စက်တင်ဘာလအတွက် အကောင်းဆုံးဆုတွေကို အူဘာမီယန်းနဲ့ ကလော့ပ်တို့ ဆွတ်ခူး

Photo Credit

Photo Credit

စက်တင်ဘာလအတွက် တစ်လတာ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများထွက်ပေါ်လာပြီဖြစ်ရာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့ လီဗာပူးနည်းပြ ကလော့ပ်တို့က အကောင်းဆုံးဆုများ အသီးသီးရရှိခဲ့ပါတယ်။

Photo Credit

အူဘာမီယန်ဟာ စက်တင်ဘာလအတွင်း ၄ပွဲကစားခဲ့ရာမှာ ၅ဂိုးယူခဲ့ပြီး ဆန်ခါတင် ၈ဦးစာရင်းကနေ ပရိသတ်တွေ၊ ပြိုင်ပွဲဝင် အသင်း၂၀က အသင်းခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်သူတွေပါဝင်တဲ့ ပရီးမီးယားလိဂ်အဖွဲ့တို့က စုပေါင်းရွေးချယ်ခဲ့တာပါ။

Photo Credit

စက်တင်ဘာလအတွင်း သွင်းယူခဲ့တဲ့ အူဘာမီယန်းရဲ့သွင်းဂိုးတွေက အာဆင်နယ်အတွက် ၅ မှတ်အထိတန်ဖိုးကြီးမားခဲ့ပြီး ဝက်ဖို့ဒ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ၂ဂိုးစလုံးသွင်းယူခဲ့သလို တော့တင်ဟမ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဒုတိယမြောက်ချေပဂိုး၊ ယူနိုက်တက်နဲ့ပွဲမှာ ချေပဂိုးနဲ့ ဗီလာဘက်ကို အနိုင်ဂိုးတွေအသီးသီးယူနိုင်ခဲ့ပါတယ်။

Photo Credit

အသက် ၃၀အရွယ်ရှိ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး ယခုရာသီမှာလည်း ပွဲစဉ် ၈အပြီး ၇ဂိုးအထိ သွင်းယူထားနိုင်ရာ သူ့ထက် သွင်းဂိုးပိုများသူဆိုလို့ ၈ဂိုးစီအသီးသီးသွင်းယူထားတဲ့ စီးတီးတိုက်စစ်မှူး အဂွဲရိုးနဲ့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်တို့ပဲ ရှိပါတယ်။

Photo Credit

သူဟာ ကစားသမားဘဝတစ်လျှောက် တစ်လတာအကောင်းဆုံးဆုကို ဒုတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၈ အောက်တိုဘာလက ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းကို စက်တင်ဘာလမှာလည်း ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ကလော့ပ်က အကောင်းဆုံးနည်းပြဆုရရှိခဲ့ပါတယ်။

Photo Credit

သြဂုတ်လကလည်း အကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ကလော့ပ်ဟာ စက်တင်ဘာလအတွင်း နယူးကာဆယ်ကို အိမ်ကွင်း၊ ချဲလ်ဆီးနဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ကိုအဝေးကွင်းမှာ အသီးသီးအနိုင်ရရှိခဲ့ပြီး ဘုန်းမောက်နည်းပြအက်ဒီဟိုဝီ၊ ချဲလ်ဆီးနည်းပြ လမ်းပတ်နဲ့ လက်စတာအသင်းနည်းပြ ရော့ဂျာတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

Photo Credit

ကလော့ပ်အတွက် ၅ကြိမ်မြောက် တစ်လတာအကောင်းဆုံးနည်းပြဆုဖြစ်လာပြီး ယခင်ကလည်း ၂၀၁၆စက်တင်ဘာ၊ ၂၀၁၈ ဒီဇင်ဘာ၊ ၂၀၁၉ မတ်နဲ့ ၂၀၁၉ သြဂုတ်လတွေမှာ အဆိုပါဆုတွေအသီးသီးရရှိခဲ့ပါတယ်။

