စစ္တမ္းအရ ၂၀၁၉ အတြင္း ေလးစားအခံရဆုံးအားကစားသမားမွာ စီေရာ္နယ္ဒိုျဖစ္

photo-sportbible

photo-gettyimages

ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ ဒီႏွစ္ရဲ႕ေလးစားအခံရဆုံးအားကစားသမားျဖစ္ေနေၾကာင္း စစ္တမ္းတစ္ခုအရ သိရွိရပါတယ္။ အဲဒီစစ္တမ္းကို ၿဗိတိန္အေျခစိုက္အင္တာနက္အေျချပဳေစ်းကြက္သုေတသနနဲ႔ အခ်က္အလက္သရုပ္ခြဲတဲ့အဖြဲ႕အစည္းျဖစ္တဲ့ YouGov ကျပဳလုပ္ခဲ့တာပါ။ YouGov ဟာ ႏိုင္ငံေပါင္း ၄၁ ႏိုင္ငံက လူေပါင္း ၄၂၀၀၀ ေက်ာ္ကို စစ္တမ္းေကာက္ယူၿပီး ကမာၻေပၚမွာ ေလးစားအခံရဆုံးလူပုဂၢိဳလ္စာရင္းကို ေဖာ္ျပခဲ့တာပါ။

photo-gettyimages

အဲဒီစာရင္းမွာ Ballond’Or ၅ ဆုရွင္ စီေရာ္နယ္ဒိုဟာ အားကစားသမားေတြထဲ အျမင့္ဆုံးေနရာရပ္တည္ႏိုင္ခဲ့ၿပီး အမ်ိဳးသားစာရင္းမွာ ၃ ဆင့္တက္သြားကာ အဆင့္ ၇ ေနရာရပ္တည္ႏိုင္ခဲ့တာပါ။ သူ႔ရဲ႕အဓိကၿပိဳင္ဘက္မက္ဆီကလည္း ၿပီးခဲ့တဲ့ႏွစ္ကထက္ ႏွစ္ဆင့္တက္လာေပမယ့္ စီေရာ္နယ္ဒိုနဲ႔ႏွစ္ဆင့္ကြာၿပီး အဲဒီစာရင္းမွာ အဆင့္ ၉ ေနရာ ရပ္တည္ေနတာပါ။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ ေဘာလုံးေလာကကိုစိုးမိုးႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ဟာ အဲဒီစာရင္းမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ပုပ္ရဟန္းမင္းႀကီးဖရန္ဆစ္တုိ႔ထက္ေတာင္ ပိုၿပီးေလးစားခံရပါတယ္။

photo-yougov

၂၀၁၉ အတြင္း ကမာၻေပၚမွာေလးစားအခံရဆုံးအမ်ိဳးသားစာရင္းမွာ မိုက္ခရိုေဆာ့ဖ္သူေဌးႀကီးဘီလ္ဂိတ္က ထိပ္ဆုံးေနရာက ရပ္တည္ေနဆဲျဖစ္ၿပီး ဒုတိယေနရာမွာလည္း အေမရိကန္သမၼတေဟာင္းအိုဘားမားက ဆက္လက္ရပ္တည္ေနပါတယ္။ တတိယေနရာရွိေနသူကေတာ့ ပရိသတ္ခ်စ္ၾကတဲ့အက္ရွင္မင္းသားႀကီး ဂ်က္ကီခ်န္းပါ။အမ်ိဳးသမီးစာရင္းမွာေတာ့ အုိဘားမားရဲ႕ဇနီးျဖစ္သူမီခ်ယ္အုိဘားမားက ထိပ္ဆုံးေရာက္လာခဲ့ကာ နာမည္ႀကီးေဟာလီး၀ုဒ္သရုပ္ေဆာင္အိန္ဂ်လီနာဂ်ိဳလီကေတာ့ တတိယေနရာဆင္းေပးလုိက္ရတယ္။

[Unicode]

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ဒီနှစ်ရဲ့လေးစားအခံရဆုံးအားကစားသမားဖြစ်နေကြောင်း စစ်တမ်းတစ်ခုအရ သိရှိရပါတယ်။ အဲဒီစစ်တမ်းကို ဗြိတိန်အခြေစိုက်အင်တာနက်အခြေပြုဈေးကွက်သုတေသနနဲ့ အချက်အလက်သရုပ်ခွဲတဲ့အဖွဲ့အစည်းဖြစ်တဲ့ YouGov ကပြုလုပ်ခဲ့တာပါ။ YouGov ဟာ နိုင်ငံပေါင်း ၄၁ နိုင်ငံက လူပေါင်း ၄၂၀၀၀ ကျော်ကို စစ်တမ်းကောက်ယူပြီး ကမ္ဘာပေါ်မှာ လေးစားအခံရဆုံးလူပုဂ္ဂိုလ်စာရင်းကို ဖော်ပြခဲ့တာပါ။

အဲဒီစာရင်းမှာ Ballond’Or ၅ ဆုရှင် စီရော်နယ်ဒိုဟာ အားကစားသမားတွေထဲ အမြင့်ဆုံးနေရာရပ်တည်နိုင်ခဲ့ပြီး အမျိုးသားစာရင်းမှာ ၃ ဆင့်တက်သွားကာ အဆင့် ၇ နေရာရပ်တည်နိုင်ခဲ့တာပါ။ သူ့ရဲ့အဓိကပြိုင်ဘက်မက်ဆီကလည်း ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆင့်တက်လာပေမယ့် စီရော်နယ်ဒိုနဲ့နှစ်ဆင့်ကွာပြီး အဲဒီစာရင်းမှာ အဆင့် ၉ နေရာ ရပ်တည်နေတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဘောလုံးလောကကိုစိုးမိုးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ အဲဒီစာရင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်တို့ထက်တောင် ပိုပြီးလေးစားခံရပါတယ်။

၂၀၁၉ အတွင်း ကမ္ဘာပေါ်မှာလေးစားအခံရဆုံးအမျိုးသားစာရင်းမှာ မိုက်ခရိုဆော့ဖ်သူဌေးကြီးဘီလ်ဂိတ်က ထိပ်ဆုံးနေရာက ရပ်တည်နေဆဲဖြစ်ပြီး ဒုတိယနေရာမှာလည်း အမေရိကန်သမ္မတဟောင်းအိုဘားမားက ဆက်လက်ရပ်တည်နေပါတယ်။ တတိယနေရာရှိနေသူကတော့ ပရိသတ်ချစ်ကြတဲ့အက်ရှင်မင်းသားကြီး ဂျက်ကီချန်းပါ။အမျိုးသမီးစာရင်းမှာတော့ အိုဘားမားရဲ့ဇနီးဖြစ်သူမီချယ်အိုဘားမားက ထိပ်ဆုံးရောက်လာခဲ့ကာ နာမည်ကြီးဟောလီးဝုဒ်သရုပ်ဆောင်အိန်ဂျလီနာဂျိုလီကတော့ တတိယနေရာဆင်းပေးလိုက်ရတယ်။