စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေကို စီရော်နယ်လ်ဒိုနဲ့အာတီတာဆွတ်ခူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းဟောင်းယူနိုက်တက်ဆီတစ်ကျော့ပြန်ရောက်ရှိခဲ့တာဖြစ်ပြီး လပိုင်းအကြာမှာပဲ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို ပထမဆုံးပွဲထွက်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့သလို တစ်ပတ်အကြာ ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း စီရော်နယ်လ်ဒိုက အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စက်တင်ဘာလပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် စီရော်နယ်လ်ဒိုနဲ့အတူ ကန်ဆယ်လို၊ ရူဒီဂါ၊ စိန့်မက်ဆီမင်၊ ဆာလာတို့ကအပြိုင်ဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒိုက ပြိုင်ဘက်ကစားသမားတွေကိုကျော်ဖြတ်ပြီးတော့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်အထိရရှိခဲ့ပြီး ဒါက စီရော်နယ်လ်ဒိုအတွက် (၅)ကြိမ်မြောက်အကောင်းဆုံးဆုဖြစ်သလို ၂၀၀၈၊ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ပြန်လည်ဆွတ်ခူးခဲ့တာပါ။

စီရော်နယ်လ်ဒိုအနေနဲ့ ဒီဆုကို (၁၃)နှစ်အကြာမှာ ပြန်လည်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်လတာအကောင်းဆုံးကစားသမားဆုကို နှစ်အကြာကြီးနေမှ ဆွတ်ခူးနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါပြီ။

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရယူနိုင်ခဲ့တာက မန်စီးတီးနာမည်ကျော်တိုက်စစ်မှူးဟောင်းအဂွဲရိုးဖြစ်ပြီး (၇)ကြိမ်နဲ့စံချိန်တင်ထားတာကြောင့် စီရော်နယ်လ်ဒိုဟာ အဲဒီအရေအတွက်ကို အမီလိုက်နိုင်ဖို့ နောက်ထပ်(၂)ကြိမ်သာလိုပါတော့တယ်။

ဒ့ါအပြင် စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ဗီလာရီးယဲလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တာအပါအဝင် ပြိုင်ပွဲစုံ(၅)ပွဲကစား၊ (၅)ဂိုးအထိသွင်းယူခဲ့တာကြောင့် မကြာသေးခင်ကမှ ယူနိုက်တက်အသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကိုတော့ အာဆင်နယ်အသင်းနဲ့အတူ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တဲ့ အာတီတာက ဆွတ်ခူးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီအစပိုင်းမှာ ပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အခြေအနေဆိုးရွားခဲ့ပေမယ့် စက်တင်ဘာလအတွင်းကစားခဲ့တဲ့ နောဝစ်ချ်၊ ဘန်လေ၊ စပါးအသင်းတို့နဲ့ပွဲတွေကို ဆက်တိုက်အနိုင်ယူခဲ့တာကြောင့်

အာတီတာဟာ နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်တို့ကိုကျော်ဖြတ်ပြီးတော့ တစ်လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုဟာ အာတီတာရဲ့နည်းပြဘဝ ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ဆုဖြစ်ပြီး ၂၀၁၅ ၊ အောက်တိုဘာလမှာ ဆုရရှိခဲ့တဲ့ ဂန္ထဝင်နည်းပြကြီးအာစင်ဝင်းဂါးနောက်ပိုင်း (၆)နှစ်အကြာမှာ တစ်လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ပထမဆုံးအာဆင်နယ်နည်းပြလည်းဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးဆုေတြကို စီေရာ္နယ္လ္ဒိုနဲ႔အာတီတာဆြတ္ခူး

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ၿပီျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ အသင္းေဟာင္းယူႏိုက္တက္ဆီတစ္ေက်ာ့ျပန္ေရာက္ရွိခဲ့တာျဖစ္ၿပီး လပိုင္းအၾကာမွာပဲ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့တာပါ။ နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒို ပထမဆုံးပြဲထြက္ကစားခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့သလို တစ္ပတ္အၾကာ ဝက္စ္ဟမ္းအသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း စီေရာ္နယ္လ္ဒိုက အသင္းအတြက္ တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