Photo Credit

Zawgyi

စက္တင္ဘာလအတြက္ အေကာင္းဆုံးဆုေတြကို အူဘာမီယန္းနဲ႔ ကေလာ့ပ္တို႔ ဆြတ္ခူး

စက္တင္ဘာလအတြက္ တစ္လတာ ပရီးမီးယားလိဂ္အေကာင္းဆုံးဆုမ်ားထြက္ေပၚလာၿပီျဖစ္ရာ အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္းနဲ႔ လီဗာပူးနည္းျပ ကေလာ့ပ္တို႔က အေကာင္းဆုံးဆုမ်ား အသီးသီးရရွိခဲ့ပါတယ္။
အူဘာမီယန္ဟာ စက္တင္ဘာလအတြင္း ၄ပဲြကစားခဲ့ရာမွာ ၅ဂိုးယူခဲ့ၿပီး ဆန္ခါတင္ ၈ဦးစာရင္းကေန ပရိသတ္ေတြ၊ ၿပိဳင္ပြဲ၀င္ အသင္း၂၀က အသင္းေခါင္းေဆာင္ေတြနဲ႔ ကၽြမ္းက်င္သူေတြပါ၀င္တဲ့ ပရီးမီးယားလိဂ္အဖြဲ႕တုိ႔က စုေပါင္းေရြးခ်ယ္ခဲ့တာပါ။
စက္တင္ဘာလအတြင္း သြင္းယူခဲ့တဲ့ အူဘာမီယန္းရဲ႕သြင္းဂိုးေတြက အာဆင္နယ္အတြက္ ၅ မွတ္အထိတန္ဖိုးႀကီးမားခဲ့ၿပီး ၀က္ဖို႔ဒ္နဲ႔ ၂-၂ ဂုိးသေရက်ခဲ့တဲ့ပြဲမွာ ၂ဂိုးစလုံးသြင္းယူခဲ့သလုိ ေတာ့တင္ဟမ္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ဒုတိယေျမာက္ေခ်ပဂိုး၊ ယူႏုိက္တက္နဲ႔ပြဲမွာ ေခ်ပဂိုးနဲ႔ ဗီလာဘက္ကို အႏိုင္ဂိုးေတြအသီးသီးယူႏိုင္ခဲ့ပါတယ္။
အသက္ ၃၀အရြယ္ရွိ အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ပူးတြဲဂိုးသြင္းဘုရင္ျဖစ္ခဲ့ၿပီး ယခုရာသီမွာလည္း ပြဲစဥ္ ၈အၿပီး ၇ဂိုးအထိ သြင္းယူထားႏိုင္ရာ သူ႕ထက္ သြင္းဂိုးပိုမ်ားသူဆုိလုိ႔ ၈ဂိုးစီအသီးသီးသြင္းယူထားတဲ့ စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုးနဲ႔ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္တုိ႔ပဲ ရွိပါတယ္။
သူဟာ ကစားသမားဘ၀တစ္ေလွ်ာက္ တစ္လတာအေကာင္းဆုံးဆုကို ဒုတိယအႀကိမ္ေျမာက္ရရိွခဲ့တာျဖစ္ၿပီး ၂၀၁၈ ေအာက္တိုဘာလက ပထမဆုံးအႀကိမ္ရရွိခဲ့ပါတယ္။ လီဗာပူးအသင္းကို စက္တင္ဘာလမွာလည္း ရာႏႈန္းျပည့္ႏိုင္ပဲြရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့တဲ့ ကေလာ့ပ္က အေကာင္းဆုံးနည္းျပဆုရရွိခဲ့ပါတယ္။
ၾသဂုတ္လကလည္း အေကာင္းဆုံးနည္းျပဆုရရွိခဲ့တဲ့ကေလာ့ပ္ဟာ စက္တင္ဘာလအတြင္း နယူးကာဆယ္ကို အိမ္ကြင္း၊ ခ်ဲလ္ဆီးနဲ႔ ရွက္ဖီးလ္ယူႏုိက္တက္တုိ႔ကိုအေ၀းကြင္းမွာ အသီးသီးအႏိုင္ရရွိခဲ့ၿပီး ဘုန္းေမာက္နည္းျပအက္ဒီဟုိ၀ီ၊ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္နဲ႔ လက္စတာအသင္းနည္းျပ ေရာ့ဂ်ာတုိ႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
ကေလာ့ပ္အတြက္ ၅ႀကိမ္ေျမာက္ တစ္လတာအေကာင္းဆုံးနည္းျပဆုျဖစ္လာၿပီး ယခင္ကလည္း ၂၀၁၆စက္တင္ဘာ၊ ၂၀၁၈ ဒီဇင္ဘာ၊ ၂၀၁၉ မတ္နဲ႔ ၂၀၁၉ ၾသဂုတ္လေတြမွာ အဆုိပါဆုေတြအသီးသီးရရွိခဲ့ပါတယ္။