စင်ကာပူမှာ မာနီတို့နဲ့ရင်ဆိုင်ပြီး ဘရာဇီးအတွက် ပွဲရာပြည့်တော့မယ့် နေမာ

photo-brazil football federation

photo-reuters

တိုက်စစ်မှုးနေမာဟာ ဒီကနေ့ည စင်ကာပူမှာကစားမယ့် ဆီနီဂေါနဲ့ ခြေစမ်းပွဲစဉ်မှာ ဘရာဇီးအတွက် ပွဲရာပြည့်မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘရာဇီးအတွက် ပွဲရာပြည့်မယ့် ၇ ယောက်မြောက်ကစားသမားဖြစ်လာတော့မှာပါ။ ခြေစမ်းပွဲဆိုပေမယ့်လည်း ဘရာဇီးနည်းပြတစ်တီဟာ တောင့်တင်းတဲ့လူစာရင်းကိုရွေးချယ်ထားတာဖြစ်ပြီး မန်စီးတီးက အီဒါဆန်နဲ့ဂျီးဆပ်တို့အပြင် လီဗာပူးက ဖာမီနိုလည်း ပါဝင်ပါတယ်။

photo-gettyimages

အသက် ၂၇ နှစ်အရွယ် နေမာဟာ ဘရာဇီးအတွက် ၉၉ ပွဲမှာ ၆၁ ဂိုးသွင်းယူထားတာပါ။ ဒါကြောင့် ဘရာဇီးအသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူစာရင်းမှာ သူဟာ ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်သူ ရိုမာရီယိုနဲ့ တစ်ဂိုးသာကွာပြီး ဂိုးအများဆုံးသွင်းသူပီလီနဲ့ ၁၆  ဂိုးသာကွာပါတယ်။ ဒါကြောင့် ပီလီရဲ့စံချိန်ကိုချိုးပြီး ဘရာဇီးရဲ့ဂိုးအများဆုံးသွင်းသူဖြစ်လာဖို့ကတော့ အလှမ်းမဝေးတော့ပါဘူး။ ဒါပေမဲ့ ဘရာဇီးအတွက် နေမာကစားခဲ့တဲ့ ၉၉ ပွဲမှာ ပွဲ ၆၀ က ခြေစမ်းပွဲတွေချည်းဖြစ်နေတယ်။ ဒါ့အပြင် နေမာဟာ ပီလီလို ကမ္ဘာ့ဖလားအောင်မြင်မှုရယူနိုင်ခြင်းမရှိသေးဘဲ ဘရာဇီးနဲ့ရခဲ့တာဆိုလို့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားမှာ ဗိုလ်စွဲတာနဲ့ ၂၀၁၆ အိုလံပစ်မှာ ရွှေတံဆိပ်ရတာပဲ ရှိပါတယ်။

photo-gettyimages

ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးအသင်းဗိုလ်စွဲခဲ့ပေမယ့် ဒဏ်ရာကြောင့် နေမာပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ နေမာဟာ ဘရာဇီးရဲ့အဓိကအစိတ်အပိုင်းဖြစ်နေဆဲလို့ နည်းပြတစ်တီက ပြောထားပါတယ်။ စင်ကာပူမှာ နေမာတို့နဲ့ရင်ဆိုင်ရမယ့် ဆီနီဂေါဟာ ဒီနှစ်အာဖရိကနိုင်ငံများဖလားမှာ ဗိုလ်လုပွဲရောက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဘရာဇီးလိုပဲ ဒီခြေစမ်းပွဲအတွက် လူစုံရွေးထားပြီး လီဗာပူးက မာနီနဲ့ နာပိုလီက ကူလီဘာလီတို့လည်း ပါဝင်ပါတယ်။

[Zawgyi]

