စစ္တမ္းအရ ရီးရဲလ္ပရိသတ္အမ်ားစုရဲ႕အလုိရွိျခင္းမခံရျဖစ္ေနတဲ့ေနမာ

photo-gettyimages

photo-gettyimages

ဒီရက္ပိုင္းထဲမွာ ေနမာရဲ႕အေျပာင္းအေရႊ႕အတြက္ ပီအက္စ္ဂ်ီနဲ႔ရီးရဲလ္မက္ဒရစ္တုိ႔ ေဆြးေႏြးေနၾကတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာပါတယ္။ ဒါေၾကာင့္လည္း ရီးရဲလ္ကို ေနမာေရာက္ေတာ့မလားဆိုတဲ့အသံေတြက ပိုၿပီးက်ယ္ေလာင္လာပါတယ္။ ဒီအခ်ိန္မွာ မက္ဒရစ္အေျခစိုက္နာမည္ႀကီးစပိန္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ AS က ေနမာနဲ႔ပတ္သက္ၿပီး ရီးရဲလ္ပရိသတ္ေတြအတြက္ အြန္လိုင္းေပၚမွာ စစ္တမ္းတစ္ခုလုပ္ခဲ့ပါတယ္။

photo-gettyimages

ေနမာကို ရီးရဲလ္မွာ အလိုရွိသလား၊ မရွိသလားဆိုတာအတြက္ အြန္လုိင္း Voting တစ္ခုလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီအြန္လိုင္း Voting ကို ရီးရဲလ္ပရိသတ္ ၁၅၀၀၀၀ နီးပါး ၀င္ေရာက္ဆင္ႏႊဲခဲ့ၾကပါတယ္။ အဲဒီမွာ ၆၀ ရာခုိင္ႏႈန္းက ေနမာကို ရီးရဲလ္မွာ အလိုမရွိဘူးလို႔ဆႏၵေဖာ္ျပခဲ့ၾကပါတယ္။ အဲဒီထဲမွာ တခ်ိဳ႕က သူ႔ရဲ႕ကြင္းျပင္ေနထိုင္ပုံ၊ႀကီးျမင့္လွတဲ့ေစး်ႏႈန္းနဲ႔ ဒဏ္ရာျပသနာေတြကို အေၾကာင္းျပၿပီး အလုိမရွိၾကတာပါ။

photo-gettyimages

ဒါေပမဲ့လည္း ဆႏၵမဲေပးတဲ့ ၄၀ ရာခုိင္ႏႈန္းေလာက္ကေတာ့ ရီးရဲလ္ကို ေနမာေရာက္လာႏိုင္တဲ့အေပၚ ႀကိဳဆိုခဲ့ၾကပါတယ္။ သူတို႔ရဲ႕အဓိကအေၾကာင္းျပခ်က္ကေတာ့ ေနမာ၊ဟာဇတ္နဲ႔ဘင္ဇီမာတို႔ ၃ ေယာက္တြဲတုိက္စစ္နဲ႔ဆုိရင္ ဘာစီလိုနာကိုယွဥ္ႏိုင္မယ္လုိ႔ ယူဆေနၾကတာပါ။ ေလာေလာဆယ္ေတာ့ ၂၇ ႏွစ္အရြယ္ အဲဒီးဘရာဇီးၾကယ္ပြင့္ဟာ ပီအက္စ္ဂ်ီကေနထြက္ခြာခ်င္ေနၿပီး ရီးရဲလ္ကလည္း အေျပာင္းအေရႊ႕မပိတ္ခင္မွာ ေနာက္ထပ္ၾကယ္စင္စုကစားသမားတစ္ေယာက္ေလာက္ ထပ္မံေခၚယူခ်င္ေနပါတယ္။

[Unicode]

ဒီရက်ပိုင်းထဲမှာ နေမာရဲ့အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနဲ့ရီးရဲလ်မက်ဒရစ်တို့ ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်ကို နေမာရောက်တော့မလားဆိုတဲ့အသံတွေက ပိုပြီးကျယ်လောင်လာပါတယ်။ ဒီအချိန်မှာ မက်ဒရစ်အခြေစိုက်နာမည်ကြီးစပိန်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ AS က နေမာနဲ့ပတ်သက်ပြီး ရီးရဲလ်ပရိသတ်တွေအတွက် အွန်လိုင်းပေါ်မှာ စစ်တမ်းတစ်ခုလုပ်ခဲ့ပါတယ်။

နေမာကို ရီးရဲလ်မှာ အလိုရှိသလား၊ မရှိသလားဆိုတာအတွက် အွန်လိုင်း Voting တစ်ခုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအွန်လိုင်း Voting ကို ရီးရဲလ်ပရိသတ် ၁၅၀၀၀၀ နီးပါး ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီမှာ ၆၀ ရာခိုင်နှုန်းက နေမာကို ရီးရဲလ်မှာ အလိုမရှိဘူးလို့ဆန္ဒဖော်ပြခဲ့ကြပါတယ်။ အဲဒီထဲမှာ တချို့က သူ့ရဲ့ကွင်းပြင်နေထိုင်ပုံ၊ကြီးမြင့်လှတဲ့စေးျနှုန်းနဲ့ ဒဏ်ရာပြသနာတွေကို အကြောင်းပြပြီး အလိုမရှိကြတာပါ။

ဒါပေမဲ့လည်း ဆန္ဒမဲပေးတဲ့ ၄၀ ရာခိုင်နှုန်းလောက်ကတော့ ရီးရဲလ်ကို နေမာရောက်လာနိုင်တဲ့အပေါ် ကြိုဆိုခဲ့ကြပါတယ်။ သူတို့ရဲ့အဓိကအကြောင်းပြချက်ကတော့ နေမာ၊ဟာဇတ်နဲ့ဘင်ဇီမာတို့ ၃ ယောက်တွဲတိုက်စစ်နဲ့ဆိုရင် ဘာစီလိုနာကိုယှဉ်နိုင်မယ်လို့ ယူဆနေကြတာပါ။ လောလောဆယ်တော့ ၂၇ နှစ်အရွယ် အဲဒီးဘရာဇီးကြယ်ပွင့်ဟာ ပီအက်စ်ဂျီကနေထွက်ခွာချင်နေပြီး ရီးရဲလ်ကလည်း အပြောင်းအရွှေ့မပိတ်ခင်မှာ နောက်ထပ်ကြယ်စင်စုကစားသမားတစ်ယောက်လောက် ထပ်မံခေါ်ယူချင်နေပါတယ်။