ့ အခ်က္(၇)ခ်က္နဲ႔ဆုံးျဖတ္ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး UEFA coefficient သတ္မွတ္ခ်က္အလိုက္ လိဂ္ၿပိဳင္ပြဲေတြမွာ အမွတ္ေပးဖလားရယူႏိုင္ခဲ့တဲ့အႀကိမ္၊ ႏိုင္ငံတကာအဆင့္မွာ ရယူခဲ့တဲ့ဆုဖလား(ကမာၻ႔ဖလားရရင္ အမွတ္-၁၅၀၊ ယူ႐ို ဒါမွမဟုတ္ ကိုပါအေမရိကဖလားရရင္ အမွတ္-၁၀၀၊ ေ႐ႊဖိနပ္ဆုရရင္ အမွတ္ပိုေပး)၊ ကလပ္အသင္းအတြက္ သြင္းဂိုးအေရအတြက္၊ ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအေရအတြက္၊ Ballon d’Or ဆုရရွိတဲ့အႀကိမ္ ဒါမွမဟုတ္ အဲဒီစာရင္းမွာ စုစုေပါင္းအမွတ္ရရွိမႈ၊ တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္း(ဥပမာ-ကလပ္ ဒါမွမဟုတ္ ႏိုင္ငံအသင္းအတြက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္၊ ၿပိဳင္ပြဲတစ္ခုမွာ သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့တဲ့စံခ်ိန္)၊ ကစားသမားတစ္ဦးခ်င္းစီရဲ႕ သြင္းဂိုးေတြနဲ႔ ကိုယ့္အသင္းကို တစ္ရာသီအတြင္းမွာ ေအာင္ျမင္မႈရေအာင္ကူညီေပးႏိုင္မႈစတဲ့အခ်က္ေတြကို အေျခခံၿပီးမွ တြက္ခ်က္ခဲ့တာျဖစ္ပါတယ္။

ပထမအခ်က္မွာ စီေရာ္နယ္လ္ဒိုက တျခားဂႏၴဝင္ေတြထက္အျပတ္အသတ္သာေနၿပီး သူဟာ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ မတူညီတဲ့ကလပ္(၃)သင္းနဲ႔အတူ မတူညီတဲ့အမွတ္ေပးဖလား(၇)ႀကိမ္အထိရယူႏိုင္ခဲ့ပါတယ္။ ဒုတိယအခ်က္မွာေတာ့ ကမာၻ႔ဖလား(၂)ႀကိမ္(၁၉၉၄၊၂၀၀၂)၊ ကိုပါအေမရိကဖလား(၂)ႀကိမ္ရခဲ့တဲ့ ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႉးေရာ္နယ္လ္ဒိုက အသာရခဲ့ၿပီး တတိယအခ်က္မွာ ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္ (၆၂၉)ပြဲကစား၊ (၆၂၅)ဂိုးအထိသြင္းယူခဲ့သူ ဟန္ေဂရီဂႏၴဝင္တိုက္စစ္မႉးပြတ္ရွ္ကပ္စ္က အသာရခဲ့ပါတယ္။

ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအခ်က္မွာေတာ့ မၾကာေသးခင္ကမွ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီကို ေက်ာ္ျဖတ္ၿပီးေတာ့ (၁၁၁)ဂိုးနဲ႔စံခ်ိန္တင္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုကို ဘယ္သူမွ မယွဥ္ႏိုင္ခဲ့ပါဘူး။ ပၪၥမသတ္မွတ္ခ်က္ျဖစ္တဲ့ Ballon d’Or ဆုရရွိတဲ့အႀကိမ္ဒါမွမဟုတ္ စုစုေပါင္းအမွတ္ရရွိမႈအမ်ားဆုံးစာရင္းမွာေတာ့ ထူးထူးျခားျခား ဘရာဇီးလ္ဂႏၴဝင္ပီလီက အသာရခဲ့ၿပီး ပီလီေခတ္တုန္းက Ballon d’Or ဆု မေပးေသးေပမယ့္ အဲဒီအခ်ိန္မွာ သူ႔ရဲ႕စြမ္းေဆာင္ရည္အရ Ballon d’Or ဆုအတြက္အမွတ္ရရွိမႈျဖစ္ႏိုင္ေျခကို တြက္ခ်က္ခဲ့တာပါ။

ဆ႒မသတ္မွတ္ခ်က္မွာေတာ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္အပါအဝင္ မတူညီတဲ့သမိုင္းဝင္စံခ်ိန္(၅)ခုအထိပိုင္ဆိုင္ထားတဲ့ စီေရာ္နယ္လ္ဒိုကပဲ တျခားဂႏၴဝင္ေတြထက္ ေခါင္းတစ္လုံးပိုသာခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးအခ်က္မွာ ဘာစီလိုနာဂႏၴဝင္တိုက္စစ္မႉးမက္ဆီဟာ အသင္းအတြက္ လာလီဂါ(၁၀)ႀကိမ္၊ ခ်န္ပီယံလိဂ္(၄)ႀကိမ္အထိရယူေပးခဲ့ေပမယ့္ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုကို မေက်ာ္ႏိုင္ဘဲ အရႈံးေပးခဲ့ရပါတယ္။

အဆုံးသတ္ရပ္တည္မႈအရ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ေဒါက္တာတြမ္ခေရာဖို႔ဒ္က “ကြၽန္ေတာ္ဟာ ေဘာလုံးဝါသနာအိုးတစ္ေယာက္ျဖစ္လို႔ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဘယ္သူအေကာင္းဆုံးလဲဆိုတာ သူငယ္ခ်င္းေတြနဲ႔အၿမဲျငင္းခုံခဲ့ရပါတယ္။ ကြၽန္ေတာ့္ရဲ႕တြက္ခ်က္မႈအရ စီေရာ္နယ္လ္ဒိုက အေကာင္းဆုံးျဖစ္ခဲ့ေပမယ့္ တျခားကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကလည္း မယုံႏိုင္ေလာက္စရာပါပဲ။ အခုလိုတြက္ခ်က္ခဲ့ေပမယ့္လည္း ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဘယ္သူလဲဆိုတဲ့ ေမးခြန္းအတြက္ ျငင္းခုံမႈေတြက အၿမဲရွိေနဦးမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။