စင္ကာပူမွာ မာနီတို႔နဲ႔ရင္ဆိုင္ၿပီး ဘရာဇီးအတြက္ ပြဲရာျပည့္ေတာ့မယ့္ ေနမာ

တိုက္စစ္မႈးေနမာဟာ ဒီကေန႔ည စင္ကာပူမွာကစားမယ့္ ဆီနီေဂါနဲ႔ ေျခစမး္ပြဲစဥ္မွာ ဘရာဇီးအတြက္ ပြဲရာျပည့္မွာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဘရာဇီးအတြက္ ပြဲရာျပည့္မယ့္ ၇ ေယာက္ေျမာက္ကစားသမားျဖစ္လာေတာ့မွာပါ။ ေျခစမ္းပြဲဆုိေပမယ့္လည္း ဘရာဇီးနည္းျပတစ္တီဟာ ေတာင့္တင္းတဲ့လူစာရင္းကိုေရြးခ်ယ္ထားတာျဖစ္ၿပီး မန္စီးတီးက အီဒါဆန္နဲ႔ဂ်ီးဆပ္တို႔အျပင္ လီဗာပူးက ဖာမီႏုိလညး္ ပါ၀င္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ေနမာဟာ ဘရာဇီးအတြက္ ၉၉ ပြဲမွာ ၆၁ ဂုိးသြငး္ယူထားတာပါ။ ဒါေၾကာင့္ ဘရာဇီးအသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ သူဟာ ဂႏၳ၀င္ကစားသမားတစ္ေယာက္ျဖစ္သူ ရိုမာရီယုိနဲ႔ တစ္ဂိုးသာကြာၿပီး ဂိုးအမ်ားဆုံးသြင္းသူပီလီနဲ႔ ၁၆  ဂိုးသာကြာပါတယ္။ ဒါေၾကာင့္ ပီလီရဲ႕စံခ်ိန္ကိုခ်ိဳးၿပီး ဘရာဇီးရဲ႕ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာဖုိ႔ကေတာ့ အလွမ္းမေ၀းေတာ့ပါဘူး။ ဒါေပမဲ့ ဘရာဇီးအတြက္ ေနမာကစားခဲ့တဲ့ ၉၉ ပြဲမွာ ပြဲ ၆၀ က ေျခစမ္းပြဲေတြခ်ည္းျဖစ္ေနတယ္။ ဒါ့အျပင္ ေနမာဟာ ပီလီလုိ ကမာၻ႔ဖလားေအာင္ျမင္မႈရယူႏိုင္ျခင္းမရိွေသးဘဲ ဘရာဇီးနဲ႔ရခဲ့တာဆုိလို႔ ၂၀၁၃ ကြန္ဖက္ဒေရးရွင္းဖလားမွာ ဗုိလ္စြဲတာနဲ႔ ၂၀၁၆ အုိလံပစ္မွာ ေရႊတံဆိပ္ရတာပဲ ရွိပါတယ္။

ဒီႏွစ္ကိုပါအေမရိကၿပိဳင္ပြဲမွာ ဘရာဇီးအသင္းဗိုလ္စြဲခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ ေနမာပါ၀င္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါေပမဲ့ ေနမာဟာ ဘရာဇီးရဲ႕အဓိကအစိတ္အပိုင္းျဖစ္ေနဆဲလို႔ နည္းျပတစ္တီက ေျပာထားပါတယ္။ စင္ကာပူမွာ ေနမာတို႔နဲ႔ရင္ဆုိင္ရမယ့္ ဆီနီေဂါဟာ ဒီႏွစ္အာဖရိကႏိုင္ငံမ်ားဖလားမွာ ဗိုလ္လုပြဲေရာက္ခဲ့တဲ့အသင္းျဖစ္ပါတယ္။ ဘရာဇီးလုိပဲ ဒီေျခစမ္းပြဲအတြက္ လူစုံေရြးထားၿပီး လီဗာပူးက မာနီနဲ႔ နာပုိလီက ကူလီဘာလီတို႔လည္း ပါ၀င္ပါတယ္။