စက္တင္ဘာလပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုအတြက္ စီေရာ္နယ္လ္ဒိုနဲ႔အတူ ကန္ဆယ္လို၊ ႐ူဒီဂါ၊ စိန႔္မက္ဆီမင္၊ ဆာလာတို႔ကအၿပိဳင္ျဖစ္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုက ၿပိဳင္ဘက္ကစားသမားေတြကိုေက်ာ္ျဖတ္ၿပီးေတာ့ ဆုရရွိခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို (၄)ႀကိမ္အထိရရွိခဲ့ၿပီး ဒါက စီေရာ္နယ္လ္ဒိုအတြက္ (၅)ႀကိမ္ေျမာက္အေကာင္းဆုံးဆုျဖစ္သလို ၂၀၀၈၊ မတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုကို ျပန္လည္ဆြတ္ခူးခဲ့တာပါ။

စီေရာ္နယ္လ္ဒိုအေနနဲ႔ ဒီဆုကို (၁၃)ႏွစ္အၾကာမွာ ျပန္လည္ရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ႏွစ္အၾကာႀကီးေနမွ ဆြတ္ခူးႏိုင္ခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္ပါ စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးကစားသမားဆုကို အႀကိမ္အမ်ားဆုံးရယူႏိုင္ခဲ့တာက မန္စီးတီးနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းအဂြဲ႐ိုးျဖစ္ၿပီး (၇)ႀကိမ္နဲ႔စံခ်ိန္တင္ထားတာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ အဲဒီအေရအတြက္ကို အမီလိုက္ႏိုင္ဖို႔ ေနာက္ထပ္(၂)ႀကိမ္သာလိုပါေတာ့တယ္။

ဒ့ါအျပင္ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့စက္တင္ဘာလအတြင္း ဗီလာရီးယဲလ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ အႏိုင္ဂိုးသြင္းယူခဲ့တာအပါအဝင္ ၿပိဳင္ပြဲစုံ(၅)ပြဲကစား၊ (၅)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ မၾကာေသးခင္ကမွ ယူႏိုက္တက္အသင္းရဲ႕တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါေသးတယ္။ စက္တင္ဘာလအတြက္ အေကာင္းဆုံးနည္းျပဆုကိုေတာ့ အာဆင္နယ္အသင္းနဲ႔အတူ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့တဲ့ အာတီတာက ဆြတ္ခူးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ရာသီအစပိုင္းမွာ ပရီးမီးယားလိဂ္(၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီး အေျခအေနဆိုး႐ြားခဲ့ေပမယ့္ စက္တင္ဘာလအတြင္းကစားခဲ့တဲ့ ေနာဝစ္ခ်္၊ ဘန္ေလ၊ စပါးအသင္းတို႔နဲ႔ပြဲေတြကို ဆက္တိုက္အႏိုင္ယူခဲ့တာေၾကာင့္ အာတီတာဟာ နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့ ဂြါဒီယိုလာ၊ ယာဂန္ကေလာ့ပ္တို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့ တစ္လတာအေကာင္းဆုံးနည္းျပဆုရရွိခဲ့တာျဖစ္ပါတယ္။ ဒီဆုဟာ အာတီတာရဲ႕နည္းျပဘဝ ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့ဆုျဖစ္ၿပီး ၂၀၁၅ ၊ ေအာက္တိုဘာလမွာ ဆုရရွိခဲ့တဲ့ ဂႏၴဝင္နည္းျပႀကီးအာစင္ဝင္းဂါးေနာက္ပိုင္း (၆)ႏွစ္အၾကာမွာ တစ္လတာအေကာင္းဆုံးနည္းျပဆုရရွိခဲ့တဲ့ ပထမဆုံးအာဆင္နယ္နည္းျပလည္းျဖစ္ခဲ့ပါတယ